Connect with us

Asia

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်တွင် အမေရိကန် ဝင်ရောက် စွက်ဖက်ခြင်းသည် တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးဟန့်တားရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ပူတင်ပြောကြား

မော်စကို၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ရုရှားသမ္မတ ပူတင်က ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်သို့ အမေရိကန်နှင့် အခြားနိုင်ငံများမှ အရာရှိများ စေလွှတ်ခြင်းမပြုရန် ဆုံးဖြတ်ချက်သည် မှားယွင်းပြီး လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် ၎င်းတို့၏ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးဟန့်တားရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ဒီဇင်ဘာ ၂၃ ရက်တွင် မော်စကို၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထောက်ပြပြောကြားခဲ့သည်။ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်တွင် ပါဝင်ရန် အရာရှိများစေလွှတ်မည်မဟုတ်ဟု အမေရိကန်နှင့် အခြားနိုင်ငံများကြေညာခြင်း၏ ရည်ရွယ်ချက်သည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးဟန့်တားရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ၎င်းမှလွဲ၍ အခြားအကြောင်းပြချက်မရှိကြောင်း ပူတင်ကဆိုသည်။ ဤဆုံးဖြတ်ချက်သည် မှားယွင်းကြောင်းနှင့် မှားယွင်းရခြင်းမှာ အားကစားကို အသုံးချပြီး ယာယီနိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းခြင်းသာဖြစ်သည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို တားဆီးနိုင်မည်မဟုတ်သည်ကို နောက်ဆုံးတွင် ၎င်းတို့ သဘောပေါက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
̀
ပူတင်က အားကစားသည် အနုပညာကဲ့သို့ပင် နိုင်ငံအသီးသီးမှ လူများကြား ပြဿနာများ ဖန်တီးခြင်းထက် ပြည်သူကို စည်းလုံးညီညွတ်စေသင့်ကြောင်း ပြောကြားခဲ့သည်။ အားကစားသည် ၎င်း၏အခြေခံတန်ဖိုးများ ဆုံးရှုံးသွားပါက နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးကို ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း ပူတင်ကဆိုသည်။ (Xinhua)

————————————–
(Chinese Version)
(国际)普京:美国干扰北京冬奥会是“妄图遏制中国发展”

新华社莫斯科12月23日电(记者华迪 李奥)俄罗斯总统普京23日在莫斯科举行的年度大型记者招待会上指出,美国等国不派官员参加北京冬奥会的决定是错误且不可接受的,其目的是“妄图遏制中国发展”。

普京表示,美国等国宣称不派官员参加北京冬奥会,目的是妄图遏制中国发展,除此之外,没有其他理由。这种决定是错误的,错在企图利用体育来解决暂时性的政治问题。他们最终应当意识到,中国的发展是不可阻挡的。

普京表示,体育和艺术一样,应该使人民团结起来,而不是在各国人民之间制造问题。当体育失去其基本价值时,将对整个国际社会造成危害。(完)
图说- 12月23日,俄罗斯总统普京在莫斯科召开年度记者会。新华社发(叶甫盖尼•西尼岑摄)