Connect with us

China

တရုတ်နိုင်ငံ၏ အမျိုးသား ဘက်စုံဆန်းသစ်တီထွင်မှု အဆင့်သတ်မှတ်ချက်က ကမ္ဘာ့အဆင့် ၁၂ သို့ ရောက်ရှိ

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ၏ နည်းပညာဆိုင်ရာ စက်ကိရိယာပြခန်းကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် “၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကို ကောင်းမွန်စွာ စတင်နိုင်ခဲ့ပြီး ၎င်း၏ အမျိုးသား ဆန်းသစ်တီထွင်နိုင်မှုဆိုင်ရာ အဆင့်သတ်မှတ်ချက်သည် ကမ္ဘာ့အဆင့် ၁၂ သို့ ရောက်ရှိခဲ့ကြောင်းနှင့် အခြေခံရှေ့ပြေးနယ်ပယ်များတွင် အဓိက အောင်မြင်မှုများ ရရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတကာတွင် စပ်မျိုးကစီဓာတ်ကို ဓာတ်ခွဲခန်းတွင် ပထမဆုံး အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ “Tianwen-1″ သည် အင်္ဂါဂြိုဟ်သို့ ခရီးစတင်ခဲ့ကြောင်း၊ “Xihe” သည် နေရောင်ခြည် စူးစမ်းလေ့လာရာတွင် အောင်မြင်မှုရရှိခဲ့ကြောင်း၊ Shenzhou-13 သည် Tianhe အာကာသစခန်း ပင်မခန်းနှင့်အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ကြောင်း၊ “Haidou-1” ပင်လယ်ရေအောက် ရေငုပ်သင်္ဘောသည် ကမ္ဘာ့စံချိန်များစွာကို ချိုးနိုင်ခဲ့ကြောင်း စသည့် မဟာဗျူဟာမြောက် အဆင့်မြင့်နည်းပညာ တိုးတက်မှုသစ်များ ရရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၄ ရက်တွင် Shenzhou 12 အာကာသယာဉ်မှူးများ ပူးပေါင်းလက်တွဲကာ အာကာသစခန်း ပြင်ပတာဝန်ထမ်းဆောင်မှု အပြည့်အဝအောင်မြင်စွာလုပ်ဆောင်ခဲ့ပြီး အာကာသစခန်း ပင်မခန်းသို့ ဘေးကင်းစွာပြန်လည်ရောက်ရှိစဉ် (ဆင်ဟွာ)

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ၏ နည်းပညာဆိုင်ရာ စက်ကိရိယာပြခန်းကို တွေ့ရစဉ် (ဆင်ဟွာ)

ဇန်နဝါရီ ၆ ရက်တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ၂၀၂၂ခုနှစ် အမျိုးသား သိပ္ပံနှင့်နည်းပညာဆိုင်ရာ လုပ်ငန်းညီလာခံအစည်းအဝေးကို ဗီဒီယိုလင့်ခ်ပုံစံဖြင့် ကျင်းပခဲ့ရာ ၂၀၂၁ ခုနှစ် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လုပ်ငန်းများကို အကျဉ်းချုပ်ဖော်ပြခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အဓိကအကောင်အထည်ဖော်မည့် တာဝန်များကိုလည်း ချမှတ်ခဲ့သည်။

၂၀၂၁ ခုနှစ်သည် “၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ၏ ပထမနှစ်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ထောက်ပြခဲ့သည်။ အမျိုးသားသိပ္ပံနည်းပညာအသိုက်အဝန်းသည် CPC ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့၏ အဓိက ဆုံးဖြတ်ချက်များနှင့် နေရာချထားမှုများကို ကောင်းမွန်စွာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုသည် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုပုံစံသစ်ကို တည်ဆောက်ခြင်းနှင့် နိုင်ငံတော်လုံခြုံရေးကို အကာအကွယ်ပေးခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး “၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကို ကောင်းမွန်စွာ စတင်နိုင်ခဲ့သည်။ အမျိုးသား ဘက်စုံဆန်းသစ်တီထွင်နိုင်မှုဆိုင်ရာ အဆင့်သတ်မှတ်ချက်သည် ကမ္ဘာ့အဆင့် ၁၂ သို့ ရောက်ရှိလာခဲ့သည်။

တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီး Wang Zhigang က ၂၀၂၂ ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လုပ်ငန်းသည် “ရှုထောင့်လေးခု” ကို ခိုင်မာစွာလက်ကိုင်ထားရမည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာတွင် မိမိကိုယ်ကိုအားကိုးမှုရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်၊ သိပ္ပံနှင့်နည်းပညာမူဝါဒကို ခိုင်မာစွာ အကောင်အထည်ဖော်နိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပြုပြင်ပြောင်းလဲရေး သုံးနှစ်စီမံကိန်းကို အဓိကထားကာ အစိုးရ၏ လုပ်ငန်းဆောင်တာများ အသွင်ကူးပြောင်းရေးကို အရှိန်မြှင့်ရန်နှင့် လုပ်ငန်းပုံစံကို ပြောင်းလဲရန်၊ ပြုပြင်ပြောင်းလဲရေးကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန်၊ အမျိုးသားမဟာဗျူဟာ သိပ္ပံနှင့်နည်းပညာ အင်အားခိုင်မာစေရေး၊အခြေခံသုတေသန အားကောင်းစေရေး၊ ပင်မနည်းပညာများကို ခိုင်မာစွာလက်ကိုင်ပြုရေး၊ စီးပွားရေးလုပ်ငန်းတွင် ဆန်းသစ်တီထွင်မှု အားကောင်းလာစေရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာပုဂ္ဂိုလ်များဖွဲ့စည်းမှု အားကောင်းစေရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု ဂေဟပတ်ဝန်းကျင်သစ်ကို ကောင်းမွန်အောင် လုပ်ဆောင်ခြင်း၊ ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန် ကြိုးပမ်းခြင်း၊ သိပ္ပံနည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု၏ ဘက်စုံစွမ်းဆောင်ရည်ကို တိုးမြှင့်ခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအတွက် သိပ္ပံနှင့်နည်းပညာ၏ ပံ့ပိုးကူညီမှု ရရှိခြင်း စသည်တို့ကို အလေးထားလုပ်ဆောင်ရန် ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် လုပ်ငန်းကဏ္ဍ ၁၀ ခုကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ (၁) ပိုမိုကောင်းမွန်သော မဟာဗျူဟာမြောက် လမ်းညွှန်မှုအခန်းကဏ္ဍတွင် ပါဝင်နိုင်ရန် သိပ္ပံနှင့်နည်းပညာဆိုင်ရာ စီမံကိန်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရေး ၊ (၂)အခြေခံသုတေသန ဆယ်နှစ်စီမံကိန်းအကောင်အထည်ဖော်ရန် ပင်မနည်းပညာများကိုလက်ကိုင်ထားရေး၊ (၃)မဟာဗျူဟာမြောက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ အင်အားစုများ၏ ဦးဆောင်အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရန်အမျိုးသားဓာတ်ခွဲခန်းစနစ်၏ ထိရောက်သောလည်ပတ်မှုကို မြှင့်တင်ရေး၊ (၄)စီးပွားရေးလုပ်ငန်းဆန်းသစ်တီထွင်မှုကို အားကောင်းစေရန် ဆန်းသစ်တီထွင်မှုဆိုင်ရာ အရင်းအမြစ်များကို စီးပွားရေးလုပ်ငန်းတွင်စုစည်းရေး၊ (၅) သိပ္ပံနှင့် နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ၏ အောင်မြင်မှုများကို ပြည်သူတို့၏ အသက်မွေးဝန်းကျောင်းမြှင့်တင်မှုတွင် အသုံးချရေး၊ (၆) ကာဗွန်ထုတ်လွှတ်မှုလျော့ချရေးအမြင့်ဆုံးနှင့် ကာဗွန်အလယ်အလတ်အဆင့် ရောက်ရှိရေးအတွက် အစိမ်းရောင်ကာဗွန်နည်းပညာ အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ရေး၊ (၇) အဆင့်မြင့် နိုင်ငံတကာသိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုစင်တာများနှင့် ဒေသတွင်း သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုစင်တာများကို တည်ဆောက်ကာ ဆန်းသစ်တီထွင်မှုအရင်းအမြစ်များနှင့် ဖွံ့ဖြိုးတိုးတက်မှုထောက်တိုင်များကို ဖန်တီးရေး၊ (၈) သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု၏ ဂေဟပတ်ဝန်းကျင်အား အကောင်းဆုံးဖြစ်အောင် သိပ္ပံနှင့်နည်းပညာစနစ် ပြုပြင်ပြောင်းလဲရေး သုံးနှစ်စီမံကိန်းကို အကောင်အထည်ဖော်ရေး၊ (၉) သိပ္ပံနှင့်နည်းပညာဆိုင်ရာလူရည်ချွန်များတိုးမြှင့်စုစည်းရေး၊ (၁၀) သိပ္ပံနှင့်နည်းပညာဆိုင်ရာပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှုပုံစံကို ချဲ့ထွင်ပြီး ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနှင့် နည်းပညာဆိုင်ရာ စီမံဆောင်ရွင်မှုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————–
(Chinese Version)
中国国家创新能力综合排名上升至世界第12位
2022-01-06 23:41:28 分类: 政治法律
新华社北京1月6日电(记者胡喆)实现“十四五”良好开局,中国国家创新能力综合排名上升至世界第12位;基础前沿领域取得重大原创成果,国际首次在实验室实现人工合成淀粉;战略高技术取得新进展,“天问一号”开启火星之旅,“羲和号”实现太阳探测零的突破,神舟十三号与天和核心舱成功对接,“海斗一号”全海深潜水器打破多项世界纪录……
1月6日,2022年全国科技工作会议在北京以视频形式召开,总结2021年科技工作,部署2022年重点任务。
会议指出,2021年是“十四五”开局之年,全国科技界坚决贯彻落实中共中央、国务院重大决策部署,推动各项任务扎实落地,科技创新在防控疫情、推动高质量发展、构建新发展格局和保障国家安全中发挥了重要作用,实现“十四五”良好开局。国家创新能力综合排名上升至世界第12位。
科技部部长王志刚在工作报告中表示,2022年科技工作要坚持“四个面向”,以加快实现高水平科技自立自强为目标,以狠抓科技政策扎实落地为主题,以科改三年攻坚方案为主线,加快转变政府职能、转变作风、深化改革,做好统筹协调,着力强化国家战略科技力量,着力加强基础研究,着力打好关键核心技术攻坚战,着力强化企业创新主体地位,着力加强科技人才队伍建设,着力优化科技创新生态,着力扩大开放合作,提升科技创新整体效能,发挥科技对国家发展和安全的战略支撑作用。
据介绍,2022年科技部将重点抓好十方面工作:一是全面推动科技规划任务落实,更好发挥战略导向作用。二是实施基础研究十年规划,抓好关键核心技术攻关。三是推动国家实验室体系有效运行,发挥战略科技力量引领作用。四是强化企业创新主体地位,推进创新资源向企业聚集。五是加快科技攻关和成果应用,支撑引领稳增长和民生改善。六是实施科技支撑碳达峰碳中和行动,加快推动绿色低碳转型。七是高水平建设国际科技创新中心和区域科技创新中心,打造一批创新策源地和增长极。八是实施科技体制改革三年攻坚方案,优化科技创新生态。九是聚焦战略人才力量,加大人才培养引进使用力度。十是拓展科技合作开放方式,积极参与全球科技治理。(完)
图说1-11月5日拍摄的第四届进博会技术装备展区。新华社记者 金立旺 摄
图说2-11月7日,在第四届进博会技术装备展区,一款自动化装置在展示集装箱式房屋搭建。新华社记者 金立旺 摄
图说3-7月4日,神舟十二号航天员乘组密切协同,圆满完成出舱活动期间全部既定任务,航天员刘伯明、汤洪波安全返回天和核心舱,标志着我国空间站阶段航天员首次出舱活动取得圆满成功 金立旺摄