Connect with us

Africa & Middle East

ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ ဒုံးကျည်များဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်စစ်ဘက်ဆိုင်ရာ ပြောကြား

အမေရိကန် စစ်တပ် က ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ဆီးရီးယားနိုင်ငံ၌ စစ်ဆင်ရေးဆောင်ရွက်နေစဉ်(ဓာတ်ပုံ-Xinhua/AP)

ဝါရှင်တန် ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရပြီး ယင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိမှု မရှိကြောင်း အမေရိကန်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ဇွန် ၂၈ ရက်၌ ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံဦးဆောင်သော “ISIS” ဆန့်ကျင်တိုက်ဖျက်ရေး နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Wayne Marotto က ဇွန် ၂၈ ရက်၌ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့်ပြောကြားရာတွင် ဆီးရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များသည် ဒေသစံတော်ချိန် ည ၇ နာရီ ၄၄ မိနစ်တွင် ဒုံးကျည်အမြောက်အများဖြင့် တိုက်ခိုက်ခံရကြောင်း နှင့် အမေရိကန်ဘက်ကလည်း ဒုံးကျည်ပစ်လွှတ်လာသည့် နေရာများကို ခြေရာခံ၍ တန်ပြန်တိုက်ခိုက်မှုများ ပြန်လည် ဆောင်ရွက်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

အမေရိကန်တပ်ဖွဲ့အနေဖြင့် ယင်းနေ့ညပိုင်းတွင် ဆီးရီးယား နှင့် အီရတ် နယ်စပ်ဒေသရှိ အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားသည့် လက်နက်ကိုင်အဖွဲ့အစည်း၏ စစ်ဘက်ဆိုင်ရာအဆောက်အဦများကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်မှုဆောင်ရွက်ခဲ့ကြောင်း ၊ Kata’ib Hezbollah အပါအဝင် အီရန်ကျောထောက်နောက်ခံ ပေးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများသည် ယခုဗုံးကြဲခံရသည့် စစ်ဘက်ဆိုင်ရာအဆောက်အဦးများကို အသုံးပြု၍ အီရတ်နိုင်ငံထဲရှိ အမေရိကန်တပ်ဖွဲ့ဝင်အား ဒရုန်းများဖြင့် တိုက်ခိုက်မှုဆောင်ရွက်နေကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ John Kirby က ဇွန် ၂၇ ရက်၌ ပြောကြားခဲ့သည်။

ယခုအကြိမ်ဗုံးကြဲတိုက်ခိုက်မှုသည် အမေရိကန်နိုင်ငံ၌ ဂျိုးဘိုင်ဒန် သမ္မတ ရာထူးစတင် တာဝန်ထမ်းဆောင်ပြီးနောက် ဒုတိယအကြိမ် စစ်ဘက်ဆိုင်ရာလှုပ်ရှားမှုဆောင်ရွက်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ၊ ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းကလည်း အမေရိကန်စစ်ဘက်ဆိုင်ရာသည် ဆီးရီးယားနိုင်ငံအရှေ့ပိုင်းရှိ အီရန် နိုင်ငံနှင့်နီးကပ်မှုရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းအား ဦးတည်၍ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆောက်အဦများစွာကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————————–
(Chinese Version)

(国际)美军称叙利亚境内美军遭火箭弹袭击

新华社华盛顿6月28日电(记者刘品然)美军一名发言人28日说,叙利亚境内美军当天遭到火箭弹袭击,袭击未造成人员伤亡。
美国主导的打击极端组织“伊斯兰国”国际联盟发言人韦恩•马罗托当天在社交媒体上说,叙境内美军于当地时间晚7时44分遭到多枚火箭弹袭击,美军随后向火箭弹发射方位还击。

五角大楼发言人约翰•柯比27日说,美军当晚对叙利亚和伊拉克边境地区亲伊朗民兵组织的军事设施发动空袭,他称包括“真主旅”在内的多个亲伊朗民兵组织使用这些军事设施对驻伊美军发动无人机袭击。此次空袭是拜登就任美国总统后第二次下令实施军事行动。今年2月底,美军对位于叙利亚东部的亲伊朗民兵组织目标发动空袭,摧毁多处设施。(完)

Photo
2019年10月26日,美军军车向叙利亚卡米什利进发。新华社/美联