Connect with us

North America

ကနေဒါနိုင်ငံရှိ ဌာနေတိုင်းရင်းသားများ ပညာသင်ကြားရာ ဘော်ဒါကျောင်းတစ်ခုတွင် ကလေးငယ် (၂၁၅) ဦး၏ ရုပ်အလောင်းများတွေ့ရှိ

စာသင်ကျောင်းတစ်ကျောင်း၏ မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) 

အော့တဝါ၊ မေ ၂၉ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ် Kamloops မြို့ရှိ ဘော်ဒါကျောင်းတစ်ကျောင်း၏နေရာဟောင်းတွင် ဌာနေတိုင်းရင်းသား ကလေးငယ် (၂၁၅)ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း ကနေဒါ မီဒီယာများ၏ မေ ၂၈ ရက် သတင်းအရ သိရသည်။

အဆိုပါကလေးငယ်များသည် Kamloops အင်ဒီးယန်း ဘော်ဒါကျောင်းမှ ကျောင်းသားကျောင်းသူများဖြစ်ကြောင်း၊ ယင်းစာသင်ကျောင်းသည် (၁၉) ရာစုနှောင်းပိုင်းတွင် တည်ထောင်ခဲ့ခြင်းဖြစ်ရာ ဌာနေတိုင်းရင်းသားများ ဘော်ဒါနေ ပညာသင်ကြားရာတွင် ပမာဏကြီးမားသည့် စာသင်ကျောင်းတစ်ခုဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် ကလေးငယ်များ၏ ရုပ်အလောင်းကို ပြီးခဲ့သည့်အပတ်က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဒေသခံအစိုးရအနေဖြင့် ကလေးငယ် (၂၁၅) ဦး၏ သေဆုံးမှုနှင့်စပ်လျဉ်းသည့် မည်သည့်မှတ်တမ်းမျှမရှိကြောင်း Kamloops ဌာနေတိုင်းရင်းသားခေါင်းဆောင်က မေ ၂၇ ရက် ညပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဘော်ဒါကျောင်းတက်နေစဉ်ကာလအတွင်း သေဆုံးသွားသည့် သို့မဟုတ် ပျောက်ဆုံးသွားသည့် ဌာနေတိုင်းရင်းသားကလေးငယ် အရေအတွက်မည်မျှရှိသည်ကို လက်ရှိတွင် မသိရှိရသေးကြောင်း ၊ ကနေဒါနေရာအနှံ့တွင် ထောင်နှင့်ချီသည့် သင်္ချိုင်းအုတ်ဂူမရှိသောနေရာများတွင် သေဆုံးသွားသည့် ဘော်ဒါကျောင်းသင် ဌာနေတိုင်းရင်းသားကလေးငယ်များကို မြှုပ်နှံထားနိုင်သည်ဟု ခန့်မှန်းရကြောင်း ၊ အတိတ်က ကနေဒါတွင် လူမျိုးတုန်းသတ်ဖြတ်သည့်မူဝါဒနှင့် အမြစ်တွယ်နေသည့် ကိုလိုနီစနစ်မှ ချန်ရစ်ခဲ့သည့် နာကျင်မှုဒဏ်ရာများကို ဌာနေတိုင်းရင်းသားများက ခံစားနေရဆဲ ဖြစ်ကြောင်း ဗြိတိသျှကိုလံဘီယာပြည်နယ် First Nations ညီလာခံ၏ မေ ၂၈ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

ဌာနေတိုင်းရင်းသားဘော်ဒါကျောင်း၏နေရာဟောင်းတွင် သေဆုံးသွားသည့် ကလေးငယ်(၂၁၅)ဦး၏ ရုပ်အလောင်းကို တွေ့ရှိရသည်မှာ ရင်နင့်ကြေကွဲဖွယ်ကောင်းလှကြောင်း ၊ ၎င်းမှာ ကနေဒါ၏ မှောင်မိုက်ခြင်းနှင့်ရှက်ဖွယ်ကောင်းသည့် သမိုင်းကာလဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ် Justin Trudeau က ၎င်း၏တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

သမိုင်းမှတ်တမ်းများအရ ၁၈၉၀ နှစ်များမှ ၁၉၉၀ နှစ်များအတွင်း ကနေဒါ၌ ဌာနေတိုင်းရင်းသား ကလေးငယ်(၁၅၀,၀၀၀)ခန့်သည် အတင်းအဓမ္မမိဘနှင့်ခွဲခွာ၍ ဘော်ဒါကျောင်းတွင် “ယဉ်ကျေးမှု”သင်ယူခဲ့ရကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်တွင် ကနေဒါ အမှန်တရားနှင့်ပြန်လည်သင့်မြတ်ရေးကော်မရှင် (TRC)က ဘော်ဒါကျောင်းများနှင့်စပ်လျဉ်းသည့် နောက်ဆုံး အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ အစီရင်ခံစာတွင် ဘော်ဒါကျောင်း၌ဌာနေတိုင်းရင်းသားကလေးငယ်များအား ရက်စက်စွာနှိပ်စက်ညှဉ်းဆဲမှုအခြေအနေအသေးစိတ်ကို ဖော်ပြခဲ့ပြီး ယင်းဒဏ်ကြောင့် သေဆုံးသွားသည့် ကလေးငယ် အနည်းဆုံး (၃,၂၀၀)ရှိမည်ဟု ဆိုသည်။ (Xinhua)

———————————–
(Chinese Version)
(国际)加拿大一原住民寄宿学校发现215具儿童遗骸
2021-05-29 13:15:37
新华社渥太华5月28日电(记者李保东)据加拿大媒体28日报道,215具原住民儿童遗骸在不列颠哥伦比亚省坎卢普斯市一所原住民寄宿学校旧址上被发现。
这些儿童是“坎卢普斯印第安寄宿学校”的学生。该学校是加拿大在19世纪末建立的原住民寄宿学校中较大的一所,于1977年关闭。
坎卢普斯当地原住民领袖27日晚在新闻发布会上说,这些儿童遗骸是上周被发现和鉴定的,当地政府没有任何关于215名儿童的死亡记录。
不列颠哥伦比亚省第一民族大会28日发表声明说,目前尚不清楚有多少原住民孩子在寄宿学校上学期间死亡或失踪,估计加拿大各地有数千个没有坟墓标记的地方埋葬着死于寄宿学校的原住民儿童,原住民仍将面对过去加拿大种族灭绝政策和根深蒂固的殖民制度留下的创痛。
加拿大总理特鲁多在社交媒体推特上发文,称原住民寄宿学校旧址发现215具儿童遗骸的消息“令人心碎”,这是加拿大“黑暗和可耻的”一段历史。
据史料记载,从19世纪90年代到20世纪90年代,加拿大估计有15万名原住民儿童被强迫离开父母,进入寄宿学校学习“文化和文明”。2015年,加拿大真相与和解委员会发布关于寄宿学校的最终报告,报告详细描述了寄宿学校对原住民儿童的残酷虐待,认为至少有3200名儿童被虐致死。(完)