Connect with us

Social, Education & Health

နှစ်ကူးညတွင် မွေးဖွားခဲ့သည့် ရှားပါးသော တောင်တရုတ်ကျားပေါက်လေး “အမွှာ”

ကွမ်ကျိုး၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ကွမ်တုန်းပြည်နယ်မြောက်ပိုင်းရှိ ပြည်နယ်အဆင့်တောင်တရုတ်ကျား သဘာဝဘေးမဲ့ဧရိယာစီမံခန့်ခွဲမှုရုံး၏ရှောက်ကွမ်းတောင်တရုတ်ကျားမျိုးပွားရေးသုတေသနအခြေစိုက်စခန်းမှ တောင်တရုတ်ကျားမိခင် “Mengmeng” သည် နှစ်ကူးညတွင် ကျားပေါက်လေးနှစ်ကောင်ကို မွေးဖွားခဲ့ပြီး “တစ်နှစ်လျှင် သားပေါက်လေးကောင်”စံချိန်တင်မွေးဖွားခဲ့ကြောင်း ကွမ်တုန်းပြည်နယ်သစ်တောရေးရာဌာနမှ သိရသည်။တောင်တရုတ်ကျားသည် တရုတ်နိုင်ငံအလယ်ပိုင်းတောင်ဘက်ဒေသတွင်နေထိုင်သော ကျားမျိုးစိတ်ခွဲတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံအမျိုးသားအဆင့် ပထမတန်းစားကာကွယထိန်းသိမ်းရေး တိရစ္ဆာန်ဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံ၌ တောင်တရုတ်ကျား အကောင်ရေ ၂၀၀ ခန့်သာရှိပြီး ၎င်းတို့အားလုံးကို မွေးမြူရေးခြံတွင် ကျွေးမွေးစောင့်ရှောက်ပေးထားကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်၊ ရှောက်ကွမ်းရှိ တောင်တရုတ်ကျားမျိုးပွားရေးသုတေသနအခြေစိုက်စခန်း၌ တောင်တရုတ်ကျား “Mengmeng” မှမွေးဖွားသော ကျားပေါက်လေးနှစ်ကောင်ကို ဇန်နဝါရီ ၁ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်၊ ရှောက်ကွမ်းရှိ တောင်တရုတ်ကျားမျိုးပွားရေးသုတေသနအခြေစိုက်စခန်း၌ တောင်တရုတ်ကျား “Mengmeng” မှမွေးဖွားသော ကျားပေါက်လေးနှစ်ကောင်ကို ဇန်နဝါရီ ၁ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်တုန်းပြည်နယ်မြောက်ပိုင်းရှိ ပြည်နယ်အဆင့် တောင်တရုတ်ကျား သဘာဝဘေးမဲ့ဧရိယာ စီမံခန့်ခွဲမှုရုံး၏ အဆိုအရ ကျားပေါက်လေးနှစ်ကောင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီနောက်ပိုင်းတွင် မွေးဖွားခဲ့ကြောင်း၊ ကျားဖခင်မှာ Luoyang မှ “Xiaoman” ဖြစ်ပြီး မိခင်မှာ ရှန်ဟိုင်းမှ “Mengmeng” ဖြစ်ကြောင်း၊ ၎င်းတို့သည် ၂၀၂၁ ခုနှစ် မတ်လနှင့် စက်တင်ဘာလတွင် တောင်တရုတ်ကျားကလေး “Yuanyuan” နှင့် “Qingqing” တို့ကို မွေးဖွားခဲ့ကြောင်း သိရသည်။

တောင်တရုတ်ကျားအုပ်စုအမျိုးအစားသည် အမျိုးနီးစပ်မျိုးပွားသည့် အုပ်စုအမျိုးအစားဖြစ်ရာ သန္ဓေတည်နှုန်းနှင့် သားပေါက်ရှင်သန်မှုနှုန်းမှာ နည်းပါးသည်။ ဆောင်းရာသီကာလတွင် တောင်တရုတ် ကျားပေါက်လေးနှစ်ကောင်ကို အအေးဒဏ်ခံနိုင်ရည်တိုးမြှင့်ရန်အတွက် မျိုးပွားရေးသုတေသနစခန်းသည် ကျွမ်းကျင်သူများနှင့် နည်းပညာရှင်များကို စုစည်းကာ ကျားပေါက်လေးများကို အနီးကပ်စောင့်ကြည်၍ ၎င်းတို့ကျန်းမာစွာကြီးထွားစေရန် တိကျသေချာသော အစီအစဉ်များ ရေးဆွဲလျက် ရှိကြောင်း သိရသည်။

ကွမ်တုန်းပြည်နယ်မြောက်ပိုင်းရှိ ပြည်နယ်အဆင့် တောင်တရုတ်ကျား သဘာဝဘေးမဲ့ဧရိယာ စီမံခန့်ခွဲမှုရုံးသည် တရုတ်နိုင်ငံတွင် ပထမဆုံးတည်ထောင်ထားသော တောင်တရုတ်ကျား သဘာဝဘေးမဲ့ဧရိယာ ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် တောင်တရုတ်ကျားမျိုးပွားရေးသုတေသနအခြေစိုက်စခန်းကို ဖွင့်လှစ်ခဲ့သည်။ အခြေစိုက်စခန်းသည် ဧက ၂၀၀ ကျော်ကျယ်ဝန်းပြီး တောင်တရုတ်ကျား ၁၃ ကောင်ရှိကြောင်း၊ ၎င်းသည် သိပ္ပံသုတေသန၊ သိပ္ပံပညာရပ်ဆိုင်ရာ အသိပေးရေးနှင့် ဂေဟဗေဒခရီးသွားလာရေးစသည်တို့ ပေါင်းစပ်ထားသည့် တရုတ်နိုင်ငံရှိ အကြီးစားတောင်တရုတ်ကျားမျိုးပွားရေး သုတေသနစခန်းဖြစ်သည်။ (Xinhua)

…………………………………………
(Chinese Version)
虎虎生威!珍稀华南虎“双胞胎”跨年夜出生

2022-01-01 21:52:24 来源: 新华网
新华社广州1月1日电(记者吴涛)记者1日从广东省林业局获悉,广东粤北华南虎省级自然保护区管理处韶关华南虎繁育研究基地华南虎妈妈“梦梦”在跨年夜里产下两只虎宝宝,创下“一年三胎四崽”的纪录。

华南虎是中国特有虎亚种,生活在中国中南部,属于国家一级保护动物。目前全国仅存200多只,均为人工饲养。
据广东粤北华南虎省级自然保护区介绍,两只虎宝宝出生在2021年12月31日23时后,父亲是来自洛阳的“小满”,母亲是来自上海的“梦梦”。这对“英雄夫妻”此前已于2021年3月和9月生产了“圆圆”和“庆庆”两只华南虎宝宝。

华南虎种群是一个高度近亲繁殖的种群,整个种群的受孕率和幼崽成活率较低。由于天气寒冷,该繁育研究基地正组织专家和技术人员对两只华南虎幼崽进行密切监视,加强华南虎宝宝的防寒保暖措施,制定严密的方案保障华南虎宝宝健康成长。

广东粤北华南虎省级自然保护区是全国最早建立的华南虎自然保护区,2008年建立了华南虎繁育基地。基地占地面积200多亩,内有华南虎13只,是目前我国规模较大,集科学研究、科普教育、生态旅游于一体的华南虎繁育研究基地。
图说1-广东韶关华南虎繁育研究基地华南虎“梦梦”产下的两只华南虎幼崽(2022年1月1日摄)。新华社发
图说2-广东韶关华南虎繁育研究基地华南虎“梦梦”产下的两只华南虎幼崽(2022年1月1日摄)。新华社发
图说3-广东韶关华南虎繁育研究基地华南虎“梦梦”产下的两只华南虎幼崽(2022年1月1日摄)。新华社发