Connect with us

Economy

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏမှာ ပထမဆုံးအကြိမ် အမေရိကန် ဒေါ်လာ ၆ ထရီလီယံ ကျော်လွန်ခဲ့

ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် အဆင့်သစ်သို့ တစ်ဖန်ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ သွင်းကုန်ပို့ကုန် ကုန်သွယ်မှုပမာဏသည် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၆ ထရီလီယံ ကျော်လွန်ခဲ့ပြီး စံချိန်သစ်တင်ခဲ့ကြောင်း တရုတ်နိုင်ငံအကောက်ခွန် ရုံးချုပ်မှ ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန်သော အချက်အလက် အရသိရသည်။အချက်အလက်များအရ ၂၀၁၃ ခုနှစ်တွင် ပထမအကြိမ် အမေရိကန်ဒေါ်လာ ၄ ထရီလီယံသို့ရောက်ရှိပြီးနောက် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ထရီလီယံ နှင့် ၆ ထရီလီယံအထိ ဆက်တိုက်တိုးမြင့်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၅ ထရီလီယံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ယင်းနှစ်၏နိုင်ငံခြားကုန်သွယ်မှု တိုးမြင့်လာမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁.၄ ထရီလီယံရှိကြောင်း ယင်းပမာဏမှာ ၂၀၀၅ ခုနှစ် တစ်နှစ်ပတ်လုံး၏နိုင်ငံခြားကုန်သွယ်မှုပမာဏနှင့် ညီမျှကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ဆန်းတုန်းပြည်နယ် Yantai ဆိပ်ကမ်းရှိ တင်ပို့ရန်ရပ်နားထားသောယာဉ်များကို ဒီဇင်ဘာလ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ယွမ်နှင့်တွက်ချက်ပါက ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယွမ် ၃၉ ဒသမ ၁ ထရီလီယံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ထက် ၂၁ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။ ၎င်းတို့အနက် ပို့ကုန်မှာ ယွမ် ၂၁ ဒသမ ၇၃ ထရီလီယံရှိပြီး ကာလတူထက် ၂၁ ဒသမ ၂ ရာခိုင်နှုန်းတိုးလာကာ၊ သွင်းကုန်မှာ ယွမ် ၁၇ ဒသမ ၃၇ ထရီလီယံရှိပြီး ကာလတူထက် ၂၁ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။

၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သွင်းကုန်နှင့် ပို့ကုန်၊ ပို့ကုန်နှင့် သွင်းကုန် ကုန်သွယ်မှု ပမာဏသည် ၂၃ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၆ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂၁ သဒမ ၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ဆန်းတုန်းပြည်နယ် Yantai ဆိပ်ကမ်းရှိ တင်ပို့ရန်ရပ်နားထားသောယာဉ်များကို ဒီဇင်ဘာလ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးက ကမ္ဘာပေါ်မှာ ဦးဆောင်တဲ့အနေအထားမှာရှိနေတယ်။ နိုင်ငံခြားကုန်သွယ်မှုပမာဏဟာ အရှိန်အဟုန်နဲ့တိုးမြင့်လာသလို အရည်အသွေးလည်း တည်ငြိမ်တဲ့အနေအထားနဲ့ တိုးတက်လာခဲ့တယ်” ဟု တရုတ်နိုင်ငံ အကောက်ခွန်ရုံးချုပ် ပြောရေးဆိုခွင့်ရှိသူနှင့် စာရင်းအင်းလေ့လာသုံးသပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး Li Kuiwen က ထိုနေ့တွင် ကျင်းပသည့် နိုင်ငံတော်ကောင်စီ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ကျန်းဆူးပြည်နယ် ချင်းသောင်ဆိပ်ကမ်းရှိ ကွန်တိန်နာများကို ဒီဇင်ဘာလ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၂၀၂၁ ခုနှစ် တရုတ်နိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်ငါးနိုင်ငံမှာ အာဆီယံ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ ယွမ် ၅ ဒသမ ၆၇ ထရီလီယံ၊ ၅ ဒသမ ၃၅ ထရီလီယံ၊ ၄ ဒသမ ၈၈ ထရီလီယံ၊၂.၄ ထရီလျံ ယွမ် နှင့် ၂.၃၄ ထရီလီယံ အသီးသီး ရှိခဲ့ပြီး အလားတူကာလထက် ၁၉ ဒသမ ၇ ရာခိုင်နှုန်း၊ ၁၉ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၀ ဒသမ ၂ ရာခိုင်နှုန်း၊ ၉ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၁၈ ဒသမ ၄ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရသည်။ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့်ပိုးလမ်းမ” တစ်လျှောက်ရှိ နိုင်ငံများသို့ ကုန်သွယ်မှုပမာဏသည် ၂၃ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာ စုစုပေါင်းတိုးတက်မှုနှုန်းထက် ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးမြင့်လာသည်။

နိုင်ငံခြား ကုန်သွယ်မှု စျေးကွက်တွင် ပုဂ္ဂလိက လုပ်ငန်းများ၏ စွမ်းဆောင်ရည် ကောင်းမွန်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၌ သွင်းကုန်၊ ပို့ကုန်စွမ်းဆောင်ရည်ရှိသော လုပ်ငန်းအရေအတွက်သည် ၅၆၇,၀၀၀ ရှိပြီး ၃၆,၀၀၀ ကျော်တိုးလာခဲ့ကြောင်း၊ ၎င်းတို့အနက် ပုဂ္ဂလိကလုပ်ငန်းများ၏ ကုန်သွယ်မှုမှာ ယွမ် ၁၉ ထရီလီယံရှိပြီး ၂၆ ဒသမ ၇ ရာခိုင်နှုန်း တိုးလာကာ တရုတ်နိုင်ငံနိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း၏ ၄၈ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး အချိုးအစားအရ ၂ ရာခိုင်နှုန်း တိုးလာခြင်း ဖြစ်သည်။

အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စက်ပိုင်းဆိုင်ရာနှင့် လျှပ်စစ်ထုတ်ကုန်များ တင်ပို့မှုမှာ ယွမ် ၁၂ ဒသမ ၈၃ ထရီလီယံဖြစ်ပြီး ၂၀ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကာ စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၅၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ၎င်းတို့အနက် အလိုအလျောက်ဒေတာလုပ်ဆောင်ခြင်းဆိုင်ရာ စက်ပစ္စည်းများနှင့် ၎င်း၏အပိုပစ္စည်းများ၊ မိုဘိုင်းလ်ဖုန်းများ၊ မော်တော်ယာဉ်များသည် ၁၂ ဒသမ ၉ ရာခိုင်နှုန်း၊ ၉ ဒသမ ၃ ရာခိုင်နှုန်း၊ ၁၀၄ ဒသမ ၆ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့ကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)

(经济)中国外贸额首破6万亿美元关口

2022-01-14 11:09:32 分类: 宏观经济
新华社北京1月14日电(记者刘红霞)中国外贸再次迈上了新台阶。海关总署14日发布数据显示,2021年,以美元计价,我国货物贸易进出口规模首次突破6万亿美元,创下历史新高。
数据显示,在2013年首次达到4万亿美元后,我国外贸在2021年内连续跨过5万亿、6万亿美元两大台阶,达到6.05万亿美元。这一年的外贸增量达到了1.4万亿美元,相当于2005年全年外贸规模。
以人民币计价,2021年我国进出口总值39.1万亿元,比2020年增长21.4%。其中,出口21.73万亿元,同比增长21.2%;进口17.37万亿元,增长21.5%。
与2019年相比,进出口、出口、进口分别增长23.9%、26.1%、21.2%。
“我国经济发展和疫情防控保持全球领先地位,外贸进出口实现较快增长,规模再创新高、质量稳步提升。”海关总署新闻发言人、统计分析司司长李魁文在当天举行的国务院新闻办公室新闻发布会上说。
从贸易伙伴看,2021年,我国前五大贸易伙伴分别为东盟、欧盟、美国、日本和韩国,进出口总值分别为5.67万亿元、5.35万亿元、4.88万亿元、2.4万亿元和2.34万亿元,同比分别增长19.7%、19.1%、20.2%、9.4%和18.4%。同期,我国对“一带一路”沿线国家进出口增长23.6%,比整体增速高2.2个百分点。
从外贸市场主体看,民营企业表现不俗。2021年,我国有进出口实绩的企业数量为56.7万家,增加3.6万家。其中,民营企业进出口19万亿元,增长26.7%,占我国外贸总值的48.6%,比重提升2个百分点。
数据显示,2021年,我国机电产品出口12.83万亿元,增长20.4%,占出口总值的59%,其中,自动数据处理设备及其零部件、手机、汽车分别增长12.9%、9.3%、104.6%。(完)
图说1- 12月7日在江苏连云港港口码头拍摄的大批集装箱(无人机照片)。新华社发(耿玉和摄)
图说2-12月7日,大批出口商品车在山东港口烟台港集结等待装船(无人机照片)。新华社发(唐克摄)
图说3- 12月7日,出口工程机械在山东港口烟台港集结等待装船(无人机照片)。 新华社发(唐克摄)
图说4- 12月7日,在山东港口青岛港,运输集装箱车辆从堆积的集装箱旁经过。新华社发(俞方平摄)