Connect with us

China

တရုတ်နိုင်ငံက တွန်ဂါနိုင်ငံသို့ ငွေသားနှင့် အထောက်အပံ့ပစ္စည်းများ ပံ့ပိုးပေးအပ်

တွန်ဂါနိုင်ငံ Nuku'alofa မြို့တွင် ဆူနာမီဝင်ရောက်ပြီးနောက် ပျက်စီးနေသော နေအိမ်များကို ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Photo by Marian Kupu/Broadcom Broadcasting/Handout via Xinhua)

ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

တွန်ဂါနိုင်ငံတွင် ဇန်နဝါရီ ၁၅ ရက်က ပြင်းထန်းသော မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီ၊ မီးတောင်ပြာကျဆင်းမှု စသည့် အန္တရာယ်များ ဖြစ်ပေါ်ခဲ့ရာ ၎င်းဖြစ်ရပ်သည် တွန်ဂါနိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံးသော သဘာဝဘေးအန္တရာယ် ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံသည် တွန်ဂါနိုင်ငံအား အရေးပေါ်လူသားချင်းစာနာထောက်ထားမှု ငွေကြေးအကူအညီအနေဖြင့် အမေရိကန်ဒေါ်လာ ၁ သိန်း ကူညီပေးခဲ့ပြီး တရုတ်ယွမ် ၂၈၀,၀၀၀ တန်ဖိုးရှိသော သောက်သုံးရေနှင့် စားနပ်ရိက္ခာ စသည့် အရေးပေါ် ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။

တွန်ဂါနိုင်ငံ မီးတောင်ပေါက်ကွဲမှုကြောင့်အလွန်ဆိုးဝါးသော ဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ပြီး တွန်ဂါနိုင်ငံ နေရာအများအပြား ဘေးအန္တရာယ်သင့်ခဲ့ရာ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေး၊ လေကြောင်းလိုင်းများ ပြတ်တောက်ခဲ့ပြီး နေအိမ်၊အဆောက်အအုံ၊ လယ်ယာစိုက်ခင်းများ ပျက်စီးကာ ရေအရင်းအမြစ်များလည်း ညစ်ညမ်းခဲ့သောကြောင့် အခြေခံ လိုအပ်ချက်များ ပြတ်လပ်နေကြောင်း သိရသည်။တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၊ တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်တို့က ဇန်နဝါရီ ၁၉ ရက်တွင် တွန်ဂါနိုင်ငံဘုရင် Tupou VI ၊ တွန်ဂါနိုင်ငံ ဝန်ကြီးချုပ် Sovaleni တို့အား အသီးသီး နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ တရုတ်နိုင်ငံအစိုးရက အထူးအာရုံစိုက်ပြီး အပြုသဘောဆောင်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီပေးအပ်ပြီး လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူ အသိုက်အဝန်း၏ အနက်အဓိပ္ပါယ်ကို လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် ပြသခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၀ ရက်က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံမှ တွန်ဂါနိုင်ငံအား အကူအညီပေးအပ်မှု အခြေအနေကို ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် တွန်ဂါနိုင်ငံ ဘေးသင့်မှုအပေါ် ဂရုပြုအာရုံစိုက်လျက်ရှိကြောင်း၊ အရေးပေါ်လုပ်ဆောင်ချက်များ ဆောင်ရွက်ကာ သဘာဝဘေးအန္တရာယ် ကယ်ဆေးရေးလုပ်ငန်းအတွက် တက်နိုင်သမျှ ကူညီပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ကြက်ခြေနီအဖွဲ့ကလည်း တွန်ဂါနိုင်ငံအား အရေးပေါ်လူသားချင်းစာနာထောက်ထားမှု ငွေကြေးအကူအညီအနေဖြင့် အမေရိကန်ဒေါ်လာ ၁ သိန်း ပံ့ပိုးပြီး တွန်ဂါနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှတစ်ဆင့် ယွမ် ၂၈၀,၀၀၀ တန်ဖိုးရှိသော သောက်သုံးရေ၊ စားနပ်ရိက္ခာ စသည့် အရေးပေါ် ပစ္စည်းများကို ဇန်နဝါရီ ၁၉ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။

တွန်ဂါနိုင်ငံ ဘုရင် Tupou VI က နိုင်ငံ၏အကျပ်အတည်းကာလတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကြေးနန်းဖြင့်ဆက်သွယ်အားပေးနှစ်သိမ့်ခဲ့ကြောင်းပြောကြားခဲ့ပြီး တရုတ်နိုင်ငံ အစိုးရက ဦးစွာ အကူအညီပေးခဲ့ခြင်းဖြစ်ကြောင်း၊ တွန်ဂါအစိုးရနှင့် ပြည်သူတို့က တရုတ်နိုင်ငံအပေါ် ကျေးဇူးတင်ရှိကြောင်း၊ တွန်ဂါနိုင်ငံရှိ အချို့ကျွန်းစုများ၌ ဆိုးဝါးလှသော ဘေးဒဏ်သင့်မှုအပေါ် တရုတ်နိုင်ငံအနေဖြင့် ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် ဆက်လက်အကူအညီပေးရန် ဆန္ဒရှိမှုကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

တွန်ဂါနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် အမျိုးသားအရေးပေါ်အခြေအနေကော်မတီ ဥက္ကဋ္ဌ Tei က တရုတ်နိုင်ငံအစိုးရက အထက်ပါပစ္စည်းများ ထောက်ပံ့ပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ၎င်းပစ္စည်းများသည် ဘေးအန္တရာယ် ကျရောက်ပြီးနောက် တွန်ဂါမှ လက်ခံရရှိသော ပထမဆုံး အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများဖြစ်ရာ တွန်ဂါ-တရုတ်နှစ်နိုင်ငံ၏ ထူးခြားသော ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်ကြောင်း၊ ဒေသခံပြည်သူများက ဤသတင်းရရှိပြီးနောက် တရုတ်နိုင်ငံ သံရုံးကို ကျေးဇူးတင်ပြီး တရုတ်နိုင်ငံသည် တွန်ဂါနိုင်ငံ၏ မိတ်ဆွေကောင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံအစိုးရသည် တွန်ဂါနိုင်ငံ ဘေးသင့်မှု အခြေအနေကို ဆက်လက် အာရုံစိုက်နေကြောင်း၊ တွန်ဂါနိုင်ငံအစိုးရနှင့် ပြည်သူများ ဘေးအန္တရာယ်ကို ဆောလျင်စွာ ကျော်ဖြတ်ကာ သာယာလှပသော မိသားစု ဥယျာဉ် ပြန်လည်ထူထောင်ရေးကူညီပေးရန် နောက်ဆက်တွဲ ထောက်ပံ့ပစ္စည်းများကို အမြန်ဆုံးပံ့ပိုးပေးနိုင်မှုကို ဆောင်ရွက်နေကြောင်း သိရသည်။

တရုတ်အစိုးရသည် တွန်ဂါနိုင်ငံက တောင်းဆိုထားသည့် သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ ဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ကာကွယ်ရေးပစ္စည်း စသည်တို့ကို မကြာမီ လေကြောင်းသွားလာရန် ခွင့်ပြုသည့် အခြေအနေတွင် ရောက်ရှိလာမည် ဖြစ်ကြောင်း၊ ကွမ်တုန်းပြည်နယ်ရှိ ပစိဖိတ်ကျွန်းနိုင်ငံ အရေးပေါ်အကူအညီပေးရေး သိုလေှာင်ရာနေရာမှ သောက်ရေသန့်၊ စည်သွပ်ဘူးများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ မီးစက်များ၊ ရေစုပ်စက်၊ ရွက်ဖျင်တဲများ စသည်တို့ကို အရေးပေါ်ခွဲဝေထားပြီး ပို့ဆောင်ရန် အသင့်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် တွန်ဂါနိုင်ငံ ဘေးသင့်မှုအခြေအနေအရ တွန်ဂါသို့ ငွေသားနှင့် ထောက်ပံ့ပစ္စည်းများ ဆက်လက်ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ မီးတောင်ပြာစသော အနှောင့်အယှက်ဖြစ်သည့် အခြေအနေကို အတတ်နိုင်ဆုံး ကျော်ဖြတ်ကာ ထောက်ပံ့ပစ္စည်းများကို ဆောလျင်စွာ ပို့ဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။

တွန်ဂါနိုင်ငံ အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပြီး လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေး၊ လေကြောင်းလိုင်း အခြေအနေများ တဖြည်းဖြည်းကောင်းမွန်လာကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
(外事)中方已向汤加提供现汇和物资援助 汤副首相:这是灾害发生后收到的首批应急救援物资
2022-01-20 23:06:41 分类: 政治法律
新华社北京1月20日电(记者孙楠)汤加火山1月15日大规模爆发,引发海啸、火山灰等灾害,是汤加历史上最严重的自然灾害。记者20日从外交部了解到,中方已向汤加提供10万美元紧急人道主义现汇援助,并交付了一批价值28万元人民币的饮用水、食品等应急物资。
汤加火山爆发造成严重灾害,汤加多地受灾,电力、通讯、航路一度中断,不少房屋、设施、农作物被毁,水源被污染,物资极度紧缺。国家主席习近平、国务院总理李克强已于19日分别向汤加国王图普六世、汤加首相索瓦莱尼致慰问电。中国政府高度关注,紧急驰援,积极向汤加提供紧急人道主义援助,以实际行动诠释人类命运共同体理念。
在20日举行的外交部例行记者会上,发言人赵立坚应询介绍了中方向汤加提供救灾援助的具体情况。
赵立坚说,中方一直高度关注汤加受灾情况,已经紧急行动起来,尽己所能帮助汤加救灾。中国红十字会已向汤加提供10万美元紧急人道主义现汇援助。中国政府通过驻汤加使馆以最快速度筹措了一批价值28万元人民币的饮用水、食品等应急物资,于19日交付汤加。
汤加国王图普六世表示,在汤加国家危难之际,习近平主席向我发来慰问电,中国政府第一时间伸出援手,汤政府和人民被中方义举深深感动,对此深表感谢。汤加一些岛屿受灾严重,感谢中方表示愿继续帮助汤方开展救援和灾后重建。
汤加副首相兼国家应急委员会主席泰伊表示,衷心感谢中国政府捐赠上述物资,这是灾害发生后汤加政府收到的首批应急救援物资,承载着汤中两国之间的特殊友好情谊。当地民众闻讯后纷纷向中国使馆致谢,动情地表示中国是汤加的真正朋友。
据了解,中国政府正持续跟踪汤加受灾情况,想方设法尽快运抵后续援助物资,帮助汤加政府和人民早日战胜灾害,重建美好家园。
据介绍,中国政府将应汤方请求援助一批饮用水、食品、个人防护用品、救灾设备等应急物资,待机场恢复运转、飞行条件允许后将尽快运抵。设在广东的中国—太平洋岛国应急物资储备库已紧急启动物资调拨,包括瓶装水、肉类罐头、医疗卫生包、发电机、高压水泵、帐篷等,已做好尽快发运的准备。
“中方将根据灾情和汤方需要,继续向汤加提供现汇和物资援助,并尽最大努力克服火山灰等不利气象条件影响,把物资尽早运抵。”赵立坚说。
据了解,汤加政府全力救灾,电力、通讯、航路正逐步恢复。