Connect with us

Europe

တူရကီ မောင်းသူမဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် အီရတ်မြောက်ပိုင်းတွင် လူ (၁၈)ဦး သေဆုံးကြောင်း အီရတ်စစ်တပ် ဆို

ဘဂ္ဂဒက်၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ)

တူရကီ မောင်းသူမဲ့ဒရုန်းယာဉ်က ဩဂုတ် ၁၇ ရက်တွင် အီရတ်နိုင်ငံမြောက်ပိုင်း ကာဒစ္စတန်အလုပ်သမားပါတီနေရာတစ်ခုကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လက်နက်ကိုင် (၁၈)ဦး သေဆုံးခဲ့ကြောင်း အီရတ် စစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။တူရကီ မောင်းသူမဲ့ဒရုန်းယာဉ်သည် ဩဂုတ် ၁၇ ရက် ညနေပိုင်းက ကာဒစ္စတန်အလုပ်သမားပါတီ လက်နက်ကိုင်များရှိရာ အီရတ်မြောက်ပိုင်း Nineveh’sပြည်နယ် Sinjarမြို့နယ်အနီး ဆေးခန်းတစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ တပ်မှူးတစ်ဦးအပါအဝင် လက်နက်ကိုင် (၁၈)ဦး သေဆုံးခဲ့ကြောင်း အီရတ်စစ်တပ်အရာရှိ Luqman Gallyက ဆင်ဟွာသို့ ပြောကြားသည်။

ဩဂုတ် ၁၆ ရက်က Sinjarမြို့နယ်တွင် မော်တော်ယာဉ်တစ်စီးသည် တူရကီ မောင်းသူမဲ့ဒရုန်းယာဉ်၏လေကြောင်းတိုက်ခိုက်မှုခံခဲ့ရရာ ယာဉ်ပေါ်ရှိ ကာဒစ္စတန်အလုပ်သမားပါတီနှင့်နီးကပ်သည့် ဆက်ဆံရေးရှိသူ လက်နက်ကိုင် (၃)ဦးသေဆုံးပြီး အခြား (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရတ်သတင်းမီဒီယာ၏ ဖော်ပြချက်များအရ သိရသည်။

တူရကီလက်နက်ကိုင်တပ်ဖွဲ့က ပြီးခဲ့သည့် (၂၄)နာရီအတွင်း အီရတ်မြောက်ပိုင်းတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် အကြမ်းဖက် သမား(၈)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာန၏ ဩဂုတ် ၁၆ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

ကာဒစ္စတန်အလုပ်သမားပါတီသည် နှစ်ပေါင်း ဒါဇင်နှင့်ချီ၍ လက်နက်အင်အားဖြင့် တူရကီနှင့် အီရတ်၊ အီရန်နှင့်ဆီးရီယား နယ်စပ်ကြားဒေသရှိ Kurdsလူမျိုးစုစည်းနေထိုင်ရာဒေသတွင် နိုင်ငံတည်ထောင်ရန် ကြိုးပမ်းလျက်ရှိရာ ၎င်း၏လက်နက်ကိုင်များ ယခုအခါ အီရတ်နိုင်ငံမြောက်ပိုင်းနှင့် ဆီးရီယားနိုင်ငံ မြောက်ပိုင်းတွင် စုစည်းလျက်ရှိကြောင်း သိရသည်။ တူရကီက ကာဒစ္စတန်အလုပ်သမားပါတီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ရှုမြင်ပြီး နယ်စပ်ဖြတ်ကျော်ကာ အီရတ်နှင့် ဆီးရီးယားနယ်နိမိတ်အတွင်းရှိ ကာဒစ္စတန်အလုပ်သမားပါတီကို ပစ်မှတ်ထား၍ တိုက်ခိုက်မှု များစွာ ပြုလုပ်ခဲ့သည်။ (Xinhua)

————————————————-
(Chinese Version)

(国际)伊拉克军方说土耳其无人机空袭伊北部致18人死亡

新华社巴格达8月17日电(记者张淼)伊拉克军方17日说,土耳其无人机当天对伊北部一处库尔德工人党目标实施空袭,造成18名武装人员死亡。
伊拉克军方官员卢克曼•加利在接受新华社采访时说,土耳其无人机17日下午炸毁了库尔德工人党武装人员在伊北部尼尼微省辛贾尔镇附近的一个诊所,造成18名武装人员死亡,其中包括一名指挥官。

据伊拉克媒体报道,一辆汽车16日在辛贾尔镇遭土耳其无人机空袭,造成车上与库尔德工人党关系密切的武装人员3死2伤。
另据土耳其国防部16日发布的消息,土武装部队过去24小时在伊北部的清剿行动中打死8名“恐怖分子”。

库尔德工人党数十年来寻求通过武力在土耳其与伊拉克、伊朗和叙利亚交界地带的库尔德人聚居区建国,其武装人员现多聚集在伊拉克北部和叙利亚北部。土耳其将库尔德工人党视为恐怖组织,多次越境打击伊拉克和叙利亚境内的库尔德工人党目标。(参与记者:郑思远)(完)
2月20日,伊拉克安全人员在巴格达以北约30公里处的塔尔米耶地区警戒。 新华社/法新