Connect with us

North America

ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကို ဖြေလျှော့ရန် အမေရိကန်၊ဥရောပနိုင်ငံများ၏ ပိတ်ဆို့မှုကို ဖယ်ရှားဖို့ အီရန် တိုက်တွန်း

တီဟီရန်၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကို ဖြေလျှော့ရန် အမေရိကန်၊ဥရောပနိုင်ငံများ၏ ပိတ်ဆို့မှုကို ဖယ်ရှားဖို့ အီရန် ရေနံစွမ်းအင်ဝန်ကြီး Javad Ogiက ပြီးခဲ့သည့်ရက်တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံ၏ အောက်တိုဘာ ၅ ရက် သတင်းများအရ သိရသည်။အမေရိကန်နှင့်အချို့ဥရောပနိုင်ငံများသည် အီရန်ရေနံတင်ပို့မှုကို နှစ်ပေါင်းများစွာ တားဆီးပိတ်ပင်လာခဲ့ကြောင်း၊ ဤသို့ဆောင်ရွက်ခြင်း၏နစ်နာမှုသည် အီရန်တစ်ဖက်တည်းသာမဟုတ်ကြောင်း၊ တစ်ဖက်သတ်မူဝါဒသည် အမေရိကန်နှင့်ဥရောပပြည်သူများအတွက်လည်း အနုတ်လက္ခဏာ သက်ရောက်မှုရှိကြောင်း Javad Ogiက အောက်တိုဘာ ၄ ရက် ရေနံတင်ပို့သော နိုင်ငံများအသင်း(OPEC)နှင့် OPECအသင်းဝင်မဟုတ်သော ရေနံထုတ်လုပ်သည့်နိုင်ငံများ၏၂၁ ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို တက်ရောက်စဉ်အတွင်း ပြောကြားခဲ့သည်။

အီရန်အနေဖြင့် ရေနံထုတ်လုပ်မှုပမဏကို တိုးမြှင့်၍ စွမ်းအင်ဈေးကွက်ကိုတည်ငြိမ်အောင် ဆောင်ရွက်သွားလိုကြောင်း၊ အမေရိကန်နှင့်ဥရောပနိုင်ငံများ၏ မူဝါဒချမှတ်သူများအနေဖြင့် သင်ခန်းစာယူရာ ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကို ဖြေလျှော့ရန် အီရန်အပေါ် ပိတ်ဆို့မှုများကို ပယ်ဖျက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး ပို၍သက်သာချောင်ချိစွာ ရေနံရရှိနိုင်အောင် ဆောင်ရွက်သင့်ကြောင်း Javad Ogiက ပြောကြားခဲ့သည်။

အီရန်သည် OPECအသင်းတွင် ရေနံထုတ်လုပ်မှုပမဏ တတိယအကြီးဆုံးနိုင်ငံဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလတွင် အီရန်နျူကလီးယားဘက်စုံသဘောတူညီချက်မှ အမေရိကန် တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီး အီရန်အား ပိတ်ဆို့မှုနှင့်ထပ်တိုးပိတ်ဆို့မှုများ ပြန်လည်ဆောင်ရွက်ခဲ့ရာ အထူးသဖြင့် ၂၀၁၉ ခုနှစ် မေလတွင် အီရန် ရေနံတင်ပို့မှုအား ကင်းလွတ်ခွင့် လုံးဝပိတ်ပင်ခြင်းများကြောင့် အီရန်ရေနံတင်ပို့မှုအပေါ် ဆိုးဝါးသည့်အတားအဆီး ဖြစ်စေခဲ့သည်။ (Xinhua)

#Iran, #US, #Europe, #Saction, #Energy, #Crisis, #xinhua, #xinhuamyanmar, #အီရန်, #အမေရိကန်, #ဥရောပ, #ရေနံ, #ပိတ်ဆို့မှု, #ဆင်ဟွာ
——————————————
(Chinese Versiion)

(国际)伊朗呼吁美欧解除对伊制裁以缓解全球能源危机

新华社德黑兰10月5日电(记者王守宝 高文成)据伊朗国家电视台5日报道,伊朗石油部长贾瓦德•奥吉日前呼吁美国和欧洲国家解除对伊朗的制裁,以缓解全球能源危机。

奥吉4日在参加石油输出国组织(欧佩克)与非欧佩克产油国第21次部长级会议后表示,美国和一些欧洲国家多年来阻碍伊朗出口石油,伊朗并非唯一付出代价的一方,这种单边政策也给美欧人民带来负面影响。

奥吉表示,伊朗愿增加石油产量并稳定能源市场。美欧国家的决策者应“吸取教训”,解除对伊制裁以缓解全球能源危机,让世界各国能够获得更便宜的能源。
伊朗是欧佩克第三大产油国。2018年5月,美国政府单方面宣布退出伊朗核问题全面协议,随后重启并新增一系列对伊制裁,特别是2019年5月对伊朗石油出口实施“零豁免”封锁,严重阻碍伊朗石油出口。(完)

图说1:9月16日,黎巴嫩贝卡地区的民众欢迎装有伊朗燃油的油罐车队。新华社发(比拉尔•贾维希摄)