Connect with us

China

ဒုတိယအကြိမ်မြောက် တရုတ်-အာဆီယံ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ်ဖြင့် ဗီဒီယိုဇာတ်လမ်းတို ပြိုင်ပွဲစတင်ကျင်းပ

ဒုတိယအကြိမ်မြောက် တရုတ်-အာဆီယံ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ် ဗီဒီယိုဇာတ်လမ်းတို ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား မြင်ကွင်း (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ ၊ မေ ၂၀ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် တရုတ်-အာဆီယံ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ် ဖြင့် ဗီဒီယိုဇာတ်လမ်းတို ပြိုင်ပွဲကို မေ ၁၉ ရက်၌ အွန်လိုင်းမှတစ်ဆင့် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ယခုအကြိမ် ပြိုင်ပွဲခေါင်းစဉ်တွင် တရုတ်-အာဆီယံ ကပ်ရောဂါတိုက်ဖျက်ရေး ၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ၊ လူမှုရေး နှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း စသည့်အကြောင်းအရာ များပါဝင်ကြောင်း သိရှိရသည်။

အာဆီယံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး တိန့်ရှီကျွင်း က ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ယခင်နှစ်၌ ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် တရုတ်-အာဆီယံ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုခေါင်းစဉ် ဗီဒီယိုဇာတ်လမ်းတို ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ကပ်ရောဂါဖြစ်ပွားခဲ့သည့် အတားအဆီးအား ဖယ်ရှင်းနိုင်ခဲ့ကာ လူမှုရေး နှင့် ယဉ်ကျေးမှု ဖလှယ်ရေးတို့အား တွန်းအားပေးနိုင်သော ဆောင်ရွက်မှုတစ်ခုဖြစ်စေခဲ့ကြောင်း ၊ ယခုနှစ်သည် တရုတ် နိုင်ငံ နှင့် အာဆီယံ ဆက်ဆံရေးတည်ဆောက်ခဲ့သည့် နှစ် ၃၀ ပြည့် အခါသမယဖြစ်ကြောင်း ၊ ယခုအကြိမ်ကျင်းပပြုလုပ်သည့် ပြိုင်ပွဲမှာ ထူးခြားသည့် အဓိပ္ပါယ်ဖော်ဆောင်ကြောင်း ၊ အာဆီယံဆိုင်ရာ တရုတ်နိုင်ငံ သံတမန်ရေးရာအဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ ဌာနတို့နှင့် အတူတကွ ညှိနှိုင်းဆောင်ရွက်မှုပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲအား တစ်နှစ်ထက်တစ်နှစ်ပိုမိုကောင်းမွန်လာအောင်သွားရွက်သွားကာ တရုတ်-အာဆီယံ ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့်နှစ်အတွက် ပိုမိုတောက်ပလာအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် Kung Phoak က ယခုအကြိမ်ကျင်းပပြုလုပ်သည့် ပြိုင်ပွဲသည် သက်ဆိုင်ရာ ပြည်သူလူထု ၊ အထူးသဖြင့် လူငယ်များအား ဦးတည်၍ ကျင်းပပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ ပြိုင်ပွဲ မှ သက်ဆိုင်ရာပြည်သူလူထုတို့၏ တက်ကြွလှုပ်ရှားမှု ၊ အနှစ်သာရပြည့်ဝသည့် လူမှုရေး နှင့် ယဉ်ကျေးမှု ဖလှယ်မှု တို့ကို ဖော်ပြပေးသွားနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာ ပြည်သူများက တရုတ်-အာဆီယံ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုအပေါ် ပိုမိုသိရှိနားလည်နိုင်စေရန် အတွက်လည်း အပြုသဘောဆောင်သည့် သက်ရောက်မှုဖြစ်ပွားစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ်ပြိုင်ပွဲအား အာဆီယံ ဆိုင်ရာ တရုတ်နိုင်ငံ သံတမန်ရေးရာအဖွဲ့ ၊ တရုတ်-အာဆီယံ ဆက်ဆံရေး ညှိနှိုင်းဆောင်ရွက်မှုနိုင်ငံ ဖြစ်သည့် ဖိလစ်ပိုင် နိုင်ငံ မှ အာဆီယံဆိုင်ရာ သံတမန်ရေးရာအဖွဲ့ ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး ၊ တရုတ်နိုင်ငံ National Radio and Television Administration ၊ တရုတ် နိုင်ငံ အများပြည်သူပြည်ပဆက်ဆံရေးအသင်း ၊ ဝူရှီးမြို့ အစိုးရ အဖွဲ့ တို့မှ ပူးပေါင်းကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ပြိုင်ပွဲ အနေဖြင့် တရုတ် နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ပြည်သူများ၏ ဗီဒီယို လက်ရာများကို ကောက်ယူသွားမည်ဖြစ်ပြီး အောက်တိုဘာ လလယ်ပိုင်းတွင် ဆုရရှိသည့် ဗီဒီယိုများကို ရွေးချယ်ပေးသွားမည်ဖြစ်ကာ ယခုနှစ်နှစ်ကုန်ပိုင်း အချိန်တွင် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

————————————
(Chinese Version)
(文化)第二届中国—东盟友好合作主题短视频大赛“云启动”
2021-05-19 23:26:14 分类: 政治法律
新华社雅加达5月19日电(记者余谦梁 郑世波)第二届中国—东盟友好合作主题短视频大赛“云启动”仪式19日在线上举行。本届大赛征集主题包括中国—东盟抗疫故事、务实合作、人文交流等内容。
中国驻东盟大使邓锡军在启动仪式上说,去年首届中国—东盟友好合作主题短视频大赛成功举办,成为打破疫情阻隔、促进人文交流的创新之举。今年中国与东盟喜迎双方建立对话关系30周年。作为共同举办的系列庆祝活动之一,本届大赛具有更特殊的意义。中国驻东盟使团期待同各相关单位齐心协力,精心组织实施,确保大赛办得一年比一年好,为中国—东盟建立对话关系30周年增光添彩。
东盟副秘书长康富说,本届大赛面向双方民众,尤其是青年一代,将充分展示双方积极活跃、丰富多彩的人文交往,为提升双方民众对中国—东盟合作的认知和认可发挥积极作用。
本届大赛由中国驻东盟使团、中国—东盟关系协调国菲律宾常驻东盟使团、东盟秘书处、中国国家广电总局、中国外文局、中国公共外交协会、无锡市人民政府联合主办。大赛面向中国与东盟国家民众公开征集作品,将于10月中旬评选出获奖作品,年底举办颁奖仪式。(完)

Photo
第二届中国—东盟友好合作主题短视频大赛启动仪式北京现场(world.gmw.cn)