Connect with us

International Organizations

နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်အနီး သေနတ်သမားနှင့်ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်အနီးတွင် ရဲတပ်ဖွဲ့လုံခြုံရေးချထားသည်ကို ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ဝင်ပေါက်အနီးတွင် ဒီဇင်ဘာ ၂ ရက်က သေနတ်ကိုင် အမျိုးသားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ရာ ကုလသမဂ္ဂရုံးချုပ်အား အချိန်အတိုင်းအတာတစ်ခုထိ ပိတ်ဆို့ထားရကြောင်း၊ အချိန် ၂ နာရီခွဲကြာ ထိပ်တိုက်ရင်ဆိုင်မှုများအပြီး ၎င်းအမျိုးသားက ရဲတပ်ဖွဲ့ထံသို့ လက်နက်ချခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်အဝင်ဝအနီးတွင် သေနတ်ကိုင်အမျိုးသားတစ်ဦးအား ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်အဝင်ဝအနီးတွင် ရဲတပ်ဖွဲ့ဝင်များနှင့် သေနတ်ကိုင်အမျိုးသားတစ်ဦးအကြား ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားနေသည်ကို ဒီဇင်ဘာ ၂ ရက် တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်အနီးတွင် ရဲတပ်ဖွဲ့လုံခြုံရေးချထားသည်ကို ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်အနီးတွင် လုံခြုံရေးချထားသည့် ရဲတပ်ဖွဲ့ဝင်များအား ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်အနီးတွင် လမ်းများအား ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသည်ကို ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက်ရဲတပ်ဖွဲ့၏သတင်းများအရ အဆိုပါအမျိုးသားသည် ဒေသစံတော်ချိန် ဒီဇင်ဘာ ၂ ရက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ကုလသမဂ္ဂရုံးချုပ်ပြင်ပ Manhattan အမှတ် ၄၂ လမ်းမကြီးနှင့် 1st Avenue လမ်းထောင့်မှ ထွက်လာခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်ချိန် အများစုတွင် ယင်းအမျိုးသားက ကုလသမဂ္ဂရုံးချုပ်အဝင်ဝအနီးတွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ပြီး သေနတ်အား မိမိ မေးစေ့တွင် တေ့ထားခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အနီးရှိ လမ်းကြောင်းများကို ပိတ်ဆို့ပြီး အရေးပေါ်နည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သည်။ အချင်းဖြစ်ပွားသည့်နေရာအား ရဲကား၊ ကယ်ဆယ်ရေးယာဉ်နှင့် လက်နက်အပြည့်တပ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့သည်။

၁၃ နာရီကျော်ခန့်တွင် ယင်းအမျိုးသားက စာရွက်စာတမ်းတစ်ခု ထုတ်ပေးပြီး ကုလသမဂ္ဂသို့ ပေးပို့ရန် တောင်းဆိုခဲ့ကြောင်း၊ ၁၃ နာရီ ၄၀ မိနစ်ခန့်တွင် ရဲတပ်ဖွဲ့က ကုလသမဂ္ဂသက်ဆိုင်ရာလူပုဂ္ဂိုလ်အား ယင်းစာရွက်ကို လွှဲပြောင်းပြီးနောက် ၎င်းအမျိုးသားအား ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းများအရ သိရသည်။

ရဲတပ်ဖွဲ့ဝင်များ အချင်းဖြစ်နေရာမှထွက်ခွာသွားပြီဖြစ်ကြောင်း၊ ပုံမှန်အလုပ်ပြန်လုပ်ကြရန် အကြုံပြုကြောင်း ကုလသမဂ္ဂက ၁၃ နာရီ ၅၅ မိနစ်တွင် အီးမေးလ်ဖြင့် သက်ဆိုင်ရာလူပုဂ္ဂိုလ်များအား အကြောင်းကြားခဲ့သည်။ ကုလအဆောက်အဦအား ပိတ်ဆို့စဉ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကို လုံခြုံသည့်နေရာကို ခေါ်ဆောင်ထားကြောင်း၊ ကုလသမဂ္ဂဝန်ထမ်းနှင့် အဆောက်အဦအတွင်းအလုပ်လုပ်နေသူများ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် အန္တရာယ်ပြုခြင်းမရှိခဲ့ကြောင်း ကုလသမဂ္ဂရုံးက ဆိုသည်။ (Xinhua)

………………………………………….
(Chinese Version)
(国际)纽约联合国总部附近发生持枪者与警察对峙事件
2021-12-03 06:49:58
新华社联合国12月2日电(记者王建刚)位于美国纽约的联合国总部入口附近2日发生一名持枪男子与警察对峙事件,联合国大楼一度被封锁。经过约两个半小时对峙,该男子向警方缴械投降。
据纽约警方消息,这名男子当地时间2日11时15分左右出现在联合国总部外曼哈顿42街与第一大道拐角处。在与警方对峙的大部分时间里,该男子在联合国总部入口附近来回踱步,并用枪顶着自己的下巴。
警方封锁了附近街道,并采取大规模应急措施。新华社记者在现场看到数十辆警车、救护车以及全副武装的警察。
据警方消息,13时刚过,该男子拿出一沓文件,显然要求把它们交给联合国方面。13时40分左右,警方将文件转交给联合国相关人员。随后,这名男子被警方拘捕。
联合国方面于13时55分通过邮件通知相关人员,警方开始撤离现场,建议大家恢复正常工作。联合国方面表示,联合国秘书长古特雷斯在大楼被封锁期间被带到一个安全地点。没有联合国职员或在联合国大楼内办公的其他人员受到伤害或威胁。(完)

图说1:12月2日,警察在位于美国纽约的联合国总部附近警戒。新华社记者王建刚摄
图说2:12月2日,一名持枪男子站在位于美国纽约的联合国总部入口附近。新华社记者谢锷摄
图说3:12月2日,警察与一名持枪男子在位于美国纽约的联合国总部入口附近对峙。新华社记者谢锷摄
图说4:12月2日,警察在位于美国纽约的联合国总部入口附近警戒。新华社记者谢锷摄
图说5:12月2日,警察在位于美国纽约的联合国总部附近警戒。 新华社记者王建刚摄
图说6:12月2日,警察封锁位于美国纽约的联合国总部附近街道。新华社记者王建刚摄