Connect with us

International Organizations

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် က G7 ၏ ရာသီဥတုဆိုင်ရာ ငွေကြေးကတိပြုချက်အား အကောင်အထည်ဖော်ရန် တိုက်တွန်း

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူချုပ် ဂူတာရက်စ် အား ဧပြီ ၁၉ ရက်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ဖွံ့ဖြိုးပြီးနိုင်ငံများ အထူးသဖြင့် G7 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ နှစ်စဉ် ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ထောက်ပံ့မည့် ရာသီဥတုဆိုင်ရာ ကတိပြုချက်ကို အကောင်အထည်ဖော်ရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူချုပ် ဂူတာရက်စ် က ဇွန်လ ၁၃ ရက်တွင် ထပ်မံတိုက်တွန်းခဲ့ပြီး ကတိပြုချက်သည် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ခြင်း ၊ 《ပဲရစ်သဘောတူညီချက်》၏ ရာတီဥတု ဆိုင်ရာ ရည်မှန်းချက်လှုပ်ရှားမှု အကောင်အထည်ဖော်ရန် အတွက် လွန်စွာအရေးပါကြောင်း အထူးပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်း က အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ သဘောထားနှင့် ပတ်သက်၍ ထောက်ခံခဲ့ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများ အထူးသဖြင့် G7 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လက်ရှိချိန်ထိ ၎င်းတို့ကတိပြုထားသည့် ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ထောက်ပံ့မှုကို အကောင်အထည်မဖော်ခဲ့သဖြင့် ရာသီဥတုဆိုင်ရာ ရည်းမှန်းချက် အကောင်အထည်ဖော်ရန်အတွက် ဆိုးရွားစွာ အတားအဆီးဖြစ်စေခဲ့ကြောင်း ၊ ယင်းမှာ ယခုနှစ်《ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း》 (၂၆) ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးတွင် မဖြစ်မနေ ရင်ဆိုင်ဖြေရှင်းရမည့် လေးနက်သည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး သို့မဟုတ်ပါက အရာအားလုံးမှာ အပြောသက်သက်သာဖြစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် ကိုပင်ဟေဂင်ရာသီဥတုညီလာခံတွင် ဖွံ့ဖြိုးပြီးနိုင်ငံများက ၂၀၂၀ ပြည့်နှစ် မတိုင်မီ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အနည်းဆုံး ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် ကူညီပေးသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ သို့သော် အချိန်ကာလ ၁၀ နှစ်ကျော်ကြာမြင့်ခဲ့သော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ယင်းကတိပြုချက်အား လုပ်ဆောင်ပေးခြင်းမရှိဘဲ ဖွံဖြိုးဆဲနိုင်ငံများအပေါ် ထောက်ပံ့ပေးခဲ့သည့် ငွေကြေးမှာလည်း ကန်ဒေါ်လာ ဘီလီယံ ၁၀၀ နှင့် ကြီးမားစွာကွာဟ နေခဲ့သည်။ ယင်းလုပ်ဆောင်မှုက နိုင်ငံတကာ အသိုင်းအဝိုင်းအား လွန်စွာ စိတ်ပျက်စေခဲ့ပြီး ကမ္ဘာ့ရာသီဥတုပူးပေါင်းဆောင်ရွက်မှုအတွက် ဆိုးရွားသည့် မကောင်းသောသက်ရောက်မှုဖြစ်ပွားစေခဲ့သည်။

သက်ဆိုင်ရာနိုင်ငံအသီးသီး က ဖွံ့ဖြိုးပြီးနိုင်ငံများအား စေဒနာ နှင့် လှုပ်ရှားမှုများဆောင်ရွက်ရန် တညီတညွတ်တိုက်တွန်းခဲ့ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်နိုင်ရန် စွမ်းရည် မြှင့်တင်ပေးမည့် လက်တွေ့ကူညီထောက်ပံ့ပေးမှု 《ပဲရစ်သဘောတူညီချက်》အား စာရွက်လွတ်တစ်ရွက်အဖြစ်သို့ မရောက်ရှိသွားစေရန် တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။ (Xinhua)

———————————–
(Chinese Version)

(国际)联合国秘书长敦促七国集团履行气候资金承诺
2021-06-15 03:34:19 分类: 政治法律
新华社联合国6月14日电联合国秘书长古特雷斯13日再次敦促发达国家特别是七国集团国家履行向发展中国家每年提供1000亿美元气候资金的承诺,强调该承诺对建立各方互信、实现《巴黎协定》的气候行动目标至关重要。
中国常驻联合国代表张军对古特雷斯的意见表示赞同,强调指出发达国家特别是七国集团国家迄今未能履行其1000亿美元承诺,严重阻碍气候行动目标的实现。这是今年《联合国气候变化框架公约》第二十六次缔约方大会必须面对和解决的严肃问题,否则一切只能成为空谈。
在2009年哥本哈根气候大会上,发达国家承诺在2020年之前,每年向发展中国家提供至少1000亿美元资金,帮助其应对气候变化挑战。但10多年过去,发达国家仍迟迟未能履行这一承诺,向发展中国家提供的资金与1000亿美元相去甚远。此举令国际社会倍感失望,对全球气候合作造成严重负面影响。各方一致呼吁发达国家拿出诚意和行动,切实帮助发展中国家提高应对气候变化的能力,避免让《巴黎协定》成为一纸空文。(完)

Photo
4月19日,联合国秘书长古特雷斯在位于纽约的联合国总部出席新闻发布会。 新华社记者 谢锷 摄