Connect with us

Asia

ဂျပန်နိုင်ငံ၏ အပေါ့စားလေယာဉ်တင်သင်္ဘောအသွင်ပြောင်း ဖျက်သင်္ဘောတွင် တိုက်လေယာဉ် ပထမဆုံး ပျံသန်းဆင်းသက်

ပေကျင်း၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

အမေရိကန်စစ်တပ်၏ F-35B ကိုယ်ပျောက်တိုက်လေယာဉ် နှစ်စင်း သည် အောက်တိုဘာ ၃ ရက်က ဂျပန်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ အကြီးဆုံး ရဟတ်ယာဉ်တင် ဖျက်သင်္ဘော “JS Izumo”တွင် ပျံသန်းဆင်းသက်မှု စမ်းသပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ရဟတ်ယာဉ်တင်သင်္ဘောမှ အပေါ့စား လေယာဉ်တင် သင်္ဘောအဖြစ် အသွင်ပြောင်းထားသည့် အဆိုပါ ဖျက်သင်္ဘောပေါ်တွင် တိုက်လေယာဉ် ပထမဆုံးအကြိမ် ပျံသန်းဆင်းသက်ခြင်း ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံ လေကြောင်းပြပွဲတွင် ပျံသန်းပြသသည့် အမေရိကန် F-35B တိုက်လေယာဉ်အား ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပင်လယ်ပြင်တွင် တိုက်လေယာဉ်တက်ဆင်းနိုင်ရန် ဂျပန်နိုင်ငံသည် ယခုနှစ်များတွင် ဧရာမများပြားသည့်စစ်သုံးစရိတ်ကို အသုံးပြုပြီး ရဟတ်ယာဉ်တင်ဖျက်သင်္ဘောကို အပေါ့စားလေယာဉ်တင်သင်္ဘောအဖြစ် တည်ဆောက်ခြင်းသည် တိုင်းပြည်ကာကွယ်ရေးအတွက်သာ လုပ်ဆောင်ရမည်ဆိုသည့် ဂျပန်၏ငြိမ်းချမ်းရေးအခြေခံဥပဒေကို လက်တွေ့တွင် လိုက်နာခြင်းမရှိဖြစ်စေကြောင်း ထောက်ပြမှုများ ရှိနေသည်။

ဂျပန်နိုင်ငံအခြေစိုက် အမေရိကန်စစ်တပ် Iwakuniအခြေစိုက်စခန်း၏ F-35Bတိုက်လေယာဉ် ၂ စင်း အောက်တိုဘာ ၃ ရက်က ဂျပန်အနောက်တောင်ပိုင်း Shikokuကျွန်းအနီး ပင်လယ်ပြင်ရှိ “JS Izumo”ပေါ်တွင် ပထမဆုံး ပျံသန်းဆင်းသက်မှု စမ်းသပ်ခြင်း ပြုလုပ်ခဲ့ကြောင်း ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲHiroshi Yamamuraက အောက်တိုဘာ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားခဲ့သည်။

F-35Bတိုက်လေယာဉ်သည် “JS Izumo”ပေါ်သို့ ဒေါင်လိုက်ဖြေးညင်းစွာ ဆင်းသက်ခဲ့ပြီး အလျား ၂၅၀ မီတာခန့်ရှိကုန်းပတ် ပြေးလမ်းပေါ်မှ ပျံတက်ခဲ့သည်ကို ပင်လယ်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ရိုက်ကူးသည့် ရုပ်ပုံတွင် မြင်တွေ့ရသည်။

NHKသတင်း၏ ဖော်ပြချက်များအရ ကုန်းပတ်အရှည်နှင့်ဂိုဒေါင်ဧရိယာကို ကြည့်ပါက “JS Izumo” ပေါ်တွင် F-35Bတိုက်လေယာဉ် ၁၀ စီး တင်ဆောင်နိုင်ကြောင်း ဆိုသည်။ “JS Izumo”အပြင် အခြား ဖျက်သင်္ဘော “Kaga”ကိုလည်း လေယာဉ်တင်သင်္ဘောအဖြစ် အသွင်ပြောင်းရန် ဂျပန်အစိုးရက စီစဉ်လျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ ငြိမ်းချမ်းရေးအခြေခံဥပဒေတွင် ဂျပန်၌ တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘော ပိုင်ဆိုင်ခွင့်မရှိဟုပြဌာန်းထားရာ ကာကွယ်ရေးဝန်ကြီးဌာနက “JS Izumo” သင်္ဘောပေါ်တွင် F-35Bတိုက်လေယာဉ်များ အမြဲတင်ဆောင်ထားမည် မဟုတ်သဖြင့် တိုက်ခိုက်ရေးလေယာဉ်တင်သင်္ဘောဟူ၍ မဆိုနိုင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။Hiroshi Yamamura က “JS Izumo”သည် ဘက်စုံသုံး ဖျက်သင်္ဘောသာဖြစ်ကြောင်း အောက်တိုဘာ ၅ ရက်တွင် အခိုင်အမာပြောကြားခဲ့သည်။

ထိုဖြေရှင်းချက်အပေါ် သတင်းအချို့က အစိုးရအနေဖြင့် “JS Izumo”ကို တိုက်ခိုက်ရေးလေယာဉ်တင်သင်္ဘောမဟုတ်ကြောင်း ငြင်းဆိုထားသော်လည်း တစ်ဖက်တွင် ကာကွယ်ရေးစက်လက်နက်ပစ္စည်းများသည် တိုက်ခိုက်ရေးတွင်လည်း အသုံးပြုနိုင်ခြင်းကြောင့် မည့်သည့်စက်လက်နက်ကိရိယာက တိုက်ခိုက်ရေး အတွက် ၊ မည်သည့်စက်လက်နက်ကိရိယာက ကာကွယ်ရေးအတွက်ဟူ၍ ခွဲခြားရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

Iwakuniအခြေစိုက်စခန်းရှိရာ Yamaguchiစီရင်စု Iwakuniမြို့ နေပြည်သူများက “JS Izumo”ပေါ်တွင် F-35Bတိုက်လေယာဉ်တင်ဆောင်မှုကို ကန့်ကွက်ကြောင်း ၊ ကန့်ကွက်ရသည့်အကြောင်းအရင်းမှာ လုံခြုံရေးအရ မတော်တဆမှုဖြစ်ပွားခြင်းနှင့်ဆူညံသံများက မြို့နေပြည်သူများ၏ နေထိုင်မှုကို ကြီးကြီးမားမား အနှောက်အယှက်ဖြစ်စေကြောင်း အောက်တိုဘာ ၅ ရက်တွင် ယင်းမြို့အုပ်ချုပ်ရေးအာဏာပိုင်များထံ တင်ပြခဲ့သည်ဟု သိရသည်။

ဂျပန်အစိုးရက “JS Izumo”ကို လေကြောင်းရန် ကာကွယ်ရေးတာဝန်ပေးပြီး ၎င်းကို ပင်လယ်ပြင် တိုက်လေယာဉ် ပျံသန်းဆင်းသက်ရာနေရာအဖြစ် အသုံးပြုကာ Honshuကျွန်း ပစိဖိတ်ဘက်အခြမ်းပင်လယ်ပြင်နှင့် အနောက်တောင်ပိုင်းကျွန်းအုပ်စု ပင်လယ်ပြင်တွင် လေကြောင်းတိုက်ခိုက်မှုများအား ရင်ဆိုင်ရန်အတွက် အသုံးပြုသွားရန် စဉ်းစားလျက်ရှိကြောင်း NHK သတင်းများအရ သိရသည်။ (Xinhua)

——————————————
(Chinese Versiion)
日本“航母化”驱逐舰首次起降战斗机

新华社北京10月5日电 日本防卫省5日证实,两架美军F-35B型隐形战机3日在日本海上自卫队最大驱逐舰“出云”号上进行起降试验。这是这艘已经“航母化”的驱逐舰上首次起降战斗机。

为实现海上起降战机,日本近年投入巨额军费改造驱逐舰,打造事实上的航母,被指架空日本和平宪法的“专守防卫”理念。
海上自卫队幕僚长山村浩5日召开记者会,证实两架隶属驻日美军岩国基地的F-35B战机3日在日本西南部四国岛附近海域的“出云”号上首次进行起降试验。
这是2015年3月31日在日本海上自卫队横须贺基地拍摄的“出云”号。(新华社记者刘天摄)

海上自卫队拍摄的起降画面显示,F-35B型战机或缓慢垂直降落在“出云”号上,或在全长约250米的甲板上滑行起飞。
据日本广播协会电视台报道,从甲板长度和仓库面积来看,“出云”号可以搭载10架F-35B型战机。“出云”号以外,日本政府还打算把另一艘驱逐舰“加贺”号航母化。
日本和平宪法禁止日本拥有“攻击型航母”。按防卫省的说法,由于“出云”号上不会一直搭载部署F-35B型战机的部队,因而算不上“攻击型航母”。山村5日坚称,“出云”号只是一艘“多功能驱逐舰”。

2020年2月9日,一架美国F-35B战斗机在新加坡樟宜展览中心举行的新加坡航展媒体预演上进行飞行表演。(新华社发 邓智炜摄)
就这一解释,报道说,政府一方面否认“出云”号是“攻击型航母”,另一方面,政府也承认,由于防御型装备可以转为攻击用途,难以区分哪些装备是攻击型,哪些是防御型。

岩国基地所在的山口县岩国市居民5日向市政府递交意见书,反对在“出云”号上搭载F-35B型战机,理由是可能发生的安全事故和噪音会对市民生活产生重大影响。
据NHK报道,日本政府考虑将“出云”号用于防空任务,把它作为海上战斗机起降点,在本州岛太平洋一侧海域或西南群岛海域,应对空中打击。(刘秀玲)