Connect with us

International Organizations

နေတိုးက အရှေ့ဥရောပသို့ စစ်သင်္ဘော၊ တိုက်လေယာဉ်များ ထပ်တိုးစေလွှတ်လျက်ရှိ၊ အမေရိကန်အနေဖြင့် စစ်သားအင်အားထောင်ချီ ဖြန့်ကျက်သွားနိုင်

ယူကရိန်းနိုင်ငံ အနောက်ပိုင်း Lvivပြည်နယ်တွင် “Rapid Trident 2020“ နိုင်ငံစုံ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည်ကို ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ)

ရုရှား”တားဆီးရေးနှင့်ကြိုတင်ကာကွယ်ရေး”ကို မြှင့်တင်ရန်အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံများက အရှေ့ဥရောပသို့ စစ်သင်္ဘောနှင့်တိုက်လေယာဉ်များ ထပ်တိုးစေလွှတ်လျက်ရှိပြီး တပ်ဖွဲ့ဝင်အများစုက အသင့်အနေအထားတွင်ရှိနေကြောင်း မြောက်အတ္တလန္တိတ်သဘောတူစာချုပ်အဖွဲ့(NATO)က ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင်ပင် အမေရိကန် အစိုးရအရာရှိတစ်ဦးက သမ္မတဘိုင်ဒန်အနေဖြင့် ဘောလ်တစ်ပင်လယ်နှင့်အရှေ့ဥရောပဒေသ နေတိုးမဟာမိတ်နိုင်ငံများသို့ ထောင်နှင်ချီရှိသော အမေရိကန်စစ်သားများနှင့် စစ်သင်္ဘော၊ စစ်လေယာဉ်များ စေလွှတ်သွားရန် စဉ်းစားနေကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။

နေတိုးအဖွဲ့၏ စစ်တပ်အင်အားဖြန့်ကျက်မှု

အရှေ့ဥရောပသို့ စစ်သင်္ဘောနှင့်တိုက်လေယာဉ်ထပ်တိုးစေလွှတ်ခြင်းဆိုင်ရာ ကြေညာချက်တစ်စောင်ကို နေတိုးက ဇန်နဝါရီ ၂၄ ရက် ၎င်း၏ဝဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့ရာ ထိုသို့ လုပ်ဆောင်ရခြင်းသည် ယူကရိန်းအနီးတစ်ဝိုက်တွင် ရုရှား စစ်အင်အား စုရုံးထားခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည်ရက်ပိုင်းများတွင် နိုင်ငံအချို့က စစ်ရေးဖြန့်ကျက်မှုများ ပြုလုပ်ပြီး သို့မဟုတ် ပြုလုပ်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု နေတိုးက ဆိုသည်။

ဒိန်းမတ်က ဘောလ်တစ်ပင်လယ်သို့ ဖရီးဂိတ်တစ်စီး စေလွှတ်နေပြီး လစ်သူယေးနီးယားတွင် F-16 တိုက်လေယာဉ် ၄ စီး ဖြန့်ကျက်ထားမည်ဖြစ်ရာ ယင်းဒေသ၌ နေတိုး၏ ရေရှည်လေကြောင်းကင်းလှည့်မှုတွင် ပါဝင်မည်ကြောင်း သိရသည်။ စပိန်က နေတိုးရေကြောင်းတပ်ဖွဲ့တွင် ပါဝင်ရန် စစ်သင်္ဘောအချို့ စေလွှတ်လျက်ရှိပြီး ဘူလ်ဂေးရီးယားသို့ တိုက်လေယာဉ်စေလွှတ်ရန်အတွက်လည်း စဉ်းစားနေသည်။နေတိုးညွှန်ကြားချက်အတိုင်း ရိုမေးနီးယားသို့ စစ်တပ်စေလွှတ်ရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း ပြင်သစ်က ဆိုသည်။ နယ်သာလန်က စစ်သင်္ဘောတစ်စီးနှင့် မြေပြင်တပ်ဖွဲ့အချို့ နေတိုးတုန့်ပြန်မှုအဖွဲ့တွင် အချိန်မရွေးပါဝင်ရန် အသင့်စောင့်ဆိုင်းသည့် အနေအထားတွင်ရှိကြောင်း၊ ဧပြီလမှစပြီး ဘူလ်ဂေးရီဘားတွင် F-35 တိုက်လေယာဉ် နှစ်စီး ထားရှိကာ နေတိုး၏လေကြောင်းကင်းလှည့်မှုတွင် ပါဝင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
အမေရိကန်က နေတိုးအရှေ့ပိုင်းဒေသ စစ်ရေးတည်ရှိမှုတွင် အားဖြည့်ဖို့ စဉ်းစားနေကြောင်း အတိအလင်း ပြောကြားထားသည်။

နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenbergက အရှေ့ပိုင်းဒေသသို့ စစ်အင်အား ဆက်လက်ဖြည့်တင်းသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။

နေတိုးသည် လက်ရှိ အရှေ့ဥရောပ အဖွဲ့ဝင် ၄ နိုင်ငံ ဖြစ်သည့် အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယားနှင့် ပိုလန် တို့တွင် တပ်ရင်းအဆင့် စစ်ဆင်ရေးအုပ်စု နိုင်ငံစုံတပ်ဖွဲ့ အသီးသီး ဖွဲ့စည်းထားရာ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီနှင့် အမေရိကန်တို့မှ အသီးသီး ဦးဆောင်နေခြင်း ဖြစ်သည်။ နေတိုး၏ပြောကြားချက်အရ ဤ စစ်ဆင်ရေးအုပ်စုများက အချိန်မရွေး တိုက်ပွဲနိုင်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစပြီး ရုရှားနှင့်ယူကရိန်းတို့က နယ်စပ်ဒေသအသီးသီး စစ်အင်အားအလုံးအရင်းချထားခဲ့သည်။ အမေရိကန်စသည့် အနောက်နိုင်ငံများသည် ယူကရိန်းကို ရုရှားက ကျူးကျော်ရန် ဆန္ဒရှိနေကြောင်း ဆိုသည်။ ထို့အပေါ် ရုရှားအစိုးရက မိမိနိုင်ငံအတွင်း စစ်တပ်နေရာထားပိုင်ခွင့်ရှိကြောင်းနှင့် အခြားနိုင်ငံသို့ တိုက်ခိုက်ရန် ဆန္ဒမရှိကြောင်း၊ ရုရှားခြိမ်းခြောက်မှုဟုသော အကြောင်းပြပြီး အမေရိကန်နှင့်နေတိုးက ရုရှား အနောက်ဘက် အနီးတစ်ဝိုက်နိုင်ငံများတွင် လက်နက်စနစ်များ တစ်ဆင့်တိုး ဖြန့်ကျက်ထားကြောင်း တုန့်ပြန်ခဲ့သည်။

အမေရိကန် တပ်အင်အားတိုးချဲ့ရန် စဉ်းစား

အမည်မဖော်လိုသည့် အမေရိကန် အရာရှိ အချို့က ဘိုင်ဒန်အနေဖြင့် ဘောလ်တစ်ပင်လယ်နှင့်ရှေ့ဥရောပဒေသ နေတိုးမဟာမိတ်နိုင်ငံများသို့ ထောင်နှင့်ချီသော အမေရိကန်စစ်သားများ၊ စစ်ရေယာဉ်လေယာဉ်များ စေလွှတ်သွားရန် စဉ်းစားနေရာ အစောဆုံး ယခုအပတ်အတွင်းတွင် ဆုံးဖြတ်ချက်ချသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၄ ရက်တွင် နယူးယောက်စ်တိုင်းစ်ကို ပြောကြားခဲ့သည်။

ထိုသို့ စီစဉ်ရသည့် အကြောင်းအရင်းမှာ ယူကရိန်းသို့ ရုရှားကျူးကျော်ဝင်ရောက်လာမည်ကို ပို၍ စိုးရိမ်လာခြင်းကြောင့် ဖြစ်ကြောင့် အချို့အရာရှိများက ဆိုသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင်အရာရှိများက ဇန်နဝါရီ ၂၂ ရက် အစည်းအဝေးတစ်ရပ်တွင် ဘိုင်ဒန်ထံသို့ “အမေရိကန် စစ်အင်အား ပူတင်အိမ်တံခါးဝတွင် ပိုနီးကပ်အောင် ထားရှိ၍ရသော”နည်းလမ်းအချို့ကို တင်ပြခဲ့ရာ အရှေ့ဥရောပနိုင်ငံများသို့ စစ်သား ၁,၀၀၀မှ ၅,၀၀၀ စေလွှတ်ခြင်း အပါအဝင် အခြေအနေဆိုးဝါးလာသည့်အခါ”လူအင်အားကို ဆယ်ဆ တိုးချဲ့၍ရသည်”ဟု ပါရှိကြောင်း အရာရှိအချို့က ဆိုသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က နေတိုး၏ အရှေ့သို့ တစ်ဆင့်ချဲ့ထွင်မှုကို ရပ်တန့်ရန်၊ ယူကရိန်းစသည့် ရုရှား အနောက်ဘက်တစ်ဝိုက်နိုင်ငံများတွင် စစ်လက်နက်စနစ်ဖြန့်ကျက်မှုကို ရပ်တန့်ရန် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ပြောကြားခဲ့သည်။ ယင်းအတွက် အမေရိကန်နှင့်နေတိုးသည် ရုရှားနှင့်သဘောတူညီချက်လက်မှတ်ထိုး အာမခံဖို့လိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက်မကြာမီ ရုရှားအစိုးရက အမေရိကန်နှင့်နေတိုးအဖွဲ့အား လုံခြုံရေးအာမခံချက်သဘောတူစာချုပ်မူကြမ်းကို အသီးသီးပေးပို့ခဲ့ပြီး စာလွှာဖြင့်အကြောင်းပြန်ရန် တောင်းဆိုခဲ့သည်။

နေတိုးနှင့်အမေရိကန် အရှေ့ဥရောပသို့ စစ်အင်အား ထပ်တိုးစေလွှတ်ခြင်း လုပ်ဆောင်မှုနှင့်အစီအစဉ်သည် ရုရှားဘက်က လုံခြုံရေးလိုအပ်ချက်တောင်းဆိုမှုနှင့် လုံးဝတိုက်ရိုက် ဆန့်ကျင်နေကြောင်း မီဒီယာများက သုံးသပ်ထားသည်။

ရုရှား၏ ပင်လယ်ပြင်လေ့ကျင့်မှု

အရှေ့ဥရောပသို့ စစ်အင်အား ဖြည့်တင်းစေလွှတ်သည့် နေတိုး၏ကြေညာချက်အပေါ် ရုရှားသမ္မတ ပြန်ကြားရေးအတွင်းဝန် Dmitry Peskovက နေတိုးနှင့်အမေရိကန်၏ အသေးစိတ် မျက်မြင်ကိုယ်တွေ့ လုပ်ဆောင်မှုနှင့် ဗရမ်းဗတာ လိမ်ညာ ဖြန့်ဝေပြောကြားမှုများကြောင့် တင်းမာသည့်အခြေအနေ အဆက်မပြတ် ဆိုးဝါးလာခြင်း ဖြစ်ကြောင်း ဇန်နဝါရီ ၂၄ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှု၊ စစ်အင်အားဖြည့်တင်းမှုအပါအဝင် ရုရှားနယ်စပ်တစ်ဝိုက်အနီး နေတိုး၏လှုပ်ရှားမှုများ တိုးလာခြင်းကို ရုရှားစစ်တပ်က ဥပက္ခာပြုမည် မဟုတ်ကြောင်း Dmitry Peskovဆိုသည်။

ရုရှားသမ္မတ ပြန်ကြားရေးအတွင်းဝန် Dmitry Peskov အား ၂၀၁၆ ခုနှစ် ဇွန် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လုံခြုံရေးသဘောတူညီချက်မူကြမ်း စာလွှာအကြောင်းပြန်မှုကို ယခုအပတ်တွင်း ရရှိမည်ဟု မျှော်လင့်ကြောင်း ၊ သဘောတူညီချက်ကို ရုရှားအဆိုပြုရခြင်းသည် နောင်အခါတွင် ယခုကဲ့သို့ တင်းမာသည့်အခြေအနေမျိုးကို ရှောင်ရှားနိုင်ရန်အတွက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရုရှားနိုင်ငံ၏ဘောလ်တစ်ပင်လယ်သင်္ဘောအုပ်စု စစ်သင်္ဘော၊ ထောက်ပို့ရေးသင်္ဘော စသည့် ရေယာဉ် အစီး ၂၀ ခန့် ဘောလ်တစ်ပင်လယ်ပြင်တွင် လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားအနောက်ပိုင်း စစ်ဌာနက ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ဤလုပ်ဆောင်မှုသည် အစီအစဉ်ထဲက စစ်ဆင်ရေးလေ့ကျင့်မှုဖြစ်ပြီး ရေငုပ်သင်္ဘောတိုက်ဖျက်ရေးနှင့်လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်ခန်းများ ပါဝင်မည်ဟု ဆိုသည်။

ရုရှားရေတပ်သည် ယခုလမှစပြီး ဖေဖော်ဝါရီလအထိ ရေယာဉ်အုပ်စုအသီးသီး တာဝန်ကျရာဒေသများတွင် လေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်က ကမ္ဘာ့ပင်လယ်ပြင်တွင် ရုရှား၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် ခြိမ်းခြောက်မှုများကို တန်ပြန့်ရန် အတွက်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာခဲ့သည်။ လေ့ကျင့်မှုများတွင် စစ်သင်္ဘော အစီး ၁၄၀ ကျော်၊ စစ်လေယာဉ် အစီး ၆၀ ကျော်နှင့် စစ်သည်အင်အား ၁ သောင်းခန့် ပါဝင်မည် ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

………………………………………
(Chinese Version)
北约向东欧增派军舰战机 美国或部署数千士兵
2022-01-25 11:08:43
Image Carouse
新华社北京1月25日电 北大西洋公约组织24日说,北约成员国正向东欧增派军舰和战斗机,并将更多部队置于待命状态,以加强对俄罗斯的联合“威慑和防御”。
美国政府官员同日向媒体披露,美国总统约瑟夫•拜登正在考虑向波罗的海和东欧地区北约盟国部署数千美军士兵和战舰、军机。
北约部署军力
北约24日在其官网发布向东欧增派军舰和战机的声明,称此举是为应对俄罗斯在乌克兰周边集结部队。
北约说,过去几天,数个成员国宣布了已作出或将作出的军事部署:
丹麦正向波罗的海派遣一艘护卫舰,并将向立陶宛部署4架F-16型战机,参加北约在那一地区的长期空中巡逻任务。西班牙正派遣数艘军舰加入北约海上部队,并在考虑向保加利亚派遣战机。
2020年9月17日,乌克兰士兵参加在乌克兰西部利沃夫州举行的代号为“快速三叉戟-2020”的多国联合军事演习。(新华社发)
法国表示已准备好按照北约指挥向罗马尼亚派遣军队。荷兰已将一艘军舰和数支陆上部队置于随时加入北约反应部队的待命状况,将从4月起在保加利亚部署两架F-35型战机,参加北约空中巡逻。美国已明确表示正在考虑增加在北约东部地区的军事存在。
北约秘书长延斯•斯托尔滕贝格在声明中说,北约将继续加强其东部军事力量。
北约目前在东欧4个成员国爱沙尼亚、拉脱维亚、立陶宛和波兰各设一个多国部队组成的营级战斗群,分别由英国、加拿大、德国和美国领导。按北约说法,这些战斗群能够随时投入战斗。
去年底以来,俄罗斯和乌克兰分别向两国接壤的边境地区增派重兵。美国等西方国家称,俄方意欲“入侵”乌克兰。对此,俄罗斯政府说,俄方有权在自身境内调动部队,无意攻击他国,而美国和北约以俄方威胁为幌子在俄西部周边国家进一步部署武器系统。
美国考虑增兵
数名不愿公开姓名的美国官员24日告诉《纽约时报》,拜登正在考虑向波罗的海和东欧地区北约盟国部署数千美军士兵和战舰、军机,最快本周作出决定。
这些官员称,这一打算缘于“越发担心俄罗斯入侵乌克兰”。
这些官员说,美国防部高官22日在一场会议上向拜登汇报了“可以让美国军事力量离普京家门口近得多”的数个方案,包括向东欧国家派遣1000至5000名军人,在事态恶化的情况下,“可以将人数增至十倍”。
俄总统弗拉基米尔•普京去年底说,俄罗斯要求北约停止进一步东扩,停止在乌克兰等俄西部周边国家部署武器系统,为此需要美国和北约与俄方签署协议作为保证。俄政府随后向美国和北约分别提交一份安全保证协议草案,要求美国和北约予以书面回复。
媒体评述,北约和美国向东欧增派军事力量的举动和计划与俄方安全诉求完全、直接冲突。
俄方海上练兵
就北约宣布向东欧增派军事力量,俄罗斯总统新闻秘书德米特里•佩斯科夫24日在记者会上说,正是北约和美国“具体可见”的举动和“疯狂散布”的谎言导致紧张局势不断加剧。
佩斯科夫说,北约在俄边境附近活动增加,包括不断演习、加强部署,俄军“不会置之不理”。
2016年6月1日,俄罗斯联邦总统新闻秘书佩斯科夫随普京参观莫斯科市季马•罗加切夫儿童血液病中心。(新华社/卫星社)
他说,俄方希望本周收到美国和北约就俄方所拟安全协议草案的书面回复,俄方所提协议“正是为了避免今后出现这样的紧张局势”。
俄罗斯西部军区24日说,俄波罗的海舰队战舰、支援舰等20艘舰船开赴波罗的海海域演练。俄方说,这是计划内的战斗训练,包括反潜和防空科目演练。
俄国防部20日宣布,俄海军将于本月至2月在各舰队责任区展开一系列演习,目的是检验在全球海域保护俄国家利益、对抗俄方所受威胁的能力,140余艘舰船、60多架军机和大约1万名军人将参加演习。(吴宝澍)