Connect with us

Media

COVID-19 သည် ဓါတ်ခွဲခန်းမှ ထွက်ပေါ်လာခြင်းဆိုသော စွပ်စွဲချက်မှာ သက်သေအ‌ထောက်အထားကင်းမဲ့

COVID-19 သည် ဓါတ်ခွဲခန်းမှ ထွက်ပေါ်လာခြင်းဆိုသော စွပ်စွဲချက်မှာ သက်သေအ‌ထောက်အထားကင်းမဲ့ ဝါရှင်တန်

ဝါရှင်တန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ်သည် ဓါတ်ခွဲခန်းမှ ထွက်ပေါ်လာသည် ဆိုသည့် အမေရိကန်မီဒီယာတစ်ခု၏ မကြာသေးမီက စွပ်စွဲမှုအပေါ် ကျွမ်းကျင်သူများ၏ တုံ့ပြန် ပြောကြားချက်များကို ကောက်နုတ်ဖော်ပြလိုက်သည်။ အဆိုပါ စွပ်စွဲချက်မှာ ခိုင်လုံသော အထောက်အထား မရှိခြင်းနှင့်အတူ တိကျသည့် အချက်အလက်များပေါ် ကိုးကားထားခြင်းမရှိကြောင်းတွေ့ရသည်။

New York Times Opinion ၏ အင်တာဗျူးအစီအစဉ်တစ်ခုဖြစ်သည့် SWAY ဟု အမည်ပေးထားသော Podcast အစီအစဉ်တွင် အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါပိုးမွှားဗေဒကျွမ်းကျင်ပညာရှင် အန်တိုနီဖောက်စီက ဓါတ်ခွဲခန်းမှ ရောဂါပိုးထွက်ပေါ်လာခြင်းသီအိုရီနှင့်ပတ်သက်၍ ၎င်း၏ အမြင်ကိုပြောကြားခဲ့သည်။

အစီအစဉ်တွင် “ပြီးခဲ့တဲ့ နှစ် ဧပြီမှာ သမ္မတ ထရမ့် ကြေညာခဲ့တဲ့ ဗိုင်းရပ်စ်ဟာဓါတ်ခွဲခန်းက ထွက်ပေါ်လာခဲ့တယ်ဆိုတဲ့ သီအိုရီကို မှန်ကန်ကြောင်းသူ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့က သက်သေပြနိုင်ပါတယ်ဆိုပေမယ့်လို့ သက်သေက ထွက်မလာခဲ့ပါဘူး။ အဲဒါနဲ့ပါတ်သက်လို့ ဆရာ့အနေနဲ့ရော သက်သေပြစရာအထောက်အထားတစ်ခုခုများရှိနေမလား။” ဟုမေးမြန်းရန် ဖောက်စီက “ကျွန်တော်တော့ အဲဒီလိုထွက်ပေါ်လာတယ်ဆိုတာကို သေချာမသိတော့ မတွေ့ဖူးဘူးလို့ပဲဆိုရမှာပဲ၊ ကျွန်တော်တို့အခုလက်တလော ကြုံတွေ့နေရကတော့ အကျိုးစီးပွားကို ပျက်စီးရာပျက်စီးကြောင်း ကြီးကြီးမားမားတိုးပွားလာနေတာပါပဲ – အဲဒါကတော့ တီးတိုးစကားတွေနဲ့ ထင်ကြေးတွေပေးနေကြတာကြောင့်ပါပဲ – ဒါပေမဲ့ တိကျတဲ့ ဘယ်လိုအချက်အလက်၊ ဘယ်လို သက်သေအထောက်အထားကမှ အမှန်အကန်တိုးပွားလာတာမျိုးကို မတွေ့ရပါဘူး” ဟုပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)

……………………………..

GLOBALink | COVID-19 lab-leak claim lacks scientific evidence: U.S. media

WASHINGTON, June 22 (Xinhua) — Recent reports of U.S. media have confronted the coronavirus lab-leak claim with quotes of experts, saying that the lab-leak allegation lacks supportive facts or scientific evidence. On Monday’s podcast SWAY, an interview program from New York Times Opinion, top U.S. infectious disease expert Anthony Fauci talked about his views on the lab-leak theory. “I haven’t seen it because I’m not sure it exists. What we’re seeing right now is a major increase in incidents of interest – that is, of tweeting, of speculation – but no real increase in definitive data or evidence whatsoever,” Fauci said.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.