Connect with us

Asia

တရုတ်နိုင်ငံက ကူညီတည်ဆောက်ပေးသည့် ကမ္ဘောဒီးယား အမျိုးသား အားကစားကွင်း တရားဝင် စတင်ဖွင့်လှစ်

ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်အစိုးရအကူအညီနှင့် China State Construction Co. Ltd မှတာဝန်ယူ တည်ဆောက်သည့် ကမ္ဘောဒီးယားအမျိုးသားအားကစားကွင်းကို ဒီဇင်ဘာ ၁၈ ရက်တွင် တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wentian တို့ က ဖွင့်ပွဲအခမ်းအနားသို့တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ဖွင့်ပွဲအခမ်းအနားတွင် ဟွန်ဆန်က အမျိုးသားအားကစားကွင်းကို တရားဝင်ဖွင့်လှစ်ကြောင်း နှင့် ၂၀၂၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဤအားကစားကွင်းတွင် အဓိကကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ အမျိုးသားအားကစားကွင်း၌ မီးရှူးမီးပန်းများ ပစ်လွှတ်နေသည်ကို ဒီဇင်ဘာ ၁၈ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

၎င်းမှာကမ္ဘောဒီးယား၏အားကစားနယ်ပယ်တွင် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်သလို ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေး၏ နောက်ထပ် အောင်မြင်မှုအသီးအပွင့်တစ်ခုလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ အမျိုးသားအားကစားကွင်း၌ မီးရှူးမီးပန်းများ ပစ်လွှတ်နေသည်ကို ဒီဇင်ဘာ ၁၈ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

Wang Wentian က ကမ္ဘောဒီးယားအမျိုးသားအားကစားကွင်းသည် တရုတ်နိုင်ငံအစိုးရက နိုင်ငံခြားသို့ကူညီတည်ဆောက်ပေးသော အားကစားကွင်းများတွင် အကြီးဆုံးနှင့် အဆင့်အမြင့်ဆုံး အားကစားကွင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ဤနေရာတွင် ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပမည်ဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံ၏အခင်းအကျင်းပြသနိုင်သော၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်နိုင်သော ကြီးကျယ်ခန်းနားသည့် အခမ်းအနားကို ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကူညီထောက်ပံ့မှုဖြင့် တည်ဆောက်ထားသော ကမ္ဘောဒီးယား အမျိုးသား အားကစားကွင်းကို ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကူညီထောက်ပံ့မှုဖြင့် တည်ဆောက်ထားသော ကမ္ဘောဒီးယား အမျိုးသား အားကစားကွင်းကို ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် ကမ္ဘောဒီးယား အမျိုးသား အားကစားကွင်း ဖွင့်ပွဲ အခမ်းအနား မြင်ကွင်းကို ဒီဇင်ဘာ ၁၈ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အားကစားကွင်းသည် ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်မြို့ပြင်တွင် တည်ရှိပြီး အဆောက်အအုံ တည်ဆောက်မှုပုံစံသည် ကမ္ဘောဒီးယား၏ လက်အုပ်ချီ နှုတ်ဆက်ခြင်း ယဉ်ကျေးမှုနှင့် ရှေးဟောင်းရိုးရာ အစိတ်အပိုင်းများ ပေါင်းစပ်ထားကြောင်း၊ တာဝန်ယူတည်ဆောက်သူ၏အဆိုအရ အားကစားကွင်း၏ စုစုပေါင်းတည်ဆောက်မှုဧရိယာသည် စတုရန်းမီတာ ၈၀,၀၀၀ ကျော်ရှိပြီး ပရိသတ် ၆၀,၀၀၀ ခန့်ဝင်ဆံ့နိုင်ကြောင်း သိရသည်။ (Xinhua)

———————————
(Chinese Version)

(财经)中国援建柬埔寨国家体育场项目正式启用

新华社金边12月18日电(记者吴长伟)由中国政府援建、中国建筑股份有限公司承建的柬埔寨国家体育场项目18日正式启用,柬埔寨首相洪森和中国驻柬埔寨大使王文天出席启用仪式。

洪森宣布柬埔寨国家体育场正式启用,这里将成为2023年东南亚运动会的主要场馆。他对中方表示感谢,表示这是柬埔寨体育事业的一项伟大成就,是柬中友谊的又一硕果。

王文天表示,柬埔寨国家体育场是中国政府迄今为止对外援助中规模最大、等级最高的体育场。柬埔寨将在这里首次承办东南亚运动会,相信柬埔寨一定能把这次运动会办成展现国家形象、促进国家发展、振奋民族精神的盛典。
该体育场坐落在柬首都金边市郊,建筑风格融合柬埔寨“合十礼”、古代建筑屋脊等元素。据承建方介绍,体育场总建筑面积8万多平方米,能容纳约6万名观众。(完)

图说1-这是12月18日在柬埔寨金边拍摄的柬埔寨国家体育场。
图说2-12月18日,焰火在柬埔寨金边的柬埔寨国家体育场上空燃放。
图说3- 12月18日,焰火在柬埔寨金边的柬埔寨国家体育场上空燃放。
图说4-这是12月17日在柬埔寨金边拍摄的中国援建的柬埔寨国家体育场(无人机照片)。
图说5-这是12月16日在柬埔寨金边拍摄的中国援建的柬埔寨国家体育场(无人机照片)。
图说6-这是12月18日在柬埔寨金边拍摄的柬埔寨国家体育场启用仪式现场。