Connect with us

Europe

ဗြိတိန် ဖျက်သင်္ဘော ရုရှားနယ်စပ်သို့ ကျူးကျော်မှုအပေါ် ရုရှားက ပြင်းထန်စွာကန့်ကွက်

ရုရှားနိုင်ငံရေတပ်နေ့ စိန့်ပီတာစဘတ်မြို့တွင် ရုရှားစစ်သင်္ဘောများအား ၂၀၂၀ပြည့်နှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ဗြိတိန်ရေတပ် “HMS Defender”ဖျက်သင်္ဘော ပင်လယ်နက်ရေပြင်တွင် ရုရှားနယ်စပ်ကို ကျူးကျော်လာမှုအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်သံအမတ်ကြီး Deborah Bronnertကို ဆင့်ခေါ်၍ ပြောကြားခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်က ဇွန် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပင်လယ်နက်ရေပြင်၌ ဗြိတိန်ရေတပ်ဖျက်သင်္ဘော ရုရှားနယ်စပ်ကို ကျူးကျော်ခြင်းနှင့် ၎င်း၏ ရန်စပြီးအန္တရာယ်များသည့်လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း Deborah Bronnertကို ဆင့်ခေါ်ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းလုပ်ရပ်သည် ၁၉၈၂ ခုနှစ် ကုလသမဂ္ဂပင်လယ်ဥပဒေကွန်ဗင်းရှင်းကို ဗြိတိန်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ၊ အကယ်၍ ထိုကဲ့သို့သော ရန်စသည့်လုပ်ရပ် ထပ်မံဖြစ်ပေါ်ပါက ဖြစ်လာနိုင်သည့်အကျိုးဆက်အားလုံးကို ဗြိတိန်ကတာဝန်ယူရမည်ဖြစ်ကြောင်း ရုရှားက သတိပေးပြောကြားခဲ့သည်။

“HMS Defender”ဗြိတိန်ဖျက်သင်္ဘော၏ ပင်လယ်နက်ရေပြင်တွင် ရုရှားနယ်စပ်ကို ကျူးကျော်မှုသည် ရည်ရွယ်ချက်ရှိရှိ ရန်စခြင်းနှင့် ပြင်ဆင်လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်း၏လုပ်ရပ်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်သည့်အတွက် လက်ခံနိုင်စရာမရှိဟု ရုရှားသမ္မတ၏ သတင်းပြန်ကြားရေးဆိုင်ရာ အတွင်းရေးမှူး Dmitry Peskovက ဇွန် ၂၄ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ ရုရှားက နိုင်ငံတကာဥပဒေအတိုင်း တင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်စသည့်လုပ်ရပ်များကို တင်းမာသည့် ရပ်တည်ချက်နှင့်တုံ့ပြန်သွားမည်ဟု ဆိုသည်။

ဗြိတိန်ရေတပ် “HMS Defender”ဖျက်သင်္ဘောသည် ဇွန် ၂၃ ရက် နေ့လယ်ပိုင်းက ပင်လယ်နက် အနောက်မြောက်ဘက်ရေပြင်တွင် လှုပ်ရှားစဉ် ရုရှားနယ်စပ်ကို ဖြတ်ကျော်ခဲ့ကြောင်း၊ ရုရှားပင်လယ်နက်ရေယာဉ်အုပ်စုနှင့်ရုရှားဖက်ဒရယ်လုံခြုံရေးဌာန(FSB)က နယ်စပ် ကျူးကျော်မှုလုပ်ရပ်ကို တားဆီးရန်အတွက် ပစ်ခတ်သတိပေးမှုများပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။ ထိုပြောကြားချက်ကို ဗြိတိန်က ငြင်းဆိုခဲ့ပြီး ၎င်း၏သင်္ဘောသည် နိုင်ငံတကာဥပဒေကို လိုက်နာ၍ ယူကရိန်းရေပိုင်နက်မှ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားနိုင်ခဲ့သည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာက ယင်းနေ့တွင်ပင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
(国际)俄罗斯就英国驱逐舰侵犯俄边界一事向英方提出强烈抗议
2021-06-25 03:52:41
新华社莫斯科6月24日电俄罗斯外交部网站24日发布消息说,俄外交部当天召见英国驻俄大使德博拉•布龙内特,就英国海军“保卫者”号驱逐舰在黑海海域侵犯俄边界一事提出强烈抗议。
消息说,俄外交部当天就英国海军驱逐舰在黑海海域侵犯俄罗斯边界及其挑衅和危险行为向布龙内特提出强烈抗议。俄方认为,英方此举粗暴违反了1982年《联合国海洋法公约》。俄方警告,如再次出现类似挑衅行为,一切可能后果将由英方承担。
另据俄罗斯媒体报道,俄总统新闻秘书佩斯科夫24日表示,英国驱逐舰在黑海海域侵犯俄边界的行为是蓄意挑衅和有准备的,英方此举违反国际法,是不可接受的。俄方将严格依照国际法行事,对挑衅行为采取强硬立场。
俄罗斯国防部23日说,英国海军“保卫者”号驱逐舰当天中午在黑海西北区域活动时越过俄罗斯边界,俄黑海舰队与俄联邦安全局为制止其侵犯边界行为,被迫开火警告将其驱离。英国国防部当天发表声明,否认英国军舰在黑海遭俄方开火驱逐,并称该舰当时“正遵循国际法无害通过乌克兰领海”。(完)

新华社照片,圣彼得堡,2020年7月26日
7月26日,在俄罗斯圣彼得堡,舰艇列队参加海军节庆祝活动。 新华社发(莫京娜摄)