Connect with us

Asia

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC)၏ ပထမဆုံး စက်မှုဥယျာဉ် ဘက်စုံတည်ဆောက်မှုများပြုလုပ်

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်တွင် ကျင်းပသည့် Rashakai အထူးစီးပွားရေးဇုန်ဖွင့်ပွဲအခမ်းအနား၌ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan အမှာစာကားပြောကြားနေသည်ကို မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၂၉ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံတွင် Rashakai အထူးစီးပွားရေးဇုန် တည်ဆောက်မှုဖွင့်ပွဲအခမ်းအနားကို မေ ၂၈ ရက်က ကျင်းပခဲ့သည်။ ၎င်းမှာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံမူဘောင်အောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ပထမဆုံး စက်မှုဥယျာဉ်၏ ဘက်စုံတည်ဆောက်မှုဖြစ်သည်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်တွင် ကျင်းပသည့် Rashakai အထူးစီးပွားရေးဇုန်ဖွင့်ပွဲအခမ်းအနား၌ ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး နုန်ရုန်း အမှာစာကားပြောကြားနေသည်ကို မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်၏ Rashakai အထူးစီးပွားရေးဇုန် လုပ်ငန်းခွင်မြင်ကွင်းတစ်နေရာအား မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စက်မှုထွန်းကားရေးသည် နိုင်ငံ၏အနာဂတ်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် နှစ်များအတွင်း တရုတ်နိုင်ငံ၏စက်မှုကဏ္ဍ တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်လာခြင်းတွင် ပါကစ္စတန်အတွက် လေ့လာသင်ယူရမည့် အတွေ့အကြုံများ ရှိကြောင်း ၊ ပါကစ္စတန်-တရုတ် စီးပွားရေးစင်္ကြံတည်ဆောက်မှု မူဘောင်အောက်တွင် Rashakai အထူးစီးပွားရေးဇုန်တည်ဆောက်မှုသည် နိုင်ငံအတွက် အဓိပ္ပါယ်လေးနက်မှုရှိကြောင်း ၎င်းက ဆိုသည်။

Rashakai အထူးစီးပွားရေးဇုန်သည် One Stop Service နှင့် အစိုးရ၏သက်သာချောင်ချိရေး ဦးစားပေးမူဝါဒများဖြင့် ပါကစ္စတန်၊ တရုတ်နှင့် အခြားနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ငန်းတည်ထောင်ကြရန် ဆွဲဆောင်သွားမည်ဖြစ်ကြောင်း ၊ ထိုသို့ဆောင်ရွက်မှုသည် ပါကစ္စတန်၏ ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ရာ အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးနိုင်ပြီး ပါကစ္စတန်၏ စီးပွားရေးကိုနှိုးဆွပေးနိုင်မည်ဖြစ်ကြောင်း Imran Khan က ဆိုသည်။

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး နုန်ရုန်းက ပူးပေါင်းဆောင်ရွက်မှုဖြင့် စက်မှုဥယျာဉ်တည်ဆောက်ရေးကို တွန်းအားပေးခြင်းသည် စီးပွားရေးစင်္ကြံ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် ကွင်းဆက်ဖြစ်ကြောင်း ဆိုသည်။ ခေတ်မီစက်မှုဥယျာဉ်သည် အရင်းအမြစ်များကို ထိရောက်စွာ ပေါင်းစပ်နိုင်ပြီး ယှဉ်ပြိုင်မှုရှိသည့် စက်မှုလုပ်ငန်းအစုအဖွဲ့များကို ပျိုးထောင်ကာ ပို့ကုန်တိုးပွားအောင်ဆောင်ရွက်ခြင်းဖြင့် ပါကစ္စတန်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပထဝီမြေအနေအထားအားသာမှုဖြင့် Rashakai အထူးစီးပွားရေးဇုန်သည် ပါကစ္စတန်ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သလို အလယ်အာရှနိုင်ငံများ၏ ပို့ကုန်ဦးစားပေးလုပ်ငန်းများအဖြစ် မျှော်မှန်း၍ရနိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ရာ Rashakai အထူးစီးပွားရေးဇုန်ကို တွန်းအားပေးဆောင်ရွက်၍ နှစ်နိုင်ငံစက်မှုပူးပေါင်းရေးကဏ္ဍအတွက် အားသစ်လောင်းပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ Rashakai အထူးစီးပွားရေးဇုန်၏ အခြေခံအဆောက်အအုံတည်ဆောက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရေးလုပ်ငန်းများ ပုံမှန်တိုးတက်လျက်ရှိကြောင်း တရုတ်နိုင်ငံ လမ်းတံတားကော်ပိုရေးရှင်း(CRBC)၏ ပါကစ္စတန်အခြေစိုက်ရုံးဌာန မန်နေဂျာ လွီမိန်က ဆင်ဟွာကို ပြောသည်။

Rashakai အထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံ လမ်းတံတားကော်ပိုရေးရှင်းက ဦးဆောင်၍ စီမံကိန်းကုမ္ပဏီမှ ကြီးမှူးတည်ဆောက်လည်ပတ်ခြင်းဖြစ်ရာ စီမံကိန်း ဧရိယာ (၄၀၆.၇)ဟက်တာရှိပြီး အပိုင်း(၃)ပိုင်းခွဲ၍ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ စက်မှုဥယျာဉ်၏အစီအစဉ်များအရ စက်ပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်ချော ထုတ်လုပ်ခြင်း၊ အထည်လိပ်သားရေ၊ အိမ်ထောင်ပရိဘောဂ၊ ဂိုဒေါင်နှင့်သယ်ယူပို့ဆောင်ရေးစသည့် လုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။ (Xinhua)

———————————–
(Chinese Version)
(经济)中巴经济走廊首个产业园区进入全面建设阶段
2021-05-29 00:49:24
新华社伊斯兰堡5月28日电(记者李浩)巴基斯坦拉沙卡伊特别经济区28日举行开工仪式,标志着中巴经济走廊框架下实施的首个产业园区进入全面建设阶段。
巴基斯坦总理伊姆兰•汗在开工仪式上说,工业化是巴基斯坦的未来。中国工业化水平在过去数十年飞速发展,有很多值得巴方学习的经验,能同中方在巴中经济走廊框架下合作建设拉沙卡伊特别经济区对巴方意义重大。
伊姆兰•汗表示,拉沙卡伊特别经济区正通过一站式服务和巴政府提供的优惠政策吸引巴中两国和其他国家投资者前来投资兴业,这将促进巴出口导向型产业发展,创造大量就业机会,提振巴基斯坦经济。
中国驻巴基斯坦大使农融说,合作推进产业园区建设是走廊迈向高质量发展的重要一环。一座现代化产业园区能够有效整合资源、培育具有竞争力的产业集群并增加出口,从而帮助巴基斯坦实现可持续发展。
他说,凭借地理位置优势,拉沙卡伊特别经济区既能发展满足巴国内市场需求的产业,也能将目光对准中亚国家发展出口导向型产业。中方将同巴方密切配合,推动拉沙卡伊特别经济区建设,为两国产业合作注入强劲动力。
中国路桥工程有限责任公司(中国路桥)驻巴基斯坦办事处总经理吕明对新华社记者说,目前拉沙卡伊特别经济区的基础设施建设和招商工作正在稳步推进。
拉沙卡伊特别经济区由中国路桥牵头组建的项目公司主导建设与运营,总规划面积约406.7公顷,将分三期开发建设。园区计划引入机械设备、家用电器、食品加工、纺织皮革、家居建材、仓储物流等产业。(完)

图说1:5月28日,巴基斯坦总理伊姆兰•汗在巴基斯坦西北部开伯尔-普什图省举行的拉沙卡伊特别经济区开工仪式上发表讲话。 新华社发(赛义德•艾哈迈德摄)

图说2:5月28日,中国驻巴基斯坦大使农融在巴基斯坦西北部开伯尔-普什图省举行的拉沙卡伊特别经济区开工仪式上发表讲话。新华社发(赛义德•艾哈迈德摄)

图说3:这是5月28日在巴基斯坦西北部开伯尔-普什图省拍摄的拉沙卡伊特别经济区项目施工现场。 新华社发(赛义德•艾哈迈德摄)