Connect with us

ASEAN

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာဦးရေ စုစုပေါင်း ၁ သန်းကျော်ရှိလာ

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းတွင် ကပ်ရောဂါကူးစက်ပြန့်ပွားမှုများကြောင့် ရောဂါထိန်းချုပ်ရေးကန့်သတ်ချက်များအား တိုးမြှင်ဆောင်ရွက်ခဲ့ရာ ဟိုချီမင်းမြို့၌ ဖြတ်သန်းသွားလာသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေသည်ကို ဩဂုတ် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟနွိုင်း၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် နိုဝင်ဘာ ၁၁ ရက်က အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာ ၈,၁၆၂ ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ ၁,၀၀၀,၈၉၇ ဦး ရှိခဲ့ကြောင်းနှင့် အသစ်ထပ်တိုးသေဆုံးသူ ၈၄ ဦးရှိခဲ့ရာ စုစုပေါင်းသေဆုံးလူနာ ၂၂,၈၄၉ ဦး ရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းတွင် ကပ်ရောဂါကူးစက်ပြန့်ပွားမှုများကြောင့် ရောဂါထိန်းချုပ်ရေးကန့်သတ်ချက်များအား တိုးမြှင်ဆောင်ရွက်ခဲ့ရာ ဟိုချီမင်းမြို့၌ ဖြတ်သန်းသွားလာသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေသည်ကို ဩဂုတ် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗီယက်နမ်၌ ကိုဗစ်ကပ်ရောဂါလှိုင်းအသစ် စတင်ကြုံတွေ့ခဲ့ရသည့် ဧပြီလကုန်မှစ၍ ယခုလ ၁၁ ရက်အထိ အတည်ပြုလူနာ အများဆုံးရှိသော ဒေသများမှာ တောင်ပိုင်းရှိ ဟိုချီမင်းမြို့၊ Binh Duong ပြည်နယ်နှင့် Dong Nai ပြည်နယ်များ ဖြစ်ကြောင်း ကိန်းဂဏန်းများက ဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံတစ်ဝန်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအကြိမ်ရေ ၉၆ သန်း နီးပါးရှိပြီး ၎င်းတို့အနက် ၃၂ သန်းမှာ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားရာ နိုင်ငံလူဦးရေ၏ ၃၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဟိုချီမင်းမြို့အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ရုံးက အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ရာ အောက်တိုဘာ လဆန်းပိုင်းမှစပြီး ဗီယက်နမ်တွင် ရောဂါကာကွယ်ရေးကန့်သတ်ချက်များ ဖြေလျော့ပယ်ဖျက်လိုက်ပြီး လူမှုဘဝပုံမှန်နေထိုင်မှုများ တစ်စတစ်စ ပြန်လည်စတင်ခဲ့ကြောင်း ၊ သို့သော် ယခုရက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းဒေသများ၌ ကပ်ရောဂါတစ်ကျော့ပြန်ဖြစ်ပွားမှုများရှိပြီး နေ့စဉ် အတည်ပြုလူနာနှင့် သေဆုံးလူနာဦးရေ မြင့်တက်လာကြောင်း၊ ဒေသအများအပြားတွင် ရောဂါစစ်ဆေးရေးဂိတ်၊ ကွာရန်တင်းစင်တာနှင့် လူနာလက်ခံကုသသည့် ယာယီဆေးရုံများ ပြန်လည်ဖွင့်လှစ်မှုများရှိရာ ဗီယက်နမ်တွင်နေထိုင်သည့် တရုတ်နိုင်ငံသားများအနေဖြင့် ရောဂါကြိုတင်ကာကွယ်မှုများကို ထပ်တိုးလုပ်ဆောင်ကြရန် သတိပေးတိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

———————————
(Chinese Version)
(国际疫情)越南累计新冠确诊病例超100万例
2021-11-12 10:50:12
新华社河内11月12日电(记者陶军)据越南卫生部11日数据,越南当天报告新增新冠确诊病例8162例,累计确诊病例超百万,达1000897例;新增死亡病例84例,累计死亡22849例。
数据显示,自越南在4月底出现新一轮新冠疫情以来到本月11日,该国本土确诊病例增加最多的地区是南部的胡志明市、平阳省和同奈省。越南全国累计接种新冠疫苗近9600万剂,其中约3200万人完成了两剂疫苗接种,约占总人口数的35%。
中国驻胡志明市总领馆日前发出紧急通知说,10月初越南全境解除封控措施以来,社会秩序日渐恢复正常。但近日越南南部地区新冠疫情出现反弹,单日确诊及死亡病例数均呈上升趋势,多地已恢复疫情检查站、设立隔离区和收治病例的野战医院等。总领馆提醒在越中国公民进一步做好防疫工作。(完)

图说1:越南南部疫情持续蔓延 防疫措施不断升级. 8月23日,军方人员在越南胡志明市设卡检查过往行人的证件。 新华社/法新