Connect with us

Economy

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်း-ချူရှုန် အမြန်အဝေးပြေးလမ်းသစ်ဖွင့်လှစ်

ကူမင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရထားလမ်းဆောက်လုပ်ရေး ခွန်းလွင်ရင်းနှီးမြှုပ်နှံမှုအုပ်စုမှ ရင်းနှီးမြှုပ်နှံပြီး ဖောက်လုပ်ထားသည့် ကူမင်း-ချူရှုန် အမြန်အဝေးပြေးလမ်းသစ်သည် ဇန်နဝါရီ ၂၁ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းအဝေးပြေးလမ်း ဖွင့်လှစ်ခြင်းသည် ယူနန်ပြည်နယ်၏ အရှေ့-အနောက် စင်္ကြံ လမ်းကြောင်း၏ ကူမင်း-ချူရှုန် အမြန်အဝေးပြေးလမ်းတွင် ဖြစ်ပေါ်သည့် ယာဉ်ကြောပိတ်ဆို့မှုကို သိသိသာသာ သက်သာစေနိုင်မည် ဖြစ်ကြောင်းသိရသည်။ကူမင်း-ချူရှုန် အမြန်အဝေးပြေးလမ်းသည် ယူနန်ပြည်နယ် အနောက်ဘက်မြို့နယ် ၈ ခု (တာ့လီ၊ လိကျန်း၊ တက်ဟုန်း အပါအဝင်) ၏ အဓိက ဆက်သွယ်ရေး လမ်းကြောင်းဖြစ်ရာ ယာဉ်အသွားအလာ များပြားခဲ့ပြီး မကြာသေးမီနှစ်များအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားမှုကြောင့် ယူနန်ပြည်နယ်မှ ကူမင်း-ချူရှုန်၊ ချူရှုန်-တာ့လီ အမြန်အဝေးပြေးလမ်းများ ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။

ကူမင်း-ချူရှုန် အမြန်အဝေးပြေးလမ်းသစ်နှင့် Wuding-Yimen အမြန်အဝေးပြေးလမ်း နှစ်သွယ် ကို ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း-ချူရှုန် အမြန်အဝေးပြေးလမ်းသစ်၏ Tanglangchuan တံတာကို ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း-ချူရှုန် အမြန်အဝေးပြေးလမ်းသစ်သည် ကူမင်းမြို့၊ ဝူဟွာခရိုင်၊ မင်ဆန်းအနီးမှ အစပြုကာ ချူရှုန်ပြည်နယ်ခွဲ ၊ Lufeng မြို့၊ Guangtong မြို့နယ်တွင် အဆုံးသတ်ကြောင်း၊ စုစုပေါင်းအရှည် ၁၀၆ ကီလိုမီတာရှိပြီး တံတားနှင့်ဥမင်လိုဏ်ခေါင်းအချိုးမှာ ၆၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ကြောင်း၊ နှစ်လမ်းသွား ယာဉ်ကြော ၆ ခု အမြန်လမ်း စံနှုန်းအတိုင်း ဖောက်လုပ်ထားပြီး တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ အမြန်နှုန်းဖြင့် မောင်းနှင်နိုင်ကြောင်း သိရသည်။

ကူမင်း-ချူရှုန် အမြန်အဝေးပြေးလမ်းသစ်၏ Tanglangchuan တံတာကို ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း-ချူရှုန် အမြန်အဝေးပြေးလမ်းသစ်ကို ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း-ချူရှုန် အမြန်အဝေးပြေးလမ်းသစ်၏ Tanglangchuan တံတာကို ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း-ချူရှုန် အမြန်အဝေးပြေးလမ်းသစ် တည်ဆောက်ပြီးစီးဖွင့်လှစ်ပြီးနောက် ကူမင်းမြို့မှ ချူရှုန်သို့ သွားရန် အချိန် ၁ နာရီသာ လိုအပ်ပြီး ယူနန်အနောက်ပိုင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်စေမည့် အဓိကလမ်းကြောင်းသစ် ဖြစ်လာမည်ဟု သိရသည်။(Xinhua)

………………………………………………
(Chinese Version)
(经济)云南新昆楚高速公路通车
新华社昆明1月21日电(记者丁怡全)据中国铁建昆仑投资集团消息,由该公司投资建设的新昆楚高速公路(昆明至楚雄)21日建成通车。这将显著缓解云南东西向大通道昆楚高速公路的交通压力。

昆楚高速公路是云南省会昆明通往滇西八个州市(包括大理、丽江、德宏等)的交通要道,因车流量大,近年来经常发生严重拥堵。为此,云南决定修建昆明至楚雄、楚雄至大理高速公路复线。

其中,新昆楚高速公路起于昆明市五华区岷山附近,止于楚雄州禄丰市广通镇,线路全长约106公里,桥隧比62.8%,按双向六车道高速公路标准建设,设计速度每小时100公里。

新昆楚高速公路建成通车后,从昆明到楚雄只需1个多小时,将成为带动滇西经济发展的新干线。(完)
图说1-1月21日拍摄的新昆楚高速公路与武易高速公路互通(无人机照片)。新华社记者 陈欣波 摄
图说2-1月21日拍摄的新昆楚高速公路(左)与武易高速公路(无人机照片)。新华社记者 陈欣波 摄
图说3- 1月21日拍摄的新昆楚高速公路螳螂川特大桥(无人机照片)。新华社记者 陈欣波 摄
图说4- 1月21日拍摄的新昆楚高速公路景色(无人机照片)。新华社记者 陈欣波 摄
图说5-1月21日拍摄的新昆楚高速公路景色(无人机照片)。新华社记者 陈欣波 摄
图说6- 1月21日拍摄的新昆楚高速公路螳螂川特大桥(无人机照片)。新华社记者 陈欣波 摄