Connect with us

Asia

ရုရှားနိုင်ငံက တာလီဘန်တို့အား မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မည်

မော်စကို ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံက ယခုလနှောင်းပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံနှင့် ပတ်သက်၍ နိုင်ငံတကာဆွေးနွေးမှုများတွင် ပါဝင်ရန် တာလီဘန်ကိုယ်စားလှယ်များအား ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာ ရုရှား နိုင်ငံ သမ္မတ အထူး ကိုယ်စားလှယ် Zamir Kabulov က အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။အောက်တိုဘာ ၂၀ ရက်တွင် ပြုလုပ်မည့် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ မော်စကို -အခင်းအကျင်း စကားဝိုင်းဆွေးနွေးပွဲသို့ ပါဝင် တက်ရောက်ရန် တာလီဘန်ကိုယ်စားလှယ်များအား ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ယင်းအရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် မည်သည့်တာလီဘန်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်သွားမည်ကို Kabulov က ပြောကြားခဲ့ခြင်းမရှိပေ။ရုရှားနိုင်ငံသည် အာဖဂန်အရေးကိစ္စအား နိုင်ငံရေးအရ အဖြေရှာရန်အတွက် သံတမန်ရေးရာကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၁၇ ခုနှစ်တွင် မော်စကို-အခင်းအကျင်း စကားဝိုင်းဆွေးနွေးပွဲကို စတင်ခဲ့ကြောင်း သိရသည်။ (Xinhua)
————————————————-
(English Version)
Russia to invite Taliban for talks in Moscow

MOSCOW, Oct. 7 (Xinhua) — Moscow will invite Taliban representatives to take part in international talks on Afghanistan later this month, Russian Special Presidential Representative for Afghanistan Zamir Kabulov said Thursday.

Taliban representatives will be invited to take part in Moscow-format talks on Afghanistan on Oct. 20, the TASS news agency reported citing the official.
Kabulov did not specify which Taliban representatives would take part in the talks.

Russia launched the Moscow-format consultations in 2017 as part of its diplomatic efforts to press for political solution to the Afghan issue. Enditem
Photo – Acting Foreign Minister Amir Khan Muttaqi speaks during a press conference in Kabul, Afghanistan, Sept. 14, 2021. Muttaqi on Tuesday urged the international community to continue providing assistance to the Afghan people. (Photo by Saifurahman Safi/Xinhua)