Connect with us

China

တရုတ်နိုင်ငံ ၏ ရထားလမ်းစသည့်ဌာနများက နှစ်ကူးနွေဦးပွဲတော်ခရီးသွားလာမှု လုံခြုံရေးအာမခံချက် နှင့် ဝန်ဆောင်မှုလုပ်ငန်းကို အားဖြည့်လုပ်ဆောင်

China Railway လန်ကျိုးဗျူရို လန်ကျိုးအနောက်မီးရထားဘူတာတွင် ရပ်နားထားသော ကျည်ဆန်ရထားများကို ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၂၆ ရက်သည် နှစ်ကူးနွေဦးပွဲတော်ခရီးသွားလာမှု၏ ၁၀ ရက်မြောက်နေ့ဖြစ်ရာ နွေဦးပွဲတော်နှင့် နီးကပ်လာသည်နှင့်အမျှ ခရီးသွားလာမှုသည်လည်း တိုးမြင့်လာသည်။တရုတ်နိုင်ငံ ရထားလမ်း၊ လျှပ်စစ်ဓာတ်အား၊ မြို့ပြလေကြောင်း စသည့်ဌာနများက မိမိလုပ်ငန်းခွင်တွင် ဆက်လက်တာဝန်ထမ်ဆောင်နေကြပြီး ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး တို့ကို ပူးပေါင်းစီမံဆောင်ရွက်ပြီး ခရီးသည်များအတွက် အဆင်ပြေလုံခြုံသည့် ဝန်ဆောင်မှုများကို အားဖြည့်လုပ်ဆောင်နေ ကြောင်းသိရသည်။

ဝူဟန်မြို့ ကျည်ဆန်ရထား ရပ်နားရာနေရာမှ ကျည်ဆန်ရထားထွက်ခွာလာသည်ကို ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

China State Railway Group Co., Ltd. ၏ အချက်အလက်များအရ နွေဦးပွဲတော် ခရီးသွားလာမှု ရှေ့၁၀ ရက် (ဇန်နဝါရီ ၁၇ ရက်မှ ၂၆ ရက်အထိ)တွင် နိုင်ငံတစ်ဝှမ်း ရထားဖြင့် ခရီးသွားလာသူ စုစုပေါင်း ၄၉ ဒသမ ၄၂၃ သန်း ခန့်ရှိပြီး ၎င်းအနက် ခရီးသည် ၆ ဒသမ ၃၅ သန်း ခန့် ကို ဇန်နဝါရီ ၂၆ ရက်တွင် ပို့ဆောင်နိုင်ခဲ့ကြောင်း ခန့်မှန်းထားသည်။

နွေဦးပွဲတော် ခရီးသွားကာလတွင် China Railway ကျိန့်ကျိုးဗျူရို၏ Luoyang Longmen ဘူတာနှင့် အခြားမြန်နှုန်းမြင့်ရထားဘူတာများတွင် ပိုးသတ်ဆေးဖြန်းသည့် စက်ရုပ်များနှင့် သတင်းအချက်အလက်မေးမြန်းသည့်စက်ရုပ် စသည့် နည်းပညာအသစ်များ တပ်ဆင်ထားရှိပြီး ရထားလက်မှတ်စစ်ဆေးရေး နားနေစောင့်ဆိုင်းခြင်း၊ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေးတို့တွင် ထိတွေ့မှုမဲ့ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိကာ ခရီးသည်များ၏ ခရီးသွားလာမှုကို ပိုမိုအဆင်ပြေ စေသည်။ နွေဦးပွဲတော်ခရီးသွားကာလအတွင်း အစည်ကားဆုံး မြေအောက်ရထားဘူတာဖြစ်သည့် ရှန်ဟိုင်း Hongqiao မြေအောက်ရထားဘူတာရုံ “Xiaoyu Meteor Scooter ” ဝန်ဆောင်မှုအဖွဲ့သည် ရထားလမ်းဦးစီးဌာနနှင့် ပူးပေါင်းကာ ရောက်ရှိလာသည့် ခရီးသည်များအား မြေအောက်ရထားဘူတာရုံအတွင်း လုံခြုံပြီး စနစ်တကျ ဝင်ရောက်နိုင်ရန် လမ်းညွှန်ပေးသည်။

China Railway စိန်ရန်ဗျူရို၏ Benxi ကုန်စည်သယ်ယူပို့ဆောင်ရေးစင်တာသည် “ကျောက်မီးသွေး ထောက်ပံ့မှုကို အာမခံခြင်း” အထူးလုပ်ဆောင်ချပ်ကို ထိရောက်အားကောင်းသော အစီအမံများဖြင့် အကောင်အထည်ဖော်ခဲ့ပြီး အများပြည်သူများ နွေးထွေးစွာ ပွဲတော်ဆင်နွဲနိုင်ရန် နည်းလမ်းများစွာဖြင့် ကျောက်မီးသွေးသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားကဏ္ဍတွင် State Grid Corporation of Chian Dongying မြို့ လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ မှ ဘက်စုံဓာတ်အားထောက်ပို့ရေး အစီအစဉ်ကို ရေးစွဲကာ နွေဦးပွဲတော် ခရီးသွားကာလအတွင်း လျှပ်စစ်ဝန်အားပြောင်းလဲမှုများကို အာရုံစိုက်ဂရုပြုပြီး လုံခြုံရေးအန္တရာယ်များကို အချိန်မီ ဖယ်ရှားရန် အဝေးပြေးကားဂိတ်၊ မီးရထားဘူတာ၊ အမြန်လမ်းဝန်ဆောင်မှု ဧရိယာ စသည့်နေရာများတွင် လျှပ်စစ်ဓာတ်အားပေးကိရိယာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ State Grid Corporation of Chian ကွေ့ကျိုးပြည်နယ်၊ ကွေ့ယန်မြို့လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ မှ မီးရထားဘူတာ၊ လေဆိပ်နှင့် အဝေးပြေးကားဂိတ် စသည့် နွေဦးပွဲတော် ခရီးသွားကာလအတွင်း အဓိက ဓာတ်အားထောက်ပို့ရေး နေရာ ၂၀ ကျော်တွင် လျှပ်စစ်ဓာတ်အားပေးကိရိယာ စစ်ဆေးခြင်းနှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ကာ နွေဦးပွဲတော် ခရီးသွားလာမှုအတွင်း အိမ်ပြန်လမ်း လုံခြုံစေရေးအတွက် စောင့်ရှောက်ပေးသည်။ State Grid Corporation of Chian ကျိနန်မြို့၊ လျန်ဆန်းခရိုင်လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီမှ “နွေဦးပွဲတော်အတွင်း လျှပ်စစ်မီးရရှိရေးကို အာမခံပြီး အိမ်အပြန်လမ်းကို နွေးထွေးစေခြင်း” အထူးလုပ်ဆောင်ချက်ကို စတင်ခဲ့ပြီး ဒေသတွင်း မီးရထားဘူတာများနှင့် အဝေးပြေးကားဂိတ်များ၏ ဓာတ်အားလိုင်းများနှင့် စက်ကိရိယာများကို အကြိမ်ကြိမ် စစ်ဆေးကာ အရေးပေါ် စီမံခန့်ခွဲမှုများ အားကောင်စေရန် လျင်မြန်သော အရေးပေါ်တုံ့ပြန်ရေးယန္တရားကို ထူထောင်၍ ဓာတ်အားပေးလိုင်းများ လုံခြုံပြီး တည်ငြိမ်စွာ လည်ပတ်နိုင်ရန် အားကောင်းသော လုပ်ဆောင်ချက်များ ဆောင်ရွက်ခဲ့သည်။

လေကြောင်းပို့ဆောင်ရေးတွင် မိုးရွာသွန်းခြင်းနှင့် ဆီးနှင်းကျဆင်းခြင်း ရာသီဥတု အခြေအနေအောက်တွင် ခရီးသွားလာမှု ဘေးကင်းတည်ငြိမ်ပြီး စနစ်တကျ ဖြစ်စေရန် ဟဲဖေးလေဆိပ်သည် ဆောင်းရာသီ ရေခဲနှင့် ဆီးနှင်းများ ဖယ်ရှားရေး လုပ်ငန်းနှင့် လေယာဉ်နှောင့်နှေးမှုများကို ဖြေရှင်းရန် အစီအစဥ်ကို ရေးဆွဲချမှတ်ထားပြီး အရေးပေါ် ထောက်ပံ့ရေး လုပ်ငန်းအဖွဲ့ကို ထူထောင်ကာ ၂၄ နာရီ အရေးပေါ် ဝန်ထမ်းများ အသင့်အနေအထား လုပ်ငန်းစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ နွေဦးပွဲတော် ခရီးသွားကာလတွင် China Southern Airlines သည် Guiyang-Wuhan-Quzhou လမ်းကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့ပြီး Guiyang နှင့် Zhuhai ကြား အသွားအပြန် ခရီးစဉ်များကို တိုးချဲ့ခဲ့ပြီး နွေဦးပွဲတော်ကာလတွင် ဒေသများစွာမှ ခရီးသည်များ လေကြောင်းဖြင့် အဆင်ပြေသွားလာနိုင်မှုကို တိုမြှင့်ပေးကြောင်း သိရသည်။ (Xinhua)
………………………………………
(Chinese Version)
(经济)铁路等部门加强春运安全保障和服务工作
2022-01-26 19:57:29 分类: 宏观经济
新华社北京1月26日电(记者樊曦、周圆)26日,春运进入第10天。随着春节临近,出行客流增加。铁路、电力、民航等部门坚守岗位,统筹疫情防控和运输组织,强化安全管理和便民服务,保障广大旅客安全有序出行。
来自中国国家铁路集团有限公司的数据显示,春运前10天(17日至26日),全国铁路预计发送旅客4942.3万人次,其中26日预计发送旅客635万人次。
春运期间,中国铁路郑州局集团公司管内洛阳龙门站等高铁站配备消杀机器人、问讯机器人等新科技产品,在进站检票、候车、防疫等环节提供无接触服务,提升旅客美好出行体验。作为春运期间最繁忙的地铁车站,上海地铁虹桥火车站站“小煜流星轮”服务团队携手铁路部门,引导铁路到达乘客安全有序进地铁站乘车。中国铁路沈阳局集团公司本溪货运中心坚决落实“电煤保供”专项行动,采取有效有力措施,千方百计组织电煤供暖煤运输,为大众温暖过节提供保证。
电力方面,国网东营市东营区供电公司制定综合保供电方案,密切关注春运期间用电负荷变化,对长途汽车站、火车站、高速公路服务区等场所的各类电力设备进行检查巡视,及时消除安全隐患。南方电网贵州贵阳供电局持续开展管内贵阳火车站、机场、客车站等20余处春运重点保供电场所的供电设备巡视及用电检查工作,守护春运平安回家路。国网济宁梁山县供电公司启动“春运保供电,温暖回家路”专项行动,对当地火车站、汽车站供电线路和设备展开多轮次巡检,同时加强应急管理,建立抢险快速反应机制,保障电网安全稳定运行。
民航方面,为确保雨雪天气条件下春运保障工作安全平稳有序,合肥机场制定冬季除冰雪工作方案和大面积航班延误处置预案,成立应急保障工作组,实行24小时应急人员待命工作机制。春运期间,南方航空新开贵阳—武汉—衢州航线,加密贵阳—珠海往返航班,为更多地域旅客春运乘机增添便利。(完)
图说1-1月16日,动车组列车停靠在中铁兰州局兰州车辆段兰州西动车运用所整备场上(无人机照片)。 新华社记者 杜哲宇 摄
图说2- 1月1日,列车从武汉动车段存车线上驶出(无人机照片)。新华社记者 肖艺九 摄