Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ ဖေဖော်ဝါရီ ၃ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့သည် ဖေဖော်ဝါရီ ၂၄ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Sergey Lavrov က ယူကရိန်းအရေးနှင့်ပတ်သက်၍ ယနေ့အခြေအနေအထိ ဖြစ်ပွားလာရသည့် ဖြစ်စဉ်နှင့် ရုရှား၏ရပ်တည်ချက်ကို ပြောကြားခဲ့ပြီး အမေရိကန်နှင့် နေတိုး (NATO) အဖွဲ့က ကတိကဝတ်ချိုးဖောက်၍ အရှေ့ဘက်သို့ ဦးတည်ကာ အဆက်မပြတ်မပြတ်တိုးချဲ့ခဲ့ရာ မင့်စ်ခ် သဘောတူညီချက်အသစ်ကို အကောင်အထည်ဖော်ဆောင်ရန် ငြင်းဆိုခဲ့ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက် အမှတ် ၂၂၀၂ ကို ချိုးဖောက်ခဲ့ကြောင်းနှင့် ရုရှားဘက်က မိမိနိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် မဖြစ်မနေ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံသည် နိုင်ငံအသီးသီး၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို အစဉ်အမြဲလေးစားကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် မိမိတို့အနေဖြင့် ယူကရိန်းအရေး၏ ရှုပ်ထွေးပုံနှင့် တစ်မူထူးခြားသည့် သမိုင်းပုံရိပ်ကို မြင်တွေ့ရရာ လုံခြုံရေးကဏ္ဍတွင် ရုရှား၏ဆီလျော်မှုရှိသည့် ဂရုပြုမှုကို နားလည်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် စစ်အေးခေတ်အတွေးအခေါ်ကို လုံးဝဥဿုံစွန့်လွှတ်သင့်သည်ဟု ယူဆရာ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် နောက်ဆုံး မျှခြေရရှိအောင်၊ ထိရောက်မှုနှင့် ရေရှည်ဖြစ်သော ဥရောပတိုက် လုံခြုံရေးစနစ်ကို တည်ဆောက်သင့်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
(国际)王毅同俄罗斯外长拉夫罗夫通电话
2022-02-24 20:04:19
新华社北京2月24日电2022年2月24日,国务委员兼外长王毅同俄罗斯外长拉夫罗夫通电话。
拉夫罗夫介绍了乌克兰局势演变至今的过程和俄方立场,表示美国和北约违背承诺,不断向东扩张,拒不执行新明斯克协议,违反联合国安理会第2202号决议,俄方被迫采取必要措施维护自身权益。
王毅说,中方一贯尊重各国的主权和领土完整。同时我们也看到,乌克兰问题有其复杂和特殊的历史经纬,理解俄方在安全问题上的合理关切。中方主张应彻底摒弃冷战思维,通过对话谈判,最终形成均衡、有效、可持续的欧洲安全机制。(完)
图说:2月3日,国务委员兼外交部长王毅在北京会见俄罗斯外长拉夫罗夫。 新华社记者 高洁 摄