Connect with us

Africa & Middle East

ဂျော်ဒန်နိုင်ငံ ဝန်ကြီးဟောင်းနှင့် တော်ဝင်မိသားစုဝင်တစ်ဦး အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

ဂျော်ဒန်နိုင်ငံ မြို့တော် အမ်မန်ရှိ ဂျော်ဒန်အမျိုးသားလုံခြုံရေးတရားရုံးပြင်ပတွင် တရားစီရင်ရေးတိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေသည့် သတင်းမီဒီယာသမားများအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမ်မန်၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

ဂျော်ဒန်တော်ဝင်တရားရုံး တရားသူကြီးချုပ်ဟောင်း၊ ယခင်ဘဏ္ဍာရေးဝန်ကြီးBassem Awadallahနှင့် တော်ဝင်မိသားစုဝင်ဖြစ်သူ Sharif Hassan Ben Zeidတို့ကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှု၊ နိုင်ငံ‌အုပ်ချုပ်ရေးအာဏာ အပြောင်းအလဲလုပ်ရန် လှုံ့ဆော်မှုတို့ဖြင့် ထောင် (၁၅)နှစ်စီ ချမှတ်လိုက်ကြောင်း ဂျော်ဒန်နိုင်ငံ အမျိုးသားလုံခြုံရေးတရားရုံးက ဇူလိုင် ၁၂ ရက်တွင် ကြေညာခဲ့သည်။စစ်ဆေးချက်များအရ Bassem Awadallahနှင့်Sharif Hassan Ben Zeidတို့နှစ်ဦးတွင် နိုင်ငံ‌အုပ်ချုပ်ရေးအာဏာ အပြောင်းအလဲလုပ်ရန် ပူးပေါင်းကြံစည်မှုရှိပြီး ပြည်တွင်းရေးရှုပ်ထွေးစေရန်နှင့်ပဋိပက္ခဖြစ်စေဖို့ လှုံ့ဆော်ရန် ကြိုးပမ်းမှုရှိကြောင်း တရားရုံး၏ ယင်းနေ့စီရင်ချက်တွင် ဖော်ပြထားသည်ဟု ဂျော်ဒန် Petra သတင်းအေဂျင်စီ၏ သတင်းများအရ သိရသည်။ ဂျော်ဒန်ဘုရင် Abdullah IIကို ဆန့်ကျင်ရန် ၎င်းတို့က လှုံ့ဆော်ခဲ့ကြပြီး ပြည်ပအင်အားစုများနှင့်ချိတ်ဆက် ပုန်ကန်ရန် အစီအစဉ်ရေးဆွဲခဲ့ကြရာ နိုင်ငံတည်ငြိမ်ရေးနှင့်အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေခဲ့ကြောင်း ဆိုသည်။

ဂျော်ဒန်နိုင်ငံ မြို့တော် အမ်မန်ရှိ ဂျော်ဒန်အမျိုးသားလုံခြုံရေးတရားရုံးပြင်ပတွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထို့အပြင် Sharif Hassan Ben Zeidကို မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနှင့်မူးယစ်ဆေးသုံးစွဲမှုတို့ဖြင့် တရားရုံးက နောက်ထပ် ထောင်ဒဏ် (၁) နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ဂျော်ဒန်နိုင်ငံ မြို့တော် အမ်မန်ရှိ ဂျော်ဒန်အမျိုးသားလုံခြုံရေးတရားရုံးပြင်ပတွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျော်ဒန်နိုင်ငံ မြို့တော် အမ်မန်ရှိ ဂျော်ဒန်အမျိုးသားလုံခြုံရေးတရားရုံးပြင်ပတွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ် ဧပြီလတွင် မင်းသား Hamzah bin Hussein အပါအဝင် လူအချို့သည် ပြည်ပအင်အားစုနှင့်ချိတ်ဆက်၍ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်ရန် ကြိုးပမ်းမှုမှာ အရေးနိမ့်သွားကြောင်း၊ ၎င်းအရေးအခင်းတွင် ပါဝင်သည့် သံသယရှိသူ Bassem Awadallahနှင့်Sharif Hassan Ben Zeidတို့ကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ဂျော်ဒန်က ကြေညာခဲ့သည်။ယင်းနောက် ဂျော်ဒန်ဘုရင် Abdullah II က Bassem Awadallah နှင့် ၎င်း၏မိသားစုကို နန်းတော်တွင် စောင့်ရှောက်ထားကြောင်း ပြောကြားခဲ့သည်။ Hashemite တော်ဝင်မိသားစု၏ သတ်မှတ်ချက်များကို လိုက်နာသွားမည်ဖြစ်ကြောင်း ၊ နိုင်ငံ၏အကျိုးစီးပွား၊ အခြေခံဥပဒေနှင့်ဥပဒေစည်းမျဉ်းစည်းကမ်းများက အားလုံးထက် အရေးကြီးကြောင်း Bassem Awadallahက ကတိပြု ပြောကြားခဲ့သည်။ (Xinhua)

————————————————
(Chinese Version)

(国际)约旦前王宫主管和王室成员因危害国家安全被判15年监禁
2021-07-12 23:06:32
新华社安曼7月12日电(记者冀泽)约旦国家安全法院12日宣布,约旦前王宫主管、前财政大臣巴西姆•阿瓦达拉和约旦王室成员哈桑•本•扎伊德因犯危害国家和社会安全罪与煽动颠覆国家政权罪,分别被判处15年监禁。
据约旦佩特拉通讯社报道,该法院当天在判决书中说,经调查发现,上述两人存有颠覆国家政权的意图,合谋企图挑起内乱与冲突。他们煽动反对约旦国王阿卜杜拉二世,并制订了与境外势力勾结、煽动叛乱的犯罪计划,危害约旦国家安全与稳定。
此外,法院还认定扎伊德犯非法持有和滥用毒品罪,另判处一年监禁。
今年4月,约旦宣布挫败一起亲王哈姆扎•本•侯赛因等人参与、与境外势力相勾连的危害国家安全活动,包括阿瓦达拉、扎伊德等多名涉案人员被捕。随后,阿卜杜拉二世表示,哈姆扎及其家人都在王宫中,处于他本人的“照料”之下。哈姆扎表示将遵守哈希姆家族的规定,同时承诺国家利益、宪法和法律高于一切。(完)
图说1:7月12日,在约旦首都安曼,媒体记者在约旦国家安全法院外观看宣判直播。新华社发(穆罕默德•阿布•古什摄)

图说2-4:7月12日,在约旦首都安曼,安全人员在约旦国家安全法院外执勤。新华社发(穆罕默德•阿布•古什摄)