Connect with us

Europe

ပြင်သစ်နိုင်ငံတွင် ထပ်တိုးကိုဗစ်အတည်ပြုလူနာများအနက် ၉၀ ရာခိုင်နှုန်းကျော် သည် ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများ ဖြစ်

ပြင်သစ်နိုင်ငံ ပါရီမြို့ လူဗာပြတိုက်တွင် နှာခေါင်းစည်းတပ်ဆင်ထားသူတစ်ဦးအား မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပါရီ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)

ယခုကာလများတွင် အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာများအနက် ၉၀ ရာခိုင်နှုန်းကျော်မှာ ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများဖြစ်ကြောင်း၊ ပြညသူလူထုအနေဖြင့် ကာကွယ်ဆေးထိုးနှံကြဖို့ တိုက်တွန်းကြောင်း ပြင်သစ်ဝန်ကြီးချုပ် Jean Castexက ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့သည်။ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ဒယ်လ်တာ(Delta)၏ ကူးစက်မှုအား ပိုကောင်းခြင်းကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်က ကိုဗစ်ထပ်တိုးအတည်ပြုလူနာဦးရေ ၁၄၀ ရာခိုင်နှုန်းထိ အဆမတန်မြင့်တက်လာကြောင်း Jean Castexက ယင်းနေ့ ပြင်သစ်ရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။ ဇူလိုင် ၂၀ ရက်က အစီရင်ခံသည့် ထပ်တိုးအတည်ပြုလူနာ (၁၈,၀၀၀)တွင် ၉၆ ရာခိုင်နှုန်းက ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသူများ ဖြစ်ကြောင်း ဆိုသည်။

ပြည်သူလူထုကို ကာကွယ်ဆေးထိုးနှံကြဖို့ Jean Castexက တိုက်တွန်းပြောကြားခဲ့သည်။ ကာကွယ်ဆေးထိုးနှံရာတွင် အချိန်စောင့်ဆိုင်းမှု လျော့နည်းစေရန်အတွက် လာမည့် ၁၅ ရက်အတွင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန် ကြိုတင်ချိန်းဆိုမှု (၅) သန်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဇူလိုင် ၂၀ ရက် ညပိုင်းအထိ ပြင်သစ်နိုင်ငံတွင် အနည်းဆုံး ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူ ၅၆.၈ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူ ၄၆.၄ ရာခိုင်နှုန်းရှိကြောင်း ဒေသခံမီဒီယာများက ဖော်ပြထားသည်။ ကူးစက်နှုန်းမြန် ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ်အတွက် လူထုကိုယ်ခံအားရရှိစေရေးအတွက် ကာကွယ်ဆေးထိုးနှံထားသူ ၉၀ ရာခိုင်နှုန်းကျော်ရှိရန် လိုအပ်ကြောင်း ပညာရှင်များက ယူဆကြသည်။

ပြင်သစ် ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၂၁ ရက် ထုတ်ပြန်သည် ကိန်းဂဏန်းများအရ ယင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာ (၂၁,၅၃၉)ဦး၊ စုစုပေါင်း အတည်ပြုလူနာ (၅,၉၁၁,၆၀၁)ဦး ရှိကြောင်း သိရသည်။ (Xinhua)

—————————————–
(Chinese Version)

(国际疫情)法国新增确诊病例中逾9成未接种新冠疫苗

新华社巴黎7月21日电(记者徐永春)法国总理卡斯泰21日表示,该国近期新增新冠确诊病例中,逾9成未接种新冠疫苗,他呼吁民众积极接种疫苗。

卡斯泰当天在法国电视一台的节目中说,变异新冠病毒德尔塔毒株传染性更强,导致该国过去一周新增新冠确诊病例数猛增140%。在20日报告的超过1.8万例新增确诊病例中,96%未接种新冠疫苗。

卡斯泰呼吁法国民众积极接种疫苗。他表示,法国将在未来15天内开放500万个新冠疫苗接种预约,以减少民众等待接种的时间。
据法国媒体报道,截至20日晚,已有56.6%的法国民众至少接种一剂新冠疫苗,46.4%的民众完成疫苗接种。专家认为,为了对德尔塔毒株这类高传染性病毒形成群体免疫,需要有超过9成民众接种疫苗。

根据法国公共卫生部门21日公布的数据,该国过去24小时新增新冠确诊病例21539例,累计确诊5911601例。(完)

图说1:5月19日,一名女子在法国巴黎的卢浮宫博物馆参观。 新华社记者 高静 摄