Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၌ မီးတောင်ပေါက်ကွဲပြီးနောက် ပိတ်ထားရသည့် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြန်လည်ဖွင့်လှစ်

ရူအန်းမီးတောင်မှ မီးတောင်ပါဝင်ပစ္စည်းများနှင့် မီးခိုးများမှုတ်ထုတ်နေသည်ကို အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူလာဝေဆီပြည်နယ် စီတာရိုဒေသမှ ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- BPBD Sitaro/Handout via Xinhua)

ဂျကာတာ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီ ပြည်နယ်မြောက်ပိုင်းရှိ ဆမ်ရာတူလန်ဂျီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရူအန်းမီးတောင်ပေါက်ကွဲမှုကြောင့် ဧပြီ ၁၈ ရက် ကတည်းက ပိတ်ထားခဲ့ပြီးနောက် ဧပြီ ၂၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ငါးရက်နီးပါး ပိတ်ထားခဲ့ပြီးနောက် အဆိုပါလေဆိပ်ကို ဧပြီ ၂၂ ရက် နေ့လယ်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပြီး ပုံမှန်အတိုင်းလုပ်ငန်းလည်ပတ်နေပြီ ဖြစ်ကြောင်း လေဆိပ် အထွေထွေမန်နေဂျာ မာယာဒန်မာရန်တီက ဧပြီ ၂၂ ရက်တွင် ပြောကြားသည်။
နိုင်ငံ၏ မီးတောင်နှင့် ဘူမိဗေဒဘေးအန္တရာယ်လျော့ပါးရေးဗဟိုဌာနသည် မီးတောင်လှုပ်ရှားမှုများလျော့ကျလာချိန်တွင် မီးတောင်သတိပေးချက်အခြေအနေကို ဧပြီ ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီမှစကာ အမြင့်ဆုံးအဆင့် ၄ မှ အဆင့် ၃ အထိလျှော့ချခဲ့ကြောင်းသိရသည်။

ပစိဖိတ်မီးတောင်ရပ်ဝန်းတွင် တည်ရှိသည့် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်၌ မီးတောင်အများဆုံးရှိသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကြောင်းသိရသည်။ (Xinhua)

…………………………
(English Version)
Indonesian airport reopens as volcano threat level drops
JAKARTA, April 22 (Xinhua) — Sam Ratulangi International Airport in the Indonesian province of North Sulawesi on Monday has been reopened after being closed since Thursday due to eruptions of Ruang volcano.
“After being closed for almost five days, this afternoon the airport finally reopened and is operating normally again,” said the airport’s general manager Maya Damayanti on Monday.
The country’s Center for Volcanology and Geological Hazard Mitigation has lowered the volcano’s alert status from the highest Level IV to Level III since Monday at 9 a.m. local time amid decreasing volcanic activities.
The agency has also advised people to avoid the 4-kilometer exclusion zone around the crater.
Located on the Pacific Ring of Fire, Indonesia is one of the countries with the most volcanoes in the world. ■
Photo provide by Regional Disaster Management Agency (BPBD) Sitaro shows volcanic materials and smokes spewing from Mount Ruang seen from Sitaro Regency in North Sulawesi, Indonesia, on April 17, 2024. (Photo by BPBD Sitaro/Handout via Xinhua)