Connect with us

Asia

ဂျပန်နိုင်ငံ၊ ကျူရှူးဒေသတွင် ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ရာ လူ ၁၀ ဦးကျော် ဒဏ်ရာရရှိ

တိုကျို၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ မိုး/ဇလဌာန(JMA) က ဇန်နဝါရီ ၂၂ ရက် နံနက်အစောပိုင်းတွင် ကျူရှူးဒေသ၌ လှုပ်ခတ်သွားခဲ့သည့် ငလျင်ကို ပြင်းအား ၆ ဒသမ ၆ အဆင့်သို့ အမြှင့်တင်သတ်မှတ်ခဲ့သည်။ ဂျပန်မီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ လက်ရှိတွင် ငလျင်ကြောင့် လူဆယ်ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဂျပန် မိုး/ဇလဌာန၏ နောက်ဆုံးသတင်းအရ ဒေသစံတော်ချိန် ဇန်နဝါရီ ၂၂ ရက် နံနက် ၁:၀၈ နာရီတွင် ကျူရှူးဒေသ အရှေ့ပိုင်းရေပြင်၌ ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ မြေအောက်အနက် ၄၅ ကီလိုမီတာ၌ ဗဟိုပြုကာလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ Oita နှင့် Miyazaki စီရင်စုတွင်လည်း အင်အား ၅ ပမာဏရှိသော ငလျင်လှုပ်ခတ်ခဲ့သည်ကို တိုင်းတာရရှိခဲ့ကြောင်း၊ နှစ်ပေါင်း ၂၅ နှစ်ကြာပြီးနောက် ပထမဆုံးအကြိမ် ပင်လယ်ရေပြင်တွင် ပြင်းအားပမာဏ ၆ ဒသမ ၅ အထက်နှင့် ပြင်းအားပမာဏ ၅ ရှိသော ငလျင်များ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယခုအကြိမ်ဖြစ်ပွားသည့် ငလျင်မှာ ပြင်းအား ၆ ဒသမ ၄ ပမာဏရှိကြောင်း ဂျပန်မိုးဇလဌာနက ယနေ့နံနက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ငလျင်ကြောင့် ဂျပန်နိုင်ငံနေရာအများအပြားတွင် နံရံများပြိုကျခြင်း၊ ရေ၊ လျှပ်စစ်မီး ပြတ်တောက်ခြင်းများ ဖြစ်ပွားခဲ့သည်။ လက်ရှိ ငလျင်ဗဟိုချက်အနီးတွင် နောက်ဆက်တွဲငလျင်များလှုပ်ခတ်လျက်ရှိကြောင်း၊ ယခု နှစ်ရက် သုံးရက်တွင် ပြင်းထန်သော ငလျင်လှုပ်ရှားမှုများ ဖြစ်ပွားနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် လုံခြုံရေးကို ဂရုပြုကြရန် ဂျပန်မိုး/ဇလဌာနက ဇန်နဝါရီ ၂၂ ရက် နံနက်အစောပိုင်းတွင် ကျင်းပခဲ့သော အရေးပေါ် သတင်းစာရှင်းလင်းပွဲ၌ သတိပေးပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ရုံး အရေးပေါ်အန္တရာယ် စီမံခန့်ခွဲမှုစင်တာမှ ငလျင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အချိန်မီ စုဆောင်းရန် သတင်းအချက်အလက် ဆက်သွယ်ရေးစခန်း ဖွင့်လှစ်ထားကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ငလျင်လှုပ်ခတ်မှုအများဆုံးဖြစ်သည့် ပစိဖိတ်သမုဒ္ဒရာ ငလျင်ကြောတွင် တည်ရှိသည်။ ဂျပန် မိုး/ဇလဌာနအနေဖြင့် ငလျင်လှုပ်ခတ်မှု အတိုင်းအတာကို နည်းရာမှများရာသို့ အစဉ်အတိုင်း အဆင့် ၁၀ ခု ခွဲသတ်မှတ်ထားရာ ၀-၄ အဆင့်၊ အဆင့် ၅ အားပျော့၊ အဆင့် ၅ အားပြင်း၊ အဆင့် ၆ အားပျော့၊ အဆင့် ၆ အားပြင်းနှင့် အဆင့် ၇ ဖြစ်ကြောင်း သိရသည်။(Xinhua)

#Japan, #Earthquake, #Xinhua, #Myanmar, #XinhuaMyanmar, #ဂျပန်, #ငလျင်, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
………………………………………………
(Chinese Version)

日本九州地区6.6级地震已致十余人受伤

2022-01-22 15:28:35 分类: 突发事件
新华社东京1月22日电(记者姜俏梅)日本气象厅22日将九州地区当天凌晨发生的地震震级上调至6.6级。据日本媒体报道,目前地震已造成十余人受伤。

据气象厅最新消息,当地时间22日1时08分(北京时间零时08分),九州地区东部海域发生6.6级地震,震源深度45公里,大分县和宫崎县观测到5强的地震震度。这是该海域时隔25年再次发生震级6.5级以上、震度5强的地震。
据气象厅当天早些时候发布的消息,此次地震震级为6.4级。

地震造成多地发生墙壁倒塌、停水断电情况。目前,震源附近地区余震不断。在22日凌晨举行的紧急记者会上,气象厅提醒人们关注未来两三天再次发生较大规模地震的可能。日本首相官邸危机管理中心已设立信息联络室,随时收集地震相关信息。

日本地处全球最活跃的地震带——环太平洋地震带上,这也是全球地震最多的地震带。日本气象厅设定的地震震度共10个等级,由弱到强分别为0至4级、5弱、5强、6弱、6强和7级。
这是1月22日在日本大分拍摄的倒塌的建筑物。(新华社/共同社)