Connect with us

CHINA

တရုတ်နိုင်ငံတွင် ဇန်နဝါရီ ၁၀ ရက်က ထပ်တိုး ကိုဗစ်အတည်ပြုလူနာ (၁၉၂) ဦး ရှိ၊ ၎င်းတို့အနက် (၁၁၀)ဦးမှာ ပြည်တွင်းကူးစက်မှုများ ဖြစ်

ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ဇန်နဝါရီ ၁၀ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီအတွင်း အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာ ၁၉၂ ဦး ရှိကြောင်း တရုတ်နိုင်ငံ ပြည်နယ်၊ ဒေသ၊ မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်ကို အမျိုးသား ကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။၎င်းအနက် ပြည်ပကူးစက်သူ ၈၂ ဦး (ရှန်ဟိုင်း ၂၇ ဦး၊ ကွမ်တုန်း ၁၈ ဦး ၊ ဖူကျန့် ၁၀ ဦး ၊ ထျန်းကျင်း ၈ ဦး ၊ ကျဲ့ကျန်း ၇ ဦး ၊ ကွမ်ရှီး ၅ ဦး ၊ စီချွမ်း ၂ ဦး ၊ ယူနန် ၂ ဦး၊ ပေကျင်း ၁ ဦး၊ ကျန်းဆူး ၁ ဦး ၊ ဟဲနန် ၁ ဦး) ရှိပြီး လက္ခဏာမပြ ကူးစက်ခံရသူမှ အတည်ပြုလူနာ ဖြစ်လာသူ ၈ ဦး(ကျဲ့ကျန်း ၃ ဦး၊ ထျန်းကျင်း ၂ ဦး၊ ကွမ်တုန်း ၂ ဦး ၊ ဟဲနန် ၁ ဦး)ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ရှီးအန်းမြို့တွင် နျူကလစ်အက်ဆစ် ဆေးစစ်မှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြည်တွင်းကူးစက်မှု ၁၁၀ ဦးတွင် ဟဲနန် ၈၇ ဦး၊ ကျိန့်ကျိုး ၁၁ ဦး ၊ အန်းရန် ၂ ဦး ၊ ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ ၁၃ ဦး ၊ ထျန်းကျင်း ၁၀ ဦး ဖြစ်ကြောင်း သိရသည်။ ထပ်တိုးသေဆုံးလူနာနှင့်သံသယလူနာ မရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် နျူကလစ်အက်ဆစ် ဆေးစစ်မှုများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းနေ့တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၁၃၈ ဦး ၊ အနီးကပ် ကျန်းမာရေးစောင့်ကြည့်မှုမှ ဖြေလျှော့လိုက်သူ ၁,၃၇၀ ဦး ရှိပြီး ရောဂါပြင်းထန်သူ အရေအတွက်သည် ပြီးခဲ့သည့်ရက်ကထက် ၆ ဦး လျော့နည်းသွားကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပကူးစက်မှု အတည်ပြုလူနာ ၁,၁၃၀ ဦး (ရောဂါ ပြင်းထန်သူ ၃ ဦး ပါဝင်) ရှိပြီး သံသယလူနာ ၁ ဦးရှိကြောင်း၊ စုစုပေါင်း အတည်ပြုလူနာ ၁၁,၇၇၀ ဦး၊ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၁၀,၆၄၀ ဦး နှင့် သေဆုံးလူနာ မရှိကြောင်း သိရသည်။

ဇန်နဝါရီ ၁၀ ရက် ၂၄ နာရီအတွင်း ပြည်နယ်၊ ဒေသ၊ မြို့ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ လက်ရှိတွင် အတည်ပြုလူနာ ၃,၄၅၈ ဦး(ရောဂါပြင်းထန်လူနာ ၂၁ ဦး ပါဝင်)၊ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၉၅,၈၇၄ ဦး၊ စုစုပေါင်း သေဆုံးလူနာ ၄,၆၃၆ ဦး ၊ စုစုပေါင်း အတည်ပြုလူနာ ၁၀၃,၉၆၈ ဦး နှင့် လက်ရှိတွင် သံသယလူနာ ၁ ဦး ရှိကြောင်း သိရသည်။
ရောဂါကူးစက်သူနှင့် အနီးကပ်ထိတွေ့သူများအား ခြေရာခံစောင့်ကြည်မှု စုစုပေါင်း ၁,၄၅၈,၃၄၀ ဦး ရှိပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှု ခံယူနေသူ ၄၅,၀၉၀ ဦး ရှိကြောင်း သိရသည်။

အသစ်ထပ်တိုးသည့် လက္ခဏာမပြ ရောဂါ ကူးစက်သူ ၅၀ ဦးရှိပြီး ၎င်းတို့အနက် ပြည်ပကူးစက်မှု ၃၉ ဦး၊ ပြည်တွင်းကူးစက်မှု ၁၁ဦး(အားလုံးမှာ ထျန်းကျင်း၊ ကျင်းနန်ဒေသမှဖြစ်) ရှိရာ ယင်းနေ့တွင် အတည်ပြုလူနာဖြစ်ခဲ့သူ ၈ ဦး ရှိကြောင်း ၊ ယင်းနေ့တွင် ကျန်းမာရေးစောင့်ကြည်မှုမှ ဖြေလျှော့လိုက်သူ ၂၀ ဦး (အားလုံးမှာ ပြည်ပကူးစက်မှုဖြစ်) ၊ ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှုခံယူနေသည့် လက္ခဏာမပြ ရောဂါကူးစက်သူ ၇၂၁ ဦး (ပြည်ပကူးစက်မှု ၆၈၁ ဦး ပါဝင်) ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသများ၏ သတင်းပေးပို့ချက်များအရ ယင်းဒေသများတွင် အတည်ပြုလူနာ စုစုပေါင်း ၃၀,၂၆၅ ဦး ရှိကြောင်း သိရသည်။ ၎င်းတို့အနက် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၁၂,၇၉၂ ဦး (ဆေးရုံဆင်းလူနာ ၁၂,၂၉၆ ဦး၊ သေဆုံးသူ ၂၁၃ ဦး)၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၇၉ ဦး(ဆေးရုံဆင်းလူနာ ၇၇ ဦး)၊ ထိုင်ဝမ်ဒေသတွင် ၁၇,၃၉၄ ဦး (ဆေးရုံဆင်းလူနာ ၁၃,၇၄၂ ဦး၊ သေဆုံးသူ ၈၅၀ ဦး )ရှိကြောင်း သိရသည်။ (Xinhua)

……………………………………
(Chinese Version)

(聚焦疫情防控)国家卫健委:10日新增新冠肺炎确诊病例192例 其中本土病例110例
2022-01-11 09:41:44
新华社北京1月11日电 国家卫生健康委员会11日通报,1月10日0至24时,31个省(自治区、直辖市)和新疆生产建设兵团报告新增新冠肺炎确诊病例192例。其中境外输入病例82例(上海27例,广东18例,福建10例,天津8例,浙江7例,广西5例,四川2例,云南2例,北京1例,江苏1例,河南1例),含8例由无症状感染者转为确诊病例(浙江3例,天津2例,广东2例,河南1例);本土病例110例(河南87例,其中许昌市74例、郑州市11例、安阳市2例;陕西13例,均在西安市;天津10例,均在津南区)。无新增死亡病例。无新增疑似病例。

当日新增治愈出院病例138例,解除医学观察的密切接触者1370人,重症病例较前一日减少6例。
境外输入现有确诊病例1130例(其中重症病例3例),现有疑似病例1例。累计确诊病例11770例,累计治愈出院病例10640例,无死亡病例。

截至1月10日24时,据31个省(自治区、直辖市)和新疆生产建设兵团报告,现有确诊病例3458例(其中重症病例21例),累计治愈出院病例95874例,累计死亡病例4636例,累计报告确诊病例103968例,现有疑似病例1例。累计追踪到密切接触者1458340人,尚在医学观察的密切接触者45090人。

31个省(自治区、直辖市)和新疆生产建设兵团报告新增无症状感染者50例,其中境外输入39例,本土11例(均在天津津南区);当日转为确诊病例8例(均为境外输入);当日解除医学观察20例(境外输入18例);尚在医学观察的无症状感染者721例(境外输入681例)。

累计收到港澳台地区通报确诊病例30265例。其中,香港特别行政区12792例(出院12296例,死亡213例),澳门特别行政区79例(出院77例),台湾地区17394例(出院13742例,死亡850例)。(完)

图说1:1月9日拍摄的设在天津市南开区鼓楼街道中营小学操场的核酸检测点,该点共开设10条通道供周边居民进行核酸检测(无人机照片)。 新华社记者 孙凡越 摄
图说2:1月2日,市民在西安市新城区排队进行核酸检测。 新华社记者 陶明
图说3:1月9日,在深圳市福田区莲花街道,市民群众有序进行核酸检测。新华社记者 梁旭 摄