Connect with us

Europe

ရုရှားစစ်တပ် S-400 လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်တင်ယာဉ်များ ဘီလာရုဇ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်ရန်အတွက် စတင်ထွက်ခွာ

ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

“ရုရှား-ဘီလာရုဇ် ပေါင်းစည်းထားသော ဒေသတွင်း လေကြောင်းကာကွယ်ရေးစနစ်”၏ အသင့်အနေထားကို စမ်းသပ်ရန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အား ထိန်းချုပ်သည့်တပ်ဖွဲ့နှစ်ဖွဲ့ကို ဘီလာရုဇ်နိုင်ငံသို့ စေလွှတ်ထားပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ရုရှား လေကြောင်းကာကွယ်ရေးတပ်ဖွဲ့၏ S-400 ထိန်းချုပ် တပ်ဖွဲ့နှစ်ဖွဲ့နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာန၏လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ခွဲတို့သည် အရှေ့ဘက်စွန်း Khabarovsk Krai နယ်စပ်ဒေသသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း၊ ထိုနေရာတွင် သက်ဆိုင်သောပစ္စည်းများကို မီးရထားလမ်းမှတစ်ဆင့် ဘီလာရုဇ်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ စိန့်ပီတာဘတ်မြို့၌ ရေတပ်နေ့အထိမ်းအမှတ်တွင် ပါဝင်သည့် ရေယာဉ်အုပ်စုအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Alexander Fomin က ဇန်နဝါရီ ၁၈ ရက်တွင် မော်စကိုအခြေစိုက် နိုင်ငံခြားစစ်သံမှူးများကို ခေါ်ယူကာ ရုရှားနှင့်ဘီလာရုဇ် ပူးတွဲစစ်ရေးလေ့ကျင့်မည့်သတင်းအား ပြောကြားခဲ့ကြောင်း သိရသည်။ Su-35S တိုက်လေယာဉ် ၁၂ စီး၊ S-400 ထိန်းချုပ်တပ်ဖွဲ့နှစ်ဖွဲ့နှင့် “Pantsir”လေကြောင်းကာကွယ်ရေးစနစ် တပ်ရင်းတစ်ခုအား စေလွှတ်သွားမည်ဖြစ်ကြောင်း Alexander Fomin က ဆိုသည်။

ရုရှား-ဘီလာရုဇ် ပေါင်းစည်းထားသော ဒေသတွင်း လေကြောင်းကာကွယ်ရေးစနစ်၏အခြေအနေစမ်းသပ်မှုကို အပိုင်းနှစ်ပိုင်းခွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပထမအပိုင်းကို ဖေဖော်ဝါရီ ၉ ရက် အထိ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ရာ ရုရှားတပ်က အစီအစဉ်အတိုင်း ဘီလာရုဇ်ပိုင်နက်တွင် တပ်ဖြန့်ထားမည်ဖြစ်သလို နိုင်ငံပိုင်နှင့် စစ်တပ်ပိုင်စက်ပစ္စည်းများကို ကာကွယ်ထိန်းသိမ်းရန် စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လေကြောင်းကာကွယ်ရေးအင်အားသည် ဘီလာရုဇ်ရှိ အရေးကြီးအခြေခံအဆောက်အအုံများကို လွှမ်းခြုံနိုင်မှုရှိမရှိ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဒုတိယအပိုင်းကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၂၀ ရက်အထိ ဆက်တိုက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းကာလတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ကြိုတင်ကာကွယ်ရေးလေ့ကျင့်မှုများအတွင်း ပြင်ပကျူးကျော်အင်အားစုများကို ဖိအားပေးလျက် တပ်ဆုတ်အောင် ဆောင်ရွက်ရေး ၊ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် မဟာမိတ်အကျိုးစီးပွားကာကွယ်ရေးစသည်တို့ကို ဖော်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက လေ့ကျင့်မှုတွင် ပါဝင်မည့် လူဦးရေအတိအကျကို ပြောကြားထားခြင်းမရှိသေးဘဲ၊ ပါဝင်မည့်သူနှင့်ပစ္စည်းကိရိယာပမာဏသည် ဥရောပ လုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ၂၀၁၁ ခုနှစ် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် အတည်ပြုထားသည့် သက်ဆိုင်ရာ သတ်မှတ်ချက်များကို ကျော်လွန်မည်မဟုတ်ကြောင်းကိုသာ ထည့်သွင်းပြောကြားခဲ့သည်။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ရုရှားရေတပ်သည် ယခုလမှစပြီး ကမ္ဘာတစ်ဝန်း နေရာအမြောက်အမြားတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ရာ စစ်သင်္ဘော ၁၄၀ ကျော်နှင့် တိုက်လေယာဉ် အစီး ၆၀ ပါဝင်မည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ လေ့ကျင့်မှုများက ဖေဖော်ဝါရီအထိ ရှိနေမည်ဖြစ်ရာ နေရာအားဖြင့် မြေထဲပင်လယ်၊ အတ္တလန္တိတ် သမုဒ္ဒရာ ရှေ့မြောက်ဘက်နှင့် ပစိဖိတ်သမုဒ္ဒရာ စသည့် ဒေသများ ပါဝင်မည်ဖြစ်ကြောင်း ဆိုသည်။

ဤလေ့ကျင့်မှုများက ကမ္ဘာ့ရေပြင်တွင် ရုရှား၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်နှင့် ရုရှားနိုင်ငံကို ဦးတည်သည့် ခြိမ်းခြောက်မှုအား ကိုင်တွယ်ဖြေရှင်းရန်အတွက် ရည်ရွယ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ယခုကာလများတွင် အနောက်နိုင်ငံများက ယူကရိန်းနှင့်ထိစပ်နေသော နယ်စပ်ဒေသတွင် ရုရှားစစ်အင်အားအလုံးအရင်းချထားပြီး ကျူးကျော်လိုသည့် ဆန္ဒရှိနိုင်ကြောင်း မပြတ်ပြောကြားမှုများရှိခဲ့သည်။ ယင်းအချက်အပေါ် ရုရှားက ရုရှား-ယူကရိန်းအခြေအနေ ဆိုးဝါးလာခြင်းသည် ရုရှားလုံခြုံရေးနယ်ပယ်ကို မြောက်အတ္တလန်တစ်သဘောတူစာချုပ်အဖွဲ့ (NATO) က မပြတ်တိုက်စားနေခြင်းကြောင့် ဖြစ်ကြောင်း ကြိမ်ဖန်များစွာ အလေးထားပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က အနောက်နိုင်ငံများ၏ “ယူကရိန်းကို ရုရှား ကျူးကျော်ဝင်ရောက်တော့မည်” ဟူသော ကောလာဟလစကားဆိုရခြင်းသည် ၎င်းတို့၏ “စစ်ရေး ရန်လိုရန်စသည့် လှုပ်ရှားမှု”ကို ဖုံးကွယ်ရန်သာ ဖြစ်ပြီး အမေရိကန်နှင့်ဗြိတိန်က ယူကရိန်းသို့ လက်နက် ပံ့ပိုးပေးနေခြင်းလုပ်ရပ်သည် ရုရှား စိုးရိမ်မှု အခြေအနေ၏သက်သေပင် ဖြစ်ကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(Chinese Version)

S-400装车出发 俄军赴白俄罗斯参加联合军演

2022-01-22 10:16:05
Image Carouse
新华社北京1月22日电 俄罗斯国防部21日说,俄方已经派出操控S-400型防空导弹系统的两个师赴白俄罗斯测试“俄白统一区域防空系统”的准备状态并参加联合军事演习。

俄国防部声明说,俄军防空部队操控S-400的两个师和东部军区的防空分队开赴远东哈巴罗夫斯克边疆区,在那里把装备装上平车,经由铁路运送至白俄罗斯。

这是2021年9月12日在白俄罗斯布列斯特州拍摄的俄白“西部-2021”联合战略演习现场。(新华社发,任科夫摄)
俄国防部副部长亚历山大•福明18日召集数十名驻莫斯科的外国武官,通报俄方与白俄罗斯举行联合军演的消息。福明说,俄军将派出12架苏-35S型战斗机、操控S-400的两个师以及操控“铠甲”防空系统的一个营。

俄白统一区域防空系统的状态测试将分两阶段开展。第一阶段持续至2月9日,俄军部队将按计划部署至白俄罗斯领土,组织保护重要的国有和军队设施并将检查防空力量能否覆盖白俄罗斯的关键基础设施。第二阶段从2月10日持续至2月20日,其间将举行联合军事演习,旨在演练防御行动中压制和击退外部侵略力量的任务、打击恐怖主义并保护盟友利益。

俄国防部没有说明参加演习的具体人数,只说参演人员和装备规模不会超过欧洲安全与合作组织2011年在奥地利维也纳通过的相关文件规定。

2020年7月26日,在俄罗斯圣彼得堡,舰艇列队参加海军节庆祝活动。(新华社发,莫京娜摄)
俄罗斯国防部20日说,俄罗斯海军本月起将在全球多地开展军事演习,超过140艘军舰和60架战机参与。演习将持续至2月,地点包括地中海、大西洋东北部和太平洋等区域。

俄国防部说,这些演习旨在在全球水域维护俄罗斯的国家利益并应对针对俄罗斯联邦的威胁。
西方国家近期不断渲染俄罗斯在与乌克兰接壤的边境地区集结重兵、意图“入侵”。俄罗斯多次强调,俄乌局势恶化,缘于北大西洋公约组织不断侵蚀俄罗斯安全空间。

俄罗斯外交部发言人玛丽亚•扎哈罗娃20日说,西方国家以所谓“俄罗斯即将入侵乌克兰”的谣言掩盖他们自身为“军事挑衅行动”所作准备,美国和英国向乌克兰提供武器印证了俄方担忧。(包雪琳)