Connect with us

Sport

ကျန်းကျားခိုဆောင်းရာသီအိုလံပစ်ကျေးရွာ၌ ဆောင်းရာသီမသန်စွမ်းအိုလံပစ်အတွက် ပြင်ဆင်မှုနှင့်အပြောင်းအလဲလုပ်ငန်များစတင်

ပေကျင်းဆောင်းရာသီအိုလံပစ်ကျေးရွာကို ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

မကြာသေးမီရက်အနည်းငယ်တွင် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲတော်၏ ကျန်းကျားခိုဆောင်းရာသီအိုလံပစ်ကျေးရွာကို တရားဝင်ပိတ်လိုက်ပြီး ဆောင်းရာသီမသန်စွမ်းအိုလံပစ်ပွဲတော်သို့ ကူးပြောင်းသည့် ကာလသို့ရောက်ရှိလာသည်။ကျန်းကျားခို ဆောင်းရာသီအိုလံပစ်ကျေးရွာသည် ကျန်းကျားခို ပြိုင်ပွဲဇုန်၏ အဓိကဧရိယာတွင် တည်ရှိရာ တောင်ဘက် Guyanshu အားကစားရုံ အဆောက်အအုံများသို့ ကားဖြင့်သွားလျှင် ၁၀ မိနစ်၊ မြောက်ဘက် နှင်းလျှောစီး အားကစားကွင်းသို့ ကားဖြင့်သွားလျှင် ၁၂ မိနစ်သာကြာမြင့်ကြောင်း၊ ဆောင်းရာသီအိုလံပစ်ကျေးရွာ၏ စုစုပေါင်းဧရိယာမှာ ၁၉.၇ ဟက်တာ၊ စုစုပေါင်း အဆောက်အအုံ ဧရိယာမှာ ၂၃၉,၀၀၀ စတုရန်းမီတာရှိပြီး ၎င်းတွင် လည်ပတ်ရေးဇုန်၊ နေထိုင်ရာဧရိယာနှင့် ရင်ပြင်ဧရိယာ ပါဝင်ကြောင်း သိရသည်။

ကျန်းကျားခို ဆောင်းရာသီအိုလံပစ်ကျေးရွာသည် ဇန်နဝါရီ ၂၃ ရက်တွင် ကြိုတင်ဖွင့်လှစ်ချိန်နှင့် ဇန်နဝါရီ ၂၇ ရက်တွင် တရားဝင်ဖွင့်လှစ်ချိန်မှစ၍ နိုင်ငံနှင့်ဒေသပေါင်း ၅၉ ခုမှ ကိုယ်စားလှယ်အဖွဲ့၊ အားကစားသမားနှင့် အသင်းတာဝန်ရှိ ၂,၀၀၀ ကျော်ကို လက်ခံခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ သက်ဆိုင်ကိုယ်စားလှယ်အဖွဲ့အသီးသီးက အိုလံပစ်ကျေးရွာမှထွက်ခွာစဉ် ၎င်းတို့က ကျန်းကျားခိုဆောင်းရာသီအိုလံပစ်ကျေးရွာမှ ပေးအပ်သည့်ဝန်ဆောင်မှုများကို ချီးကျူးကြောင်း ပြောကြားခဲ့ကြသည်။

ပေကျင်းဆောင်းရာသီအိုလံပစ်ကျင်းပရေးကော်မတီ၏ အိုလံပစ်ကျေးရွာဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ၊ ကျန်းကျားခိုဆောင်းရာသီအိုလံပစ်ကျေးရွာ လည်ပတ်ဆောင်ရွက်မှုအဖွဲ့ ဒါရိုက်တာ Jia Kai က သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်းရာသီမသန်စွမ်းအိုလံပစ် ပြင်ဆင်မှုကို ဆောင်းရာသီအိုလံပစ်ပွဲတော်ကဲ့သို့ အလေးထားဆောင်ရွက်ကြောင်း၊ လုပ်ငန်းခွင်အသီးသီး၊ ဌာနအသီးသီးမှ ပူးပေါင်းပြီး “တူညီသော ခမ်းနားမှုရှိသည့် ဆောင်းရာသီအိုလံပစ်ပွဲတော်နှစ်ခု” အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ကျန်းကျားခိုဆောင်းရာသီအိုလံပစ်ကျေးရွာရှိ အချို့အဆောက်အအုံတွင် ဆောင်းရာသီမသန်စွမ်းအိုလံပစ် ဆိုင်ရာ အခင်းအကျင်းများပြင်ဆင်ထားပြီး ကျေးရွာ၏ယာယီအဆောက်အအုံများတွင် ခြေတုလက်တု၊ ဝှီးချဲပြုပြင်ရေးစင်တာ ဖွင့်လှစ်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ မသန်းစွမ်းသူများအတွက် အားပြုကိရိယာများ၊ အလိုအလျောက်သွားလာနိုင်သော ကိရိယာများ၊ ကျေးရွာအတွင်းကြိုပို့ကားများ တိုးမြှင့်စီစဉ်ခြင်း အစရှိသည့်လိုအပ်ချက်များကို ဖြည့်ဆည်းကာ ပြင်ဆင်ရေးလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Jia Kai က ဆိုသည်။

ဟာ့ဒ်ဝဲပြောင်းလဲခြင်းအပြင် လုပ်ငန်းလည်ပတ်သူအဖွဲ့အား ဆောင်းရာသီမသန်စွမ်းအိုလံပစ်အပေါ် ပိုမိုနားလည်စေရန်အတွက် ပံ့ပိုးကူညီမှုသင်တန်းများဖွင့်လှစ်ပေးထားကြောင်း၊ ဆောင်းရာသီမသန်စွမ်းအားကစားသမားများနှင့် အသင်းတာဝန်ရှိသူများအား ဝန်ဆောင်မှုပေးရန်နှင့် လုပ်ငန်းလည်ပတ်ရာတွင် ချောမွေ့အဆင်ပြေစေရန် မသန်စွမ်းသူအားကစားသမားများ လိုအပ်ချက်ကို သိကျွမ်းနားလည်ပြီး လုပ်ငန်းအစီအစဉ်နှင့် အရင်းအမြစ််များကို အပြည့်အဝပြင်ဆင်ထားကြောင်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

ကျန်းကျားခို ဆောင်းရာသီမသန်စွမ်းအိုလံပစ်ကျေးရွာကို ဖေဖော်ဝါရီ ၂၅ ရက်တွင် အကြိုဖွင့်လှစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားဝင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကာလအတွင်း အားကစားသမားနှင့် အသင်းတာဝန်ရှိသူများ ၇၀၀ ကျော်ကို လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————
(Chinese Version)
(体育)张家口冬奥村进入冬残奥筹备和转换阶段
2022-02-24 11:02:44 分类: 体育
新华社河北崇礼2月24日电(记者杨帆、郭雅茹)日前,北京2022年冬奥会张家口冬奥村正式闭村,进入冬残奥会转换期。
张家口冬奥村位于张家口赛区核心区域,向南距古杨树场馆群10分钟车程,北距云顶滑雪公园12分钟车程,占地19.7公顷,总建筑面积23.9万平方米,分居住区、广场区和运行区。
记者采访了解到,张家口冬奥村自1月23日预开村、1月27日正式开村以来,已接待59个国家(地区)奥委会代表团,2200余名运动员及随队官员居住和生活。2月15日起,相关人员陆续开始返程,张家口冬奥村提供的送离服务得到了各代表团高度评价。
北京冬奥组委奥运村部副部长、张家口冬奥村场馆运行团队主任贾凯表示,场馆运行团队始终将冬残奥会筹办工作放在与冬奥会同等重要的位置,各部门、各岗位齐心协力,为实现“两个冬奥,同样精彩”不断努力。
目前,在张家口冬奥村,部分建筑已经张贴上了冬残奥会标志,在村口的临时建筑中,正在开设假肢轮椅维修中心。转换期内,张家口冬奥村将全面展开检查无障碍设施设备、增加必要盲文引导标识等转换工作;对功能空间、流线、服务设施等进行必要的调整;启用矫形器、假肢与轮椅维修中心;运行村内摆渡车;针对无障碍设施缺失、断点问题进行及时整改、改造和提升。
贾凯介绍,除硬件转换外,运行团队还进行了冬残奥会保障培训,确保场馆工作人员做好服务冬残奥会运动员和随队官员的充分准备,对冬残奥会特殊需求了解并有充分的工作计划和资源准备,为工作顺畅有序开展打好基础。
张家口冬残奥村将于2月25日预开村、2月27日正式开村,赛时将接待700多名运动员和随队官员。(完)
图说- 新华社照片,北京,2022年1月27日 这是1月27日拍摄的北京冬奥村。 新华社记者 李紫恒 摄