Connect with us

Europe

ဗြိတိန်၊ အီတလီ၊ ဆွီဒင်တို့၏ တိုက်လေယာဉ်သစ် ပူးပေါင်းတီထွင်ထုတ်လုပ်မှုတွင် ဂျပန် ပါဝင်လာနိုင်

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ)

ဗြိတိန်က ယခုနှစ် နှစ်ကုန်ပိုင်းတွင် အီတလီ၊ ဆွီဒင်နှင့်သဘောတူမှုစာချုပ် ချုပ်ဆိုရန်ရှိရာ ဗြိတိန်က ဦးဆောင်သည့် မျိုးဆက်သစ် တိုက်လေယာဉ်”Tempest” ပူးပေါင်းတီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၊ ဂျပန်နှင့်သက်ဆိုင်ရာဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ဗြိတိန်လေကြောင်း အာကာသစနစ် ကုမ္ပဏီ(BAE)က စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ယခုနှစ်နှစ်ကုန်တွင် အီတလီ၊ ဆွီဒင်နှင့်အတူ တိုက်လေယာဉ်သစ်၏ စိတ်ကူးဒီဇိုင်းနှင့်သုံးသပ်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးသွားဖို့ ခန့်မှန်းထားကြောင်း၊ ယင်းစီမံကိန်း၏ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက် သို့မဟုတ် နည်းပညာပံပိုးရေးအပိုင်းတွင်ပါဝင်ရန် ဂျပန်နှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်ခြေများကို ဆွေးနွေးနေကြောင်း BAE၏ အနာဂတ်လေကြောင်း စစ်ဆင်ရေးစနစ် စီမံကိန်းတာဝန်ခံ Michael Christieက ရိုက်တာကို ပြောကြားခဲ့သည်။ ”Tempest” စီမံကိန်းတွင်ပါဝင်သည့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင် BAEအပြင် Rolls Royce၊ MBDAနှင့် Leonardoတို့ပါဝင်ရာ ၂၀၂၅ ခုနှစ်အထိ ဆောင်ရွက်မည့် ဤစီမံကိန်းအတွက် ဘတ်ချက်တွင် ဗြိတိန်အစိုးရက ပံ့ပိုးပေးသည့် စတာလင်ပေါင် သန်း ၂,၀၀၀ နှင့် ကုမ္ပဏီလုပ်ငန်းသီးသီးမှ ပါဝင်သည့် စတာလင်ပေါင် သန်း ၈၀၀ ရှိကြောင်း သိရသည်။

ဗြိတိန်သည် ၂၀၂၅ ခုနှစ်တွင် စတင်မည့် တီထွင်ထုတ်လုပ်ရေး အဓိကလုပ်ငန်းစဉ်များကို ရေးဆွဲခဲ့ရာ ၂၀၃၅ ခုနှစ်တွင် တိုက်လေယာဉ်သစ်များ တပ်တော်ဝင်ရန်နှင့် ၂၀၄၀ခုနှစ်မတိုင်မီ လက်ရှိ တာဝန်ထမ်းဆောင်နေသည့် “Typhoon”တိုက်လေယာဉ်များအား အလုံးစုံအစားထိုးနိုင်ရန် ဖြစ်သည်။

အလားတူပင် ဥရောပတိုက်တွင် ပြင်သစ်၊ ဂျာမနီ၊ စပိန်နိုင်ငံများ ပူးပေါင်း၍ တိုက်လေယာဉ်အမျိုးအစားသစ်ကို ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိရာ Typhoonနှင့် ပြင်သစ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် “Rafale”တိုက်လေယာဉ်များကို အစားထိုးနိုင်ရန်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————
(Chinese Version)

英国与意大利、瑞典合作研制新战机 日本或加入

新华社北京9月30日电 英国航空航天系统公司(BAE)29日说,英方定于今年底与意大利和瑞典签署协议,合作研制英国牵头的新一代战斗机“暴风雨”(Tempest),英方与日本方面的相关合作商谈也在进行中。

BAE“未来空中作战系统”项目主管迈克尔•克里斯蒂告诉路透社,预期今年底可与意、瑞签署关于新战机概念设计与评估阶段的协议;与日本正在商谈合作可能,包括其成为该项目的合作伙伴或提供技术协作。

这张英国国防部2011年3月20日提供的照片显示,一架英国空军“台风”式战斗机从林肯郡一个空军基地起飞参加对利比亚军事行动。(新华社发,英国国防部照片)
参与“暴风雨”项目的军工企业除了BAE,还有罗尔斯罗伊斯防务公司、欧洲导弹集团和莱昂纳多英国公司,截至2025年的项目预算包括英国政府提供的20亿英镑和各家企业投入的8亿英镑。

英国计划2025年启动研制主流程,2035年新战机开始服役,2040年前彻底取代现役的“台风”战机。
同样在欧洲,法国、德国、西班牙正在合作开发另一款新型战机,以取代“台风”和法国现役“阵风”战机。(沈敏)