Connect with us

Asia

တရုတ်-လာအို ရထားလမ်း ဗီယင်ကျန်းဘူတာကြီး အလုံးစုံပြသနိုင်ပြီဖြစ်

ဗီယင်ကျန်း၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း လာအိုနိုင်ငံ ဗီယင်ကျန်းဘူတာရုံ မျက်နှာကြက်မြင်ကွင်းအား စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအိုရထားလမ်း ယွိရှီး-မိုဟန် လမ်းအပိုင်းအား ဩဂုတ် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

China Railway Construction Engineering Groupမှ တာဝန်ယူတည်ဆောက်သည့် တရုတ်-လာအို ရထားလမ်း ဗီယင်ကျန်းဘူတာကြီးသည် အောက်တိုဘာ ၆ ရက်က မျက်နှာစာကန့်လန့်ကာနံရံ၏နောက်ဆုံးမှန်တစ်ချပ် တပ်ဆင်နိုင်ခြင်းနှင့်အတူ ဘူတာကြီးတစ်ခုလုံး ရုပ်လုံးပေါ် ပြသနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ တရုတ်-လာအိုရထားလမ်း တစ်ခုလုံးဖွင့်လှစ်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ကို လျှောက်လှမ်းနိုင်ခြင်း ဖြစ်သည်။

ဗီယင်ကျန်းဘူတာကြီးသည် တရုတ်-လာအို ရထားလမ်း၏ အကြီးဆုံးဘူတာဖြစ်သည်။ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် တည်ရှိသည့် ယင်းဘူတာကြီးကို ပလက်ဖောင်း ၃ ခု နှင့် ရထားပြေးလမ်း ၅ လမ်း၊ ကြိုတင်အပိုထားရှိသည့် ပလက်ဖောင်း ၂ ခု ရထားပြေးလမ်း ၂ လမ်းအဖြစ် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး ဘူတာရုံအဆောက်အဦဧရိယာ ၁၄,၅၄၃ စတုရန်းမီတာရှိရာ ခရီးသည် အများဆုံး ၂,၅၀၀ လက်ခံနိုင်ကြောင်း သိရသည်။

ဗီယင်ကျန်းဘူတာကြီး၏ ဒီဇိုင်းရေးဆွဲမှုသည် တရုတ်-လာအို နှစ်နိုင်ငံ ရိုးရာယဉ်ကျေးမှုများပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဘူတာရုံသည် တရုတ်ရိုးရာရှေးဟောင်းအဆောက်အဦပုံသဏ္ဍာန်ကို မှီငြမ်းထားခြင်းဖြစ်ရာ ဗီယင်ကျန်း၏ ထူးခြားသဘာဝပတ်ဝန်းကျင်နှင့် တရုတ်ဂန္တဝင်အဆောက်အဦမျက်နှာစာပေါင်းစည်းထားကြောင်း မိတ်ဆက် ပြောကြားချက်များအရ သိရသည်။ ထို့အပြင် စီမံကိန်းဒီဇိုင်းအဖွဲ့က အပူပိုင်းမိုးသစ်တော၏ သစ်ပင်ပုံစံများကို ထည့်သွင်းပြီး ဘူတာရုံ၏အရှေ့မျက်နှာစာ တံစက်မြိတ်စင်္ကြံတိုင်ပုံဖော်ထားသလို နံသာဖြူကို အသုံးပြု၍ လာအိုနိုင်ငံ၏ စကားပန်းပုံကို ဘူတာရုံမျက်နှာကြက်တွင် အလှဆင်ထားကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်နှင့် လာအိုနိုင်ငံ၏ ကိုယ်တွင်းပိတ်နိုင်ငံမှ ကုန်းတွင်းဆက်နိုင်သို့ ပြောင်းလဲခြင်း မဟာဗျူဟာ ချိတ်ဆက်ထားသည့် စီမံကိန်း ဖြစ်သည်။ စီမံကိန်းတစ်ခုလုံးကို တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှု၊နည်းပညာ စံချိန်စံညွှန်းများဖြင့် တည်‌ဆောက်ထားခြင်း ဖြစ်ရာ တစ်နာရီလျှင် ၁၆၀ ကီလိုမီတာနှုန်းဖြင့် ပြေးဆွဲနိုင်အောင် ဒီဇိုင်းရေးဆွဲထားသည့် ကုန်တင်၊ ခရီးသည်တင် သွားလာနိုင်သည့် လျှပ်စစ်ရထားလမ်းဖြစ်သည်။ ယင်းရထားလမ်းဖောက်လုပ်တည်ဆောက်မှုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဘက်စုံစတင်ခြင်း ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် အပြီးတည်ဆောက်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)
————————————————-
(Chinese Version)

(财经)中老铁路万象站整体亮相

新华社万象10月6日电(记者章建华)伴随着最后一块外立面幕墙玻璃安装到位,由中铁建设集团承建的中老铁路万象站6日整体亮相,向中老铁路全线开通迈进重要一步。

万象站是中老铁路最大车站,位于老挝首都万象市,设计规模为3台5线(含正线),预留2台2线。站房建筑面积为14543平方米,最多可容纳2500名旅客。
据介绍,万象站设计理念深度融合中老两国文化传统。站房参照中式传统古建筑风格,将万象环境特点与中国经典建筑门头相结合。此外,项目设计团队提取热带雨林树木形象元素,在站房正立面处打造檐廊立柱,运用檀木与老挝国花占芭花的色彩点缀站房候车大厅吊顶。

中老铁路是中国“一带一路”倡议与老挝“变陆锁国为陆联国”战略对接项目,全部采用中国管理标准和技术标准建设,设计时速160公里,为电气化客货混运铁路。工程于2016年12月全面开工,计划2021年12月建成通车。(完)

图说1:这是10月6日在老挝首都万象市拍摄的中老铁路万象站。新华社发(中铁建设集团供图)
图说2:这是9月15日在老挝首都万象市拍摄的中老铁路万象站内景。新华社发(中铁建设集团供图)
图说3:这是8月1日拍摄的中老铁路玉(溪)磨(憨)段景色。 新华社发(刘顺良 摄)