Connect with us

Europe

တူရကီက ရုရှားထံမှ ဒုတိယအသုတ် S-400 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် ဝယ်ယူလို

တူရကီနိုင်ငံ သမ္မတ အာဒိုဂန်အား အန်ကာရာ၌ ဇန်နဝါရီ ၁၁ ရက်ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ်၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)

ရုရှားထံမှ ဒုတိယအသုတ် S-400 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် ဝယ်ယူရန် စဉ်းစားနေကြောင်း တူရကီ သမ္မတ အာဒိုဂန်က စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

“အနာဂတ်မှာ ဘယ်သူကမှ ဘယ်နိုင်ငံက ကာကွယ်ရေးစနစ်ရမယ်မရဘူးဆိုတာ စွက်ဖက်နိုင်မှာမဟုတ်ဘူး….ကျွန်တော်တို့ကသာ ဆုံးဖြတ်နိုင်တဲ့သူဖြစ်တယ်”ဟု အာဒိုဂန်က စက်တင်ဘာ ၂၆ ရက်တွင် ထုတ်လွှင့်သည့် CBS ၏ Face the Nation ရုပ်သံအစီအစဉ်တွင် ပြောကြားခဲ့သည်။

တူရကီအနေဖြင့် ပိုမိုများပြားသည့် S-400 လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်ကို ဝယ်ယူနိုင်မလားဟူသည့် မေးခွန်းအပေါ် ၎င်းက “ဒါပေါ့၊ ဟုတ်တယ်” ဟု ပြောကြားခဲ့သည်။

အာဒိုဂန်၏ ယင်းပြောကြားချက်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအား သတင်းထောက်က မေးမြန်းရာတွင် တူရကီအနေဖြင့် S-400 စနစ်ကို မထားရှိဖို့နှင့် အခြား မည်သည့် ရုရှားစစ်ဘက်ဆိုင်ရာပစ္စည်းကိုမျှ ဝယ်ယူခြင်းမပြုရန် အမေရိကန်က တိုက်တွန်းကြောင်း ၊ ရုရှားမှ အကြီးစား လက်နက်သစ် ဝယ်ယူခြင်း တစုံတရာ ပြုလုပ်ပါက ပိတ်ဆို့မှုအသစ်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဆိုသည်။

၂၀၁၇ ခုနှစ်တွင် တူရကီသည် ရုရှားနှင့် S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် ဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်စသည့် နေတိုးမဟာမိတ်နိုင်ငံများက ယင်းစနစ်အား ဝယ်ယူခြင်းမပြုရန် အကြိမ်ပေါင်းများစွာ သတိပေးခဲ့ရာ ယင်းစနစ်သည် နေတိုးလက်နက်စနစ်နှင့် ကိုက်ညီမှုရှိမည် မဟုတ်ဟု ယူဆကြောင်း၊ ထို့အပြင် ၎င်းမှာ ရုရှားက နောင်အခါ တွင် အမေရိကန်နှင့်၎င်း၏မဟာမိတ်နိုင်ငံများ၏ တိုက်လေယာဉ် F-35 တည်နေရာကို ခြေရာခံနိုင်ကြောင်း ဆိုသည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လမှစ၍ ရုရှားက တူရကီကို S-400 လွှဲပြောင်းပြီး မကြာမီ F-35တိုက်လေယာဉ်စီမံကိန်း တွင် တူရကီပါဝင်မှုကို ရပ်တန့်လိုက်ကြောင်း အမေရိကန်က ကြေညာခဲ့သလို တူရကီကာကွယ်ရေးစက်မှုဝန်ကြီးဌာန အဆင့်မြင့်အရာရှိများကိုလည်း ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
(国际)土耳其有意从俄购买第二批S-400防空导弹系统
2021-09-27 12:17:18
新华社伊斯坦布尔9月26日电土耳其总统埃尔多安26日说,土耳其打算从俄罗斯购买第二批S-400防空导弹系统。
在美国哥伦比亚广播公司26日播出的《面向全国》电视节目中,埃尔多安对记者说:“在未来,没人能干涉我们从哪个国家获得什么样的防御系统……我们是唯一能做出决定的人。”被问及土耳其是否会购买更多S-400防空导弹系统时,他回答“当然,当然是的”。
美国国务院一名发言人被问及埃尔多安上述言论时说,美国敦促土耳其不要保留S-400系统,并避免购买任何其他俄罗斯军事装备。从俄采购任何新的重大武器将可能触发新制裁。
土耳其2017年与俄罗斯签订购买S-400防空导弹系统的合同。美国等北约国家多次警告土耳其不要购买这一俄制导弹系统,认为该系统无法与北约武器系统兼容,且可能有助于俄方今后定位及追踪美国及其盟国的F-35战机。俄方于2019年7月开始向土方交付S-400系统,美方随后宣布停止土方参与F-35战机项目的资格,并制裁土耳其国防工业部门高级别官员。(完)
图说1:1月11日,土耳其总统埃尔多安在安卡拉出席新闻发布会。