Connect with us

Europe

ဒုက္ခသည်များ နေရာရွှေ့ပြောင်းရန်သာရှိပြီး ထွက်ခွာပြန်လှည့်မည့်အလားအလာမမြင်ခြင်းကြောင့် ပိုလန်-ဘီလာရုဇ် နယ်စပ်ဒုက္ခသည်အကျပ်အတည်း မဖြေရှင်းနိုင်သေး

ပေကျင်း၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ယခုရက်ပိုင်းများတွင် ဘီလာရုဇ်နှင့်ပိုလန်နယ်စပ်ဒေသ ဒုက္ခသည်လူအုပ်ကြီးအား ရွှေ့ပြောင်းနေရာချထားပေးပြီးဖြစ်ကြောင်း ဘီလာရုဇ်နိုင်ငံက ဆိုသော်လည်း ပိုလန်နိုင်ငံက နယ်စပ်ဒေသတစ်လျှောက်တွင် ဒုက္ခသည်အရေး အဆက်မပြတ် ရိုက်ခတ်မှုများ ရှိနေကြောင်း ဆိုသည်။ထောင်နှစ်ချီသော ဒုက္ခသည်များကို ရွှေ့ပြောင်းပေးရန်သာရှိပြီး ထွက်ခွာပြန်လှည့်မည့်အလားအလာမမြင်သည့် လက်ရှိအခြေအနေကြောင့်လည်းကောင်း ၊ ဘီလာရုဇ်၊ ပိုလန်၊ ဥရောပသမဂ္ဂ၊ ရုရှားသည့်နိုင်ငံများက ဘက်စုံညှိနှိုင်းထိတွေ့မှုများ ရှိနေခြင်းကြောင့်လည်းကောင်း ရက်ပေါင်းများစွာအချိန်ကြန့်ကြာပြီး စိုးရိမ်ဖွယ် လူသားချင်စာနာထောက်ထားမှုဆိုင်ရာ ဒုက္ခသည်အကျပ်အတည်းသည် ဖြေရှင်းနိုင်ရန် အလှမ်းဝေးလျက်ရှိသည်။

ဒုက္ခသည်များအား ရွှေ့ပြောင်းနေရာချထားကြောင်း ဘီလာရုဇ်က ပြောကြား

ဥရောပကော်မရှင် ပညာရှင်အဖွဲ့က နိုဝင်ဘာ ၂၂ ရက်တွင် ဘီလာရုဇ်သို့ ရောက်ရှိပြီးနောက် ဘီလာရုဇ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါပညာရှင်အဖွဲ့သည် နယ်စပ်ဒုက္ခသည်အကျပ်အတည်းအခြေအနေကို သုံးသပ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘီလာရုဇ်-ပိုလန် နယ်စပ် ဘီလာရုဇ်နိုင်ငံဘက်အခြမ်းတွင် စားသောက်စရာများ ယူရန်စောင့်ဆိုင်းနေသည့် ဒုက္ခသည်များအား နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဒေသရုံး ညွှန်ကြားရေးမှူးHans Kluge က ဘီလာရုဇ်နယ်စပ် ဒုက္ခသည်နေရာချထားသည့်ဧရိယာသို့ ရောက်ရှိပြီး အကဲဖြတ်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ Hans Kluge က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ‌ ဒုက္ခသည်များအတွက်ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆေးကုသမှုအထောက်အပံ့ပစ္စည်းများ နိုဝင်ဘာ ၂၅ ရက်တွင် ဘီလာရုဇ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ဆိုသည်။

ဘီလာရုဇ်-ပိုလန် နယ်စပ် ဘီလာရုဇ်နိုင်ငံဘက်အခြမ်းတွင် စားသောက်စရာများ ယူရန်စောင့်ဆိုင်းနေသည့် ဒုက္ခသည်ကလေးငယ်များအား နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒုက္ခသည်အရေးပြဿနာများအား ဖြေရှင်းရန်အတွက် လုပ်ဆောင်ချက်များကို ဘီလာရုဇ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဥရောပသမဂ္ဂသို့ မိတ်ဆက်ပြောကြားခဲ့ရာတွင် ဒုက္ခသည်များအား ယာယီခိုလုံရေးစခန်းသို့ ရွှေ့ပြောင်းရေး၊ လိုအပ်သည့် ဆေးဝါးကုသမှုအကူအညီပေး‌ရေး၊ ကုသမဂ္ဂစသည့်နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရေး စသည့်တို့ ပါဝင်ကြောင်း ဘီလာရုဇ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Anatoly Glazက ဆိုသည်။ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နယ်စပ်ဒုက္ခသည်အရေး ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း နှစ်ဖက်စလုံးက ထုတ်ဖော်ပြောကြားခဲ့သည်။

နယ်စပ်ဒေသတွင် ထိန်းသိမ်းရေးစင်တာတစ်ခုတည်ဆောက်ထားပြီး ဒုက္ခသည် ၂,၀၀၀ခန့်ကို နေရာချထားကြောင်း ဘီလာရုဇ်က ဆိုသည်။ ထို့အပြင် ဒုက္ခသည် ၃၇၄ ဦး အီရတ်နိုင်ငံမှစေလွှတ်သည့် လေယာဉ်ဖြင့် နေရပ်ကို ပြန်သွားပြီဖြစ်ကြောင်း သိရသည်။

အကျပ်အတည်းအရှိန်အဟုန်မြင့်တက်လာမည်ကို ပိုလန်နိုင်ငံက စိုးရိမ်လျက်ရှိ

ဘီလာရုဇ်နိုင်ငံမှ ထိုသို့ ပြောကြားနေသော်လည်း နယ်စပ် ဒုက္ခသည်အကျပ်အတည်း အဆုံးသတ်ရန် အလှမ်းဝေးနေဆဲဖြစ်ပြီး လက်ရှိတွင် “ပိုမိုဆိုးဝါးသည့်အခြေအနေဖြစ်ပွားဖို့ တာစူနေခြင်း”သာဖြစ်ကြောင်း ပိုလန်နိုင်ငံ ဝန်ကြီးချုပ် Mateusz Morawieckiက နိုဝင်ဘာ ၂၁ ရက်၌ သတိပေးပြောကြားလိုက်သည်။ ဤဒုက္ခသည်အကျပ်အတည်းသည် လနှင့်ချီ သို့မဟုတ် နှစ်နှင့်ချီပင် ကြာမြင်နိုင်ကြောင်း ပိုလန် ကာကွယ်ရေး ဝန်ကြီးMariusz Błaszczak က ဆိုသည်။
ပိုလန် Rzeczpospolita သတင်းစာ၏ နိုဝင်ဘာ ၂၁ ရက် ထုတ်ပြန်သည့် ပြည်သူ့ဆန္ဒစစ်တမ်းကောက်ယူမှုတွင် စစ်တမ်းကောက်ယူထားသူ၏ ၅၅ ရာခိုင်နှုန်းက ဒုက္ခသည်အကျပ်အတည်း ပဋိပက္ခအဖြစ်အရှိန်အဟုန်မြင့်လာမည်ကို စိုးရိမ်ကြကြောင်း ဖော်ပြထားသည်။

တစ်ချိန်တည်းတွင်ပင် ပိုလန်နိုင်ငံ မြို့တော် ဝါဆောနှင့် အချို့နယ်စပ်မြို့နယ်များတွင် ယခုကာလအတွင်း ဆန္ဒပြလှုပ်ရှားမှုများရှိရာ ဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် တိုက်တွန်းနေကြောင်း သိရသည်။

ပိုလန်နိုင်ငံ နယ်စပ်ဒေသတွင် ၃ ကီလိုမီတာအကျယ်အဝန်းရှိ တားမြစ်ဧရိယာရှိရာ ယင်းနေရာတွင်နေထိုင်သူများမှအပ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ထမ်းများနှင့်သတင်းမီဒီယာများအပါအဝင် အခြားသူများအား ဝင်ခွင့်မပြုထားကြောင်း သိရသည်။ ထိုလုပ်ရပ်အပေါ် ဝေဖန်တိုက်ခိုက်မှုများ ရှိနေသည်။ ဥရောပကော်မရှင် လူအခွင့်အရေးကော်မရှင်နာ Dunia Miatovichက နိုင်ငံတကာဌာန၊လူ့အခွင့်အရေးအဖွဲ့အစည်းနှင့်သတင်းမီဒီယာသမားများကို နယ်စပ်တွင် လိုအပ်သည့်လုပ်ငန်းများဆောင်ရွက်ဖို့ ပိုလန်က ခွင့်ပြုသင့်ကြောင်း ပြောကြားခဲ့သည်။

မည်သူက အကျပ်အတည်း၏အစပျိုးသူလဲဟု ရုရှားနိုင်ငံက မေးခွန်းထုတ်

ယခုကာလများတွင် ထောင်နှင့်ချီသော ဒုက္ခသည်များ ဘီလာရုဇ်မှတစ်ဆင့် ပိုလန်၊ လစ်သူယေးနီးယားစသည့် ဥရောပသမဂ္ဂနိုင်ငံများမှတစ်ဆင့် အနောက်ဥရောပသို့ သွားရောက်ရန် ကြိုးပမ်းလျက်ရှိသည်။ ပိုလန်စသည့် နိုင်ငံများက နယ်စပ် ထိန်းချုပ်မှုများအား မောင်းတင်ဆောင်ရွက်လျက်ရှိပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများအား တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ခြင်းများကြောင့် ဒုက္ခသည်အစုလိုက်အပြုံလိုက် နယ်စပ်တွင် သောင်တင်နေလျက်ရှိသည်။ ဤအကျပ်အတည်းကို ဘီလာရုဇ်က စီမံခြင်းဖြစ်ပြီး ဥရောပသမဂ္ဂက ထိုမတိုင်မီ က ဘီလာရုဇ်အပေါ် ပိတ်ဆို့သည့် လုပ်ဆောင်ချက်ကို လက်တုန့်ပြန်ရန်အတွက် ထိုသို့ ဆောင်ရွက်ခြင်းကြောင်း ပိုလန်စသည့်နိုင်ငံများက အပြစ်တင်ပြောကြားခဲ့သည်။ ထိုပိတ်ဆို့မှုများကြောင့် ဒုက္ခသည်ပြုံဆင်းလာမှုကို ထိန်းချုပ်၍မရခြင်းဖြစ်ကြောင်း ဘီလာရုဇ်က တုန့်ပြန်ပြောကြားခဲ့သည်။

ဘီလာရုဇ်က နယ်စပ်ဒုက္ခသည်အကျပ်အတည်းကို ဖန်တီးခြင်းဖြစ်သည်ဟုသော ပြစ်တင်စွပ်စွဲချက်သည် အဓိပ္ပါယ်မဲ့ကြောင်း ဥရောပကော်မရှိပညာရှင်အဖွဲ့အား ဘီလာရုဇ်နိုင်ငံခြားရေးဝန်ကြီးဌာနက အလေးနက် ပြောကြားခဲ့သည်။

ဘီလာရုဇ်သမ္မတ လူကာရှင်ကိုက ၎င်းနှင့်ဂျာမနီအိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် သဘောတူညီမှု ရရှိထားပြီဖြစ်ရာ ဥရောပသမဂ္ဂအနေဖြင့် ဒုက္ခသည်အရေး ဖြေရှင်းရန်စဉ်စားနေကြောင်း ၊ သို့သော်လည်း ဒုက္ခသည်အရေး သည် ဘီလာရုဇ်နှင့်ညှိနှိုင်းဖြေရှင်းရန် ဥရောပသမဂ္ဂဘက်မှ တာဝန်ခံဆက်သွယ်သူ မပေါ်လာသေးကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharovaက ဘီလာရုဇ်နှင့်ပိုလန်စသည့် ဥရောပသမဂ္ဂနိုင်ငံများ၏ နယ်စပ်အကျပ်အတည်းတွင် အနောက်နိုင်ငံများက ရုရှားကို “ဆွဲသွင်းခြင်း”သည် အခွင့်ကောင်းယူ အပြစ်တင်ခြင်းဖြစ်ပြီး ၎င်းမှာ ဇာတ်လမ်းဟောင်း နည်းလမ်းဟောင်းအတိုင်း သတင်းဖြင့် တိုက်စစ်ဆင်ခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်က ပြောကြားခဲ့သည်။

အနောက်နိုင်ငံအချို့၏ ရုရှားနှင့်ဘီလာရုဇ်အပေါ်ပြစ်တင်စွပ်စွဲချက်နောက်ကွယ်က ဤဒုက္ခသည်အကျပ်အတည်းပြောကြားချက်အပေါ် ရုရှားက ၎င်းမှာ အနောက်နိုင်ငံများ၏ ဗိုလ်ကျစိုးမိုးမှုလုပ်ရပ်ကသာ ဤအကျပ်အတည်းကို အစပျိုးခြင်းဖြစ်ကြောင်း ဆိုသည်။

“အနောက်နိုင်ငံများရဲ့ အီရတ်၊ အာဖဂန်စစ်ရေးလှုပ်ရှားမှုက ဒုက္ခသည်အစုလိုက်အပြုံလိုက် ဖြစ်စေခဲ့တယ်”ဟု ရုရှားသမ္မတ ပူတာက မီဒီယာတွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။ ဒုက္ခသည်အကျပ်အတည်းဖြေရှင်းဖို့ရာ ဥရောပသမဂ္ဂနိုင်ငံခေါင်းဆောင်များက ဘီလာရုဇ် သမ္မတ လူကာရှင်ကိုနှင့် တိုက်ရိုက်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)
全球连线 | “转场”不“撤场” 波白边境难民危机未平
2021-11-23 16:20:13
Image Carouse
新华社北京11月23日电 白俄罗斯方面说,近几日已转移安置白俄罗斯和波兰边境地区大批难民。但波兰方面说,仍有难民不断在边境地带发起冲击。
无论是数以千计难民“转”而未“撤”的现状,还是白俄罗斯、波兰、欧盟、俄罗斯等方面多角“互动”的情况,都显示出这场延宕多日、引发人道主义担忧的难民危机远未平息。请看新华社记者从白俄罗斯、波兰、俄罗斯发回的报道——
白俄罗斯:转移安置难民
欧盟委员会专家组22日抵达白俄罗斯,并与白外交部和相关国际组织举行会谈。专家组将评估边境难民情况。
世界卫生组织欧洲区域办事处主任汉斯•克鲁格当天抵达白俄罗斯边境难民安置区,评估难民情况。他说,世卫组织为难民提供的人道主义医疗物资将于25日运抵白俄罗斯。
11月19日,难民在白俄罗斯与波兰边境白方一侧等待领取食物。新华社/白通社
白俄罗斯外交部发言人格拉兹22日说,白俄罗斯外交部向欧盟方面介绍了白方为缓解边境难民问题所做的工作,包括将难民转移至临时收容所、提供必要医疗救助、与联合国等国际组织合作等。会谈后,双方表示将继续就边境难民问题保持沟通。
白俄罗斯方面说,已在边境地区建立了一个收容中心,安置了约2000名难民。此外,首批374名难民已乘坐伊拉克方面派遣的飞机返回伊拉克。
波兰:担忧危机升级
不过,波兰总理莫拉维茨基21日警告说,边境难民危机远未结束,眼下可能只是“更糟糕局面的前奏”。波兰国防部长布瓦什恰克称,这场难民危机或将持续数月甚至数年。
波兰《共和国报》21日公布的一项民意调查显示,55%波兰受访者担心边境难民危机可能冲突升级。
11月19日,难民在白俄罗斯与波兰边境白方一侧等待领取食物。新华社/白通社
与此同时,波兰首都华沙和一些边境城镇近期举行抗议活动,呼吁给予难民人道主义援助。
波兰在边境地区设立了一个3公里宽的戒严区,除了住在里面的居民,包括人道主义工作人员和媒体记者在内的其他人不得进入。这一做法受到不少批评。欧洲委员会人权专员杜尼娅•米亚托维奇强调说,波兰应允许国际机构、人道主义组织和新闻媒体靠近边境开展必要工作。
俄罗斯:谁才是始作俑者?
近期,数以千计难民试图取道白俄罗斯进入欧盟成员国波兰和立陶宛,最终赶往德国等西欧国家。波兰等国强化边境管控,导致大量人员滞留边境。波兰、立陶宛及欧盟将当前难民危机归咎于白俄罗斯,但白方反击说西方制裁导致其无力控制难民潮。
11月19日,难民儿童在白俄罗斯与波兰边境白方一侧领取食物。新华社/白通社
面对欧盟专家组,白俄罗斯外交部强调,对于白俄罗斯制造边境难民问题的指责是荒谬的。
白俄罗斯总统卢卡申科22日说,他与德国看守政府总理默克尔达成的共识,是考虑在欧盟层面解决难民问题,但欧盟方面负责与白俄罗斯协调解决难民问题的联系人却迟迟不露面。
俄罗斯外交部发言人扎哈罗娃22日表示,在白俄罗斯与波兰等欧盟国家的边境难民危机中,西方国家将俄罗斯“扯进来”是为了借此指责俄罗斯,这是典型的信息战案例。
针对一些西方国家指责俄罗斯和白俄罗斯幕后策划了这场难民危机的说法,俄方明确指出,西方国家霸权行径才是这场危机的始作俑者。
普京在接受俄媒体采访时表示,“西方国家在伊拉克、阿富汗的军事行动造成大量难民”。他认为,欧盟领导人需要直接与白俄罗斯总统卢卡申科进行协商以解决危机。(记者:张章、鲁金博、华迪、黄河、耿鹏宇;剪辑:王沛;编辑:王申、孙浩、谢彬彬)
新华社国际部制作
新华社国际传播融合平台出品