Connect with us

North America

ကပ်ရောဂါကာကွယ်ရေးစည်းမျဉ်းများ ချိုးဖောက်၍ မိတ်ဆုံစားပွဲ တက်ရောက်ခဲ့သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဝန်ခံ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အောက်လွှတ်တော်တွင် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် လာရောက်ထွက်ဆိုနေသည်ကို ဇန်နဝါရီ ၁၂ ရက်က တိုက်ရိုက်ထုတ်လွှင့်သည့် မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ်က ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပြီး မိတ်ဆုံစားပွဲ တက်ရောက်ခဲ့ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇန်နဝါရီ ၁၂ ရက် တွင် ဝန်ခံ တောင်းပန်ခဲ့သည်။ ဗြိတိန် အတိုက်အခံပါတီနှင့် အချို့ လူထုက ဂျွန်ဆင်ရာထူးမှ နုတ်ထွက်သင့်ကြောင်း ယူဆကြသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အောက်လွှတ်တော်တွင် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် လာရောက်ထွက်ဆိုနေသည်ကို ဇန်နဝါရီ ၁၂ ရက်က တိုက်ရိုက်ထုတ်လွှင့်သည့် မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အောက်လွှတ်တော်တွင် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် လာရောက်ထွက်ဆိုနေသည်ကို ဇန်နဝါရီ ၁၂ ရက်က တိုက်ရိုက်ထုတ်လွှင့်သည့် မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ဘောရစ်ဂျွန်ဆင်၏အတွင်းရေးမှူးက ၂၀၂၀ ပြည့်နှစ် မေလတွင် ဗြိတိန်၌ ကိုဗစ်ကြောင့် လော့ခ်ဒေါင်းချထားသည့် ကာလအတွင်း ဝန်ကြီးချုပ်အိမ်တော် ပန်းဥယျာဉ်၌ မိတ်ဆုံပွဲ ကျင်းပရန် စီစဉ်ခဲ့ရာ အစိုးရအရာရှိ ၄၀ ခန့်တက်ရောက်ခဲ့ကြကြောင်း ဗြိတိန် သတင်းမီဒီယာများက ဖော်ပြခဲ့သည်။ ထိုသတင်းကြောင့် လူထုအမျက်ထွက်ခဲ့ပြီး ယင်းကိစ္စကို တုန့်ပြန်ပြောကြားရန် ဘောရစ်ဂျွန်ဆင်က ငြင်းဆိုနေခဲ့သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ဗြိတိန် အောက်လွှတ်တော်၌ လာရောက်အစစ်ခံစဉ် မိတ်ဆုံစားပွဲ တက်ရောက်ခဲ့ကြောင်း ဘောရစ်ဂျွန်ဆင်က ဝန်ခံပြောကြားခဲ့ပြီး ယင်းလှုပ်ရှားမှုပွဲသည် အလုပ်သဘောပွဲတစ်ခုဟု မှတ်ယူမိကြောင်း ၊ ပါဝင်ရခြင်းမှာလည်း ဝန်းရံပေးသည့်ဝန်ထမ်းများအား ကျေးဇူးတင်သည်ကို ဖော်ပြရန်အတွက်သာ ဖြစ်ကြောင်း ဆိုသည်။ ထို့အပေါ် ဘောရစ်ဂျွန်ဆင်က တောင်းပန်ခဲ့ပြီး တာဝန်ယူမည်ဟု ပြောကြားခဲ့သော်လည်း ထိုအကြောင်းအရာအား သီးခြားစုံစမ်းစစ်ဆေးမှုများ ပြီးစီးမှ ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် Keir Starmerက ဘောရစ်ဂျွန်ဆင်၏ ပြောကြားချက် “အဓိပ္ပါယ်မရှိ”ကြောင်း၊ ဗြိတိန်လူထုကို “စော်ကားခြင်း”ဖြစ်ကြောင်း ဆိုသည်။ ၎င်းနှင့်အခြား ဆန့်ကျင်ဘက်ပါတီ လွှတ်တော်အမတ်များက ရာထူးမှ နုတ်ထွက်ပေးရန် ဘောရစ်ဂျွန်ဆင်အား တောင်းဆိုခဲ့ကြသည်။

ထိုမတိုင်မီ ဘောရစ်ဂျွန်ဆင်အစိုးရ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်ချက်ကို ချိုးဖောက်သည့် သတင်းဆိုးများ ထွက်ပေါ်ခဲ့ဖူးပြီး ဂျွန်ဆင်၏အကြီးတန်းအကြံပေးဟောင်း Dominic Cummings၊ ကျန်းမာရေးဝန်ကြီးဟောင်း Matt Hancock စသူတို့ပါဝင် ပတ်သက်ခဲ့ကြသည်။ ဗြိတိန် ပြည်သူ့စစ်တမ်းကောက်ယူရေးဌာန၏ ဇန်နဝါရီ ၁၁ ရက် ထုတ်ပြန်ချက်များတွင် စစ်တမ်းကောက်ယူထားသူ တစ်ဝက်ကျော်က ဘောရစ်ဂျွန်ဆင်အနေဖြင့် ရာထူးမှ နုတ်ထွက်သင့်သည်ဟု ယူဆကြကြောင်း ဖော်ပြထားသည်။ (Xinhua)

…………………………………………
(Chinese Version)
英国首相承认2020年疫情期间曾违规参加酒会
2022-01-13 09:55:50
新华社伦敦1月12日电(记者张代蕾 许凤)英国首相约翰逊12日承认他曾于2020年违反新冠防疫规定参加酒会,并为此表示道歉。英国反对党和部分民众认为,约翰逊应引咎辞职。
英国媒体日前报道说,约翰逊的秘书曾于2020年5月英国因新冠疫情实施“封城”期间在首相府花园组织酒会,约40名政府人员参加。该消息引发众怒,约翰逊一度拒绝回应此事。
约翰逊12日在英国议会下院接受质询时承认自己曾参加那场酒会,称他当时认为那是一场公务活动,参加酒会是为了感谢身边的工作人员。约翰逊为此表示道歉,并表示他会对参加酒会一事承担责任,但要等针对此事的专项调查结束后再做处理。
反对党工党领导人斯塔默表示,约翰逊的说辞“荒谬”,是对英国公众的“冒犯”。他和其他一些反对党议员呼吁约翰逊辞职。
此前,约翰逊政府曾曝出多起违反防疫规定的丑闻,涉及人员包括约翰逊的前高级顾问卡明斯、前卫生大臣汉考克等。英国民调机构11日公布的民调结果显示,过半数受访者认为约翰逊应该辞职。

图说1-3:这是1月12日在英国伦敦拍摄的约翰逊在英国议会下院接受质询的直播画面。新华社记者 李颖 摄