Connect with us

Africa & Middle East

နိုင်ဂျာနိုင်ငံ မူကြိုကျောင်းတစ်ခုတွင် ဖြစ်ပွားသည့် မီးလောင်မှုကြောင့် ကလေးငယ် ၂၁ ဦး သေဆုံး

နိုင်ဂျာနိုင်ငံသို့ ပြန်သွားမည့် ကလေးငယ်များအား လစ်ဗျားနိုင်ငံ Misurataအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နီယာမေး၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ)

နိုင်ဂျာနိုင်ငံ တောင်ပိုင်း Maradi ‌ဒေသရှိ မူကြိုကျောင်းတစ်ခုတွင် နိုဝင်ဘာ ၈ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အချင်းဖြစ်ရပ်ကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက Maradiဒေသရှိ သက်ကယ်အိမ်ဖြင့် ဖွင့်လှစ်ထားသည် မူကြိုကျောင်းတစ်ခုတွင် ရုတ်တရက်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးဘေးကြောင့် ကလေးငယ် ၂၁ ဦး သေဆုံးခဲ့ပြီး လူ ၁၉ ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အနက် ၉ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း နိုင်ဂျာမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ သေဆုံးသူ ဦးရေ ထပ်တိုးလာနိုင်ဖွယ်ရှိကြောင်း ဆိုသည်။

လက်ရှိတွင် အချင်းဖြစ်ရပ်နှင့်စပ်လျဉ်း၍ နိုင်ဂျာနိုင်ငံ အစိုးရက အသေးစိတ်အကြောင်းအရင်းအား ထုတ်ပြန်မှုမရှိသေးကြောင်း သိရသည်။

ငွေကြေးလိုအပ်ချက်များကြောင့် နိုင်ဂျာရှိစာသင်ကျောင်းအများစုကို သက်ကယ်ဖြင့်ဆောက်လုပ်ထားခြင်းဖြစ်ရာ မီးမတော်တဆမှု မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။ ယခုနှစ် ဧပြီလတွင် နိုင်ဂျာနိုင်ငံ မြို့တော် နီယာမေးရှိ မူကြိုကျောင်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျောင်းသား/သူ အနည်းဆုံး ၂၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

—————————-
(Chinese Version)
(社会)尼日尔南部一幼儿园发生火灾致21名儿童死亡
2021-11-09 06:06:47
新华社阿比让11月8日电(记者郑扬子)尼亚美消息:尼日尔南部马拉迪地区一所幼儿园8日发生火灾,造成至少21人死亡。
据尼日尔媒体报道,8日上午,马拉迪地区一所草屋结构的幼儿园突发火灾,火灾造成21名儿童死亡,19人受伤,其中9人伤势严重。死亡人数有可能上升。
目前,尼日尔官方尚未公布火灾发生的具体原因。
据报道,由于资金短缺,尼日尔的很多校舍为草屋结构,火灾事故时有发生。今年4月,尼首都尼亚美的一所小学曾发生火灾,至少20名学生遇难。(完)
Illegal immigrants are seen at Misurata International Airport in Misurata, Libya, on Nov. 3, 2021. A group of 91 illegal immigrants, mostly children, on Wednesday were voluntarily repatriated from Libya to their home country Niger. (Photo by Hamza Turkia/Xinhua)