Connect with us

Asia

တရုတ်-လာအို ရထားလမ်းသည် ကုန်းလမ်း နှင့်ပင်လယ်ရေလမ်း နှစ်သွယ်လမ်းကြောင်းသစ် ဖြစ်လာ

ချုံချင့် ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ရပ်ဝန်းနှင့်ပိုးလမ်းမ(BRI)၏ အရေးကြီးသော စီမံကိန်း တစ်ခုဖြစ်သည့် တရုတ်နိုင်ငံ ကူမင်းမြို့မှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ပြေးဆွဲသော တရုတ်-လာအို ရထားလမ်းသည် ဒီဇင်ဘာ ၄ ရက်တွင် ကုန်းလမ်း နှင့်ပင်လယ်ရေလမ်း လမ်းကြောင်းနှစ်သွယ် ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ် ဖြစ်လာခဲ့ကြောင်း သိရသည်။ထိုနေ့နံနက်တွင် ကီလိုမီတာ ၂၀၀ ကျော်ကွာဝေးသော ချုံချင့် Tuanjiecun ဘူတာရုံနှင့် ချိန်တူးအပြည်ပြည်ဆိုင်ရာဘူတာကြီးတွင် ချိန်ယွီ-ဗီယန်ကျင်း၏ ပထမဆုံး ကုန်တင်ရထားနှစ်စင်းသည် တစ်ချိန်တည်း ဘူတာမှ ထွက်ခွာခဲ့ကြောင်း၊ ထိုရထားနှစ်စင်းသည် ချုံချင့်ထွက်ကုန်ဖြစ်သော အခွံမာသီးများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ ဓာတုပစ္စည်းများနှင့် Heavy Duty Truck Ace Light လုပ်ငန်းသုံး ထရပ်များကို သယ်ဆောင်ကာ ယူနန်ကိုဖြတ်သန်း၍ လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းသို့ ၄ ရက်ခန့်အတွင်း ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်း (ချိန်ယွီ-ဗီယန်ကျင်း) ၏ ပထမဆုံး နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထားကို ချုံချင့်အပြည်ပြည်ဆိုင်ရာအချက်အချာဇုန်တွင် ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် တရားဝင်ဖွင့်လှစ်ခဲ့သည့် ကုန်းလမ်းကြောင်းနှင့်ပင်လယ်ရေလမ်းကြောင်း နှစ်သွယ်လမ်းကြောင်းသစ်သည် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံအနောက်ပိုင်းရှိ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် မြို့များ ပူးပေါင်းတည်ဆောက်ထားသည့် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးစင်္ကြံ ဖြစ်ကြောင်း ၊ ၎င်းသည် ချုံချင့်နှင့်ချိန်တူးကို အဓိကကုန်စည်ပို့ဆောင်ရေး ဗဟိုအဖြစ် ထားကာ ရထားလမ်း၊ပင်လယ်ရေကြောင်း၊ကုန်းလမ်း စသည့် သယ်ယူပို့ဆောင်ရေးနည်းလမ်းများကို အသုံးပြု၍ တောင်ဘက် ကွမ်ရှီးနှင့်ယူနန်မှတစ်ဆင့် ကမ္ဘာ့နေရာဒေသ အသီးသီးသို့ ဆက်သွယ်ပို့ဆောင်ကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်း (ချိန်ယွီ-ဗီယန်ကျင်း) ၏ ပထမဆုံး နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထားကို ချုံချင့်အပြည်ပြည်ဆိုင်ရာအချက်အချာဇုန်တွင် ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ်နိုဝင်ဘာလအထိ ကုန်းလမ်း နှင့်ပင်လယ်ရေလမ်း နှစ်သွယ်လမ်းကြောင်းသစ် ဦးတည်ရာအရပ်သည် နိုင်ငံနှင့်ဒေသပေါင်း(၁၀၆)ခုရှိ ဆိပ်ကမ်းပေါင်း (၃၁၁)ခု တိုးချဲ့ပြီးဖြစ်ကြောင်း သိရသည်။ဒီဇင်ဘာ ၃ ရက်က ဖွင့်လှစ်ခဲ့သည့် တရုတ်-လာအို ရထားလမ်းသည် ကုန်းလမ်း နှင့်ပင်လယ်ရေလမ်း လမ်းကြောင်းနှစ်သွယ် ကုန်စည်သယ်ယူပို့ဆောင်ရေး ကြောင်းသစ်အဖြစ် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ချိန်တူးအပြည်ပြည်ဆိုင်ရာ မီးရထားဘူတာကြီးမှထွက်ခွာလာသော တရုတ်-လာအို (ချိန်ယွီ-ဗီကျင်ကျန်း) အပြည်ပြည်ဆိုင်ရာ ကုန်စည်တင်ရထားကို ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဤလမ်းကြောင်းသစ်၏ ကုန်စည်ပို့ဆောင်ချိန်သည် သမရိုးကျ ပင်လယ်ရေကြောင်းပို့ဆောင်ရေးအချိန်နှင့်နှိုင်းယှဉ်လျှင် ရက်၂၀နီးပါး လျော့နည်းခဲ့ကြောင်း၊ ရထားအချင်းချင်း၊ ရထားနှင့်ကား စသည်တို့ ချိတ်ဆက်ကာ တစ်ရက်တည်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်စသော အင်ဒိုချိုင်းနားကျွန်းဆွယ်ရှိ အဓိကမြို့ကြီးသို့ ရောက်ရှိနိုင်ကြောင်း ကုန်းလမ်းကြောင်းနှင့်ပင်လယ်ရေလမ်းကြောင်းနှစ်သွယ် လမ်းကြောင်းသစ် လည်ပတ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ Wang Yupei က ပြောကြားခဲ့သည်။

“ဆယ့်လေးခုမြောက် ငါးနှစ်စီမံကိန်း” တွင် အနောက်တိုင်းဒေသရှိ ကုန်းလမ်းကြောင်းနှင့်ပင်လယ်ရေလမ်းကြောင်းနှစ်သွယ် လမ်းကြောင်းသစ် အရည်အသွေးမြင့် တည်ဆောက်ရေး အကောင်အထည်ဖော်မှု မြှင့်တင်ရန် အဆိုပြုထားချက်အရ ၂၀၂၅ ခုနှစ်တွင် အရှေ့၊ အလယ်ပိုင်းနှင့် အနောက်စင်္ကြံ သုံးခုကို စဉ်ဆက်မပြတ် အားကောင်းလာစေရန်၊ စင်္ကြံများ၊ ဆိပ်ကမ်းများနှင့် ကုန်စည်ပို့ဆောင်ရေးပို့ဆောင်ရေးအချက်အချာကျသော လည်ပတ်မှုများ ပိုမိုထိရောက်စေရန်၊ လမ်းကြောင်းတစ်လျှောက် စီးပွားရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး အကျိုးသက်ရောက်မှုကို သိသာထင်စေရန် စသော ရည်ရွယ်ချက်များကို မြှင့်တင်ရန် ဖော်ပြထားသည်။

တရုတ်-လာအို ရထားလမ်းသည် ထိုဘက်စုံရည်မှန်းချက်များအောင်မြင်ရန် မလွဲမတွေ တွန်းအားပေးနိုင်မည်ဖြစ်ကြောင်းယခုတစ်ကြိမ် ရထားဖြင့် လာအိုသို့ တင်ပို့သော တရုတ်နိုင်ငံ Heavy Duty Truck Ace Light လုပ်ငန်းသုံးထရပ်ကားများသည် ဒေသဆိုင်ရာ ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိက ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

“အရင်တုန်းကတော့ လာအိုနိုင်ငံကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေဟာ အချိန်ကြာပြီး ကုန်ကျစရိတ်ကြီးမြင့်တဲ့ ကားလမ်းတွေကိုပဲ အားကိုးရပါတယ်။ အခုအခါမှာ ရထားပို့ဆောင်ရေးက လူအင်အားနဲ့ အချိန်ကုန်သက်သာတယ်၊ ဒါဟာ လာအိုနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ဖို့ အကျိုးပြုနေပါတယ်။ ” ဟု Sinotruk Chengdu လုပ်ငန်းသုံးယာဉ် ကုမ္ပဏီ၏ ပါတီကော်မတီ လက်ထောက်အတွင်းရေးမှူး Wu Kunsheng က ပြောကြားခဲ့သည်။

တရုတ်-လာအို ရထားလမ်း၏ စုစုပေါင်း အရှည်မှာ ၁,၀၃၅ ကီလိုမီတာ ရှိကြောင်း ၊ယင်းရထားလမ်းသည် မြောက်ဘက်တွင် ယူနန်ပြည်နယ်၊ကူမင်းမြို့မှ စတင်ကာ တရုတ်နိုင်ငံ မိုဟန်နယ်စပ်ဂိတ်နှင့် လာအိုနိုင်ငံ ဘိုတန်နယ်စပ်ဂိတ်တို့ကို ဖြတ်သန်းပြီး လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ရောက်ရှိကြောင်း၊တရုတ် -လာအိုရထားလမ်းသည် တရုတ်နိုင်ငံမှ အဓိကရင်းနှီးမြှုပ်နှံပြီး ဖောက်လုပ်ထားသည့် နိုင်ငံတကာ ရထားလမ်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ နည်းပညာ စံချိန်နှင့် စီမံခန့်ခွဲမှုစံနှုန်းများဖြင့် တည်ဆောက်ထားကြောင်း သိရသည်။(Xinhua)

————————————
(English Version)

新华全媒+|中老铁路成为陆海新通道新线路
2021-12-04 23:52:18 分类: 行业经济
作为“一带一路”重要项目之一,从中国昆明到老挝万象的中老铁路,12月4日成为陆海新通道一条全新的物流线路。
当日上午,相距200余公里的重庆团结村站和成都国际铁路港内,汽笛声同时响起,两列陆海新通道中老铁路(成渝-万象)首发班列同时驶出站台,标志着这条物流新线路的贯通。

两列首发班列分别搭载着重庆生产的坚果、摩托车配件、化工品和成都重汽王牌轻型商用货车等货物,将途经云南,约4天后到达老挝首都万象。
2017年9月正式开通运营的陆海新通道,是由中国西部省区市与东盟国家合作打造的国际陆海贸易新通道,以重庆为运营中心,成都为重要物流枢纽,利用铁路、海运、公路等运输方式,向南经广西、云南通达世界各地。

截至今年11月,陆海新通道目的地已拓展至106个国家和地区的311个港口。12月3日全线开通运营的中老铁路,又为陆海新通道拓展出全新的物流线路。

“这条新线路货运时间比传统海运缩短近20天,并且通过铁铁、铁公联运,仅需一天即可到达泰国曼谷等中南半岛主要城市。”陆海新通道运营公司董事长王渝培说。

《“十四五”推进西部陆海新通道高质量建设实施方案》提出,到2025年将实现东中西三条通路持续强化,通道、港口和物流枢纽运营更加高效,对沿线经济和产业发展带动作用明显增强的总体目标。

12月4日,由成都发出的中老铁路(成渝—万象)国际货运班列停靠在成都国际铁路港。新华社记者 胥冰洁 摄
中老铁路无疑将助推总体目标的实现。此次,由中国重汽成都商用车公司生产的轻型商用货车搭乘班列出口老挝,主要服务于当地建筑业、矿业、农业发展。

“以前,产品出口老挝只能依靠公路,时间长、成本高,如今通过铁路运输,节省大量人力和时间成本,有利于我们更好地服务老挝以及东盟国家的发展。”中国重汽成都商用车公司党委副书记吴坤生说。

中老铁路全长1035公里,线路北起昆明,过中国磨憨铁路口岸和老挝磨丁铁路口岸,最后到达老挝首都万象,是以中方为主投资建设、全线采用中国技术标准、使用中国设备并与中国铁路网直接连通的国际铁路。

图说1-12月4日,中老铁路(成渝—万象)国际货运首发班列在重庆国际枢纽园区等待发车。 新华社记者 唐奕 摄
图说2- 12月4日,中老铁路(成渝—万象)国际货运首发班列在重庆国际枢纽园区等待发车。新华社记者 唐奕 摄
图说3-12月4日,从成都国际铁路港发出的中老铁路(成渝—万象)国际货运班列行驶在铁路上(无人机照片)。新华社记者 胥冰洁 摄