Media
တရုတ်နိုင်ငံက ကာဇက်စတန်တွင် အာရှအလယ်ပိုင်းဒေသ ၏အကြီးဆုံးလေစွမ်းအင်ထုတ်လုပ်ငန်း တည်ဆောက် ပြီးစီး
နာဆူလ်တန်၊ ဇွန် ၂၂ရက် (ဆင်ဟွာ)
COVID-19 ကပ်ရောဂါများဖြစ်ပွားနေသော်လည်း အာရှအလယ်ပိုင်းဒေသတွင်အကြီးဆုံးဖြစ်သည့် လေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းကို တရုတ်နိုင်ငံက ကာဇက်စတန်နိုင်ငံတောင်ပိုင်းတွင် အပြီးတည်ဆောက်ခဲ့ကြောင်းသိရသည်။
အမေရိကန်ဒေါ်လာသန်း ၁၅၀ ရင်းနှီးမြှုပ်နှံ ထားသည့် အဆိုပါ လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းကို Zhambly ဒေသရှိ မတ်စောက်သောတောင်ပတ်လည်ဝန်းရံနေသည့်ဒေသတွင်တည်ဆောက်ထားသည်။
လေဒလက်ကြီး အစင်း ၄၀ ဖြင့် တည်ဆောက်ထားသော လေစွမ်းအင်ထုတ်လုပ်ရေးစက်ရုံမှ လျှပ်စစ်ဓါတ်အား ၁၀၀ မဂ္ဂါဝပ်အထိထွက်ရှိမည်ဖြစ်ရာ ကာဇက်စတန်နိုင်ငံရှိပြည်သူ ၁သန်းခန့်အား သန့်စင်သည့်စွမ်းအင်များ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။
လေဒလက်ကြီးတစ်ခု၏ အလေးချိန်မှာတန် ၃၀၀ ကျော်ရှိပြီး အမြင့်မှာ မီတာ ၁၅၀ ကျော်ရှိသည်။ အဆိုပါလေအားလျှပ်စစ်ထုတ်လုပ်ရေး စက်ရုံ မှ စွမ်းအင်ထောက်ပံ့မှုကြောင့် ကာဇက်စတန်နိုင်ငံတွင် နှစ်စဉ် ကာဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်မှု ၃သိန်းနီးပါးလျှော့ချပေးနိုင်မည်။
လေစွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းသည် တရုတ်-ကာဇက်စတန် ထုတ်လုပ်ရေးစွမ်းအင်တိုးမြင့်စေရန် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် အကောင်အထည်ဖော်နေသည့် အဓိကကျသည့် စွမ်းအင်ထုတ်လုပ်ရေးစီမံကိန်းကြီးတစ်ခုလည်းဖြစ်သည်။ (Xinhua)
………………………………
GLOBALink | Central Asia’s largest Chinese-built wind farm to power 1 mln Kazakh homes
NUR-SULTAN, June 22 (Xinhua) — Central Asia’s largest Chinese-built wind farm is complete in south Kazakhstan amid the COVID-19 pandemic. With a capacity of 100 megawatts, it will power 1 million Kazakh homes with clean electricity. The wind farm will reduce carbon dioxide emissions by nearly 300,000 tonnes annually.
Produced by Xinhua Global Service