Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြောက်ဘက်သို့ ရွှေ့ပြောင်းသည့် ဆင်အုပ်ကြီး အယ်ဆန်းခရိုင်မှ ရိမန်ခရိုင်သို့ ပြန်ရောက်ရှိလာ

ကူမင်း၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)

ယူနန်မြောက်ဘက်သို့ ရွှေ့ပြောင်းသည့် ဆင်အုပ်ကြီးသည် ဇွန် ၂၀ ရက် ၁၈ နာရီမှ ဇွန် ၂၁ ရက် ၁၈ နာရီအတွင်း မြောက်ဘက် (၉.၃)ကီလိုမီတာအကွာသို့ ရွှေ့ပြောင်းလျက်ရှိပြီး ယွိရှီးမြို့ အယ်ဆန်းခရိုင်မှ ရိမန်ခရိုင် စီကျယ်ကျေးရွာ တောအုပ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်း အာရှဆင်အုပ် လုံခြုံရေးကာကွယ်မှုလုပ်ငန်း ပြည်နယ်အဆင့် ညွှန်ကြားရေးဌာနမှ သိရှိရသည်။ သင်းကွဲဆင်တစ်ကောင်သည် ဆင်အုပ်၏အရှေ့အရပ်မြောက်စွန်း (၂၄.၆)ကီလိုမီတာတွင် ရှိပြီး ကူမင်းမြို့ ဖူနင်ဒေသ စွမ်းဟော်ကျေးရွာ သစ်တောအတွင်း သွားလာလှုပ်ရှားနေကြောင်း သိရသည်။ယခုကာလများတွင် ဆင်အုပ်ကြီးသည် ရိမန်၊ အယ်ဆန်း နေရာနှစ်ခုအကြား သွားလာလှုပ်ရှားလျက်ရှိရာ မြေပြင်ညွှန်ကြားညှိနှိုင်းရေးနှင့် ရွှေ့ပြောင်းရေး ကူညီဆောင်ရွက်ရေးအတွက် စိန်ခေါ်မှုပို၍ကြီးလာကြောင်း၊ ဆင်အုပ်ရွှေ့လျား သွားလာနေသည့် လမ်းကြောင်းအနီး ကျေးရွာများပြားခြင်းကြောင်း လုံခြုံရေးကာကွယ်ထိန်းချုပ်ရာတွင် ပို၍ ခက်ခဲစေကြောင်း သိရသည်။

အမျိုးသား သစ်တောနှင့်မြက်ခင်းပြင် စီခန့်ခွဲရေးဌာနက ရှေ့တန်းတွင် လမ်းညွှန်လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဆွေးနွေးဖလှယ်ပွဲ ကျင်းပပြီး ဆင်အုပ်ကြီး ရွှေ့ပြောင်းသွားလာမည့်လမ်းကြောင်းကို ကြိုတင်တွက်ချက်ကာ လူနှင့်ဆင်အားလုံး လုံခြုံမှုရှိစေရန် ဖြေရှင်းရန်နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ပြည်နယ်အဆင့် ညွှန်ကြားရေးဌာနက ဆင်အုပ်ကြီး၏ ရွှေ့ပြောင်းသည့်နေရာကို အနီးကပ်စောင့်ကြည့်၍ လေ့လာကြိုတင်သတိပေးခြင်းနှင့် မြေပြင်အစီအစဉ်များကို လမ်းညွှန်ခြင်းပြုလုပ်ခဲ့သလို ပညာရှင်အဖွဲ့ဖွဲ့၍ မြေပြင်တွင် လေ့လာစောင့်ကြည့်သုံးသပ်မှုများ ပြုလုပ်စေပြီး မြေပြင်ညွှန်ကြားရေးဌာနနှင့်အတူ ပူးပေါင်းကာ ဆင်အုပ်ကြီးရွှေ့ပြောင်းရာလမ်းကြောင်း ချောမွေ့စေရန်၊ လူနှင့်ဆင် လုံခြုံဘေးကင်းမှုရှိစေရန် ကြိုတင်ကာကွယ် လမ်းပြမှုများလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ဆင်အုပ်ကြီးအား တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွိရှီးမြို့ အယ်ဆန်းခရိုင်တွင် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆင်အုပ်ကြီးအား တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွိရှီးမြို့ အယ်ဆန်းခရိုင်တွင် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖူနင်ဒေသ၊ အန်းနင်မြို့၊ ရိမန်ခရိုင်၊ အယ်ဆန်းခရိုင် မြေပြင်ညွှန်ကြားရေးဌာနများကလည်း တစ်ပြေးညီဆောင်ရွက်ခဲ့သည်။ မြေပြင်ညွှန်ကြားရေးဌာနက ဆင်အုပ်ရွှေ့လျားရာ အနီးကျေးရွာများရှိပြည်သူများ၊ အထူးသဖြင့် အခြေခံပညာသင်ကျောင်းသားကျောင်းသူများအား အာရှဆင်ကာကွယ်စောင့်ရှောက်ရေးနှင့် ကြိုတင်ကာကွယ်ရေး ဗဟုသုတများကို မျှဝေခဲ့သည်။ ရိမန်နှင့်အယ်ဆန်းရှိ မြေပြင်ညွှန်ကြားရေးဌာနများကလည်း မြေပြင်ထိန်းချုပ်စီမံရေး ၊ ဆင်အစာကျွေးရေး၊ အတားအဆီးထားရှိရေး၊ လမ်းကြောင်း ထိန်းချုပ်ရေး၊ အရေးပေါ်အစီအမံ စသည့် နည်းလမ်းများကို ဆွေးနွေးလျက်ရှိရာ ဆင်အုပ်ကြီးတောင်ဘက်သို့ ရွှေ့လျားရန် သိပ္ပံနည်းကျ လမ်းညွှန်မှုများ ဆက်လက်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

———————————
(Chinese Version)

云南北移亚洲象群从峨山县重回易门县

新华社昆明6月21日电(记者赵珮然)记者从云南北移亚洲象群安全防范工作省级指挥部了解到,6月20日18时至6月21日18时,象群总体向北迁移9.3公里,从玉溪市峨山县重新进入易门县十街乡林地内活动。独象位于象群东偏北方向,距离象群24.6公里,持续在昆明市晋宁区双河乡林地内小范围活动。

近期,象群在易门、峨山两地来回移动,对现场指挥协调、协同助迁带来较大挑战,象群移动路线周边村庄多且分布零散,安全防控难度加大。
国家林业和草原局工作组下沉一线指导工作,召开现场研讨会,研判象群迁移方向,商讨安全处置方案,对确保人象安全提出要求。省级指挥部密切关注象群迁移动向,针对象群北移情况,指导开展监测预警和现场布防,组织专家实地踏查评估,分析研判象群迁移路线,研究制定引导和布防方案,并要求现场指挥部加强配合,合力布防,保证象群迁移通道通畅、确保人象平安。

晋宁区、安宁市、易门县、峨山县现场指挥部同步运行。现场指挥部持续对象群活动范围周边村镇群众,尤其是中小学生开展亚洲象保护和防范知识普及。易门、峨山现场指挥部协同配合,召开研判部署会议,加强现场管控,采取投喂象食、隔离围挡、道路管制、紧急疏散等措施,继续科学引导象群向南迁移。(完)

图说6月20日在云南省玉溪市峨山县拍摄的象群(无人机视频截图)。新华社发(云南省森林消防总队供图)