Connect with us

North America

ပင်လယ်နက်တွင် နေတိုးမဟာမိတ် စစ်ရေးလှုပ်ရှားမှုများ တိုးလာကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနပြော

ပင်လယ်နက်ရေပြင်တွင် နေတိုး၏ လုပ်ရှားမှု အခြေအနေကို ရုရှားဝန်ကြီးဌာနက ဖော်ပြထားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံနှင့် ၎င်း၏ နေတိုး (NATO) မဟာမိတ်တပ်ဖွဲ့များသည် ပင်လယ်နက်ရေပြင်တွင် စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုသို့လှုပ်ရှားမှုများတွင် အဓိကအားဖြင့် ရေတပ်၊ ဝေဟင်၊ ရေကြောင်းကင်းထောက်ခြင်းနှင့် မဟာဗျူဟာမြောက် လေကြောင်းတပ်ဖွဲ့များ၏ လုပ်ဆောင်ချက်များဆိုင်ရာ စစ်ရေးလုပ်ရှားမှုများ ပါ၀င်သည်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတိပြုမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြေညာချက်တွင် ပြီးခဲ့သည့်နေ့က ရုရှားလေတပ်၏ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တပ်ဖွဲ့က စောင့်ကြည့်ရေးကိရိယာများမှ NATO ကင်းထောက်လေယာဉ် ၄ စင်းကိုတွေ့ရှိခဲ့ပြီး ၎င်းတို့အား စောင့်ကြည့်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အမေရိကန် ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော “Porter” နှင့် အမေရိကန် ကွပ်ကဲထိန်းချုပ်မှုသင်္ဘော “Mount Whitney” တို့သည် ပင်လယ်နက်၏အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး ရုရှားပင်လယ်နက်ရေတပ်သည် ၎င်းတို့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်လျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပင်လယ်နက်ရေပြင်တွင် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များဆောင်ရွက်သော လုပ်ဆောင်ချက်များသည် အနာဂတ်စစ်ရေးစစ်ဆင်မှုများအတွက် စစ်ရေးလေ့ကျင့်မှုဖြစ်နိုင်သည်ဟု ရုရှားက ယူဆကြောင်း၊ ယင်းလုပ်ဆောင်မှုများသည် ဒေသတွင်းလုံခြုံရေးနှင့် မဟာဗျူဟာတည်ငြိမ်ရေးကို ခြိမ်းခြောက်လာမည်ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)

———————————
(Chinese Version)
(国际•环球军情)俄国防部:北约在黑海水域的军事活动增多
新华社莫斯科11月11日电(记者李奥)俄罗斯国防部11日发表声明说,美国及其北约盟友在黑海水域的军事活动有所增加。
声明说,俄国防部注意到,美国及其北约盟友增加了在黑海水域的军事活动,主要涉及海军、空中与海上侦察以及战略航空力量的相关行动。
声明表示,在过去一天里,俄空天军防空导弹部队监控设备发现了4架北约侦察机并对其实施了监控。目前,美国海军“波特”号驱逐舰、“惠特尼山”号指挥舰继续向黑海水域西部活动,俄黑海舰队军舰正在监视其行动。
声明指出,俄方认为,美方及其盟友在黑海水域展开的行动,可能就是对未来进行军事行动的演练。相关活动会对地区安全与战略稳定造成威胁。(完)