Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံ နှင့် အဓိပ္ပါယ် မရှိသော တွေ့ဆုံမှုလုပ်ရန် မည်သည့်အခါမှ မစဉ်းစားကြောင်း ပြောကြား

မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ (၈) ကြိမ်မြောက် ကိုယ်စားလှယ်ညီလာခံ ကျင်းပပြုလုပ်နေသည့် မြင်ကွင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-Xinhua/KCNA)

ပြုံယမ်း ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန၏ ဇွန် ၂၃ ရက်ဖော်ပြချက်အရ မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး Ri Son Gwon က မြောက်ကိုရီးယားနိုင်ငံအနေဖြင အမေရိကန်နိုင်ငံ နှင့် မည်သည့်အဓိပ္ပါယ် မှ မရှိသည့် တွေ့ဆုံမှုမျိုးပြုလုပ်ရန် ့် မည်သည့်အခါမှ မစဉ်းစားထားဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး Ri Son Gwon က အမေရိကန်နိုင်ငံ နှင့် တွေ့ဆုံမှုပြုလုပ်ခြင်းသည် အချိန်ဖြုန်းခြင်းသက်သက်သာဖြစ်သောကြောင့် မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် ယင်းတွေ့ဆုံမှုဖြစ်နိုင်ခြေနှင့်ပတ်သက်၍ မစဉ်းစားထားကြောင်း ဆိုသည်။ မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က လတ်တလောရက်ပိုင်းအတွင်း မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယဝန်ကြီး Kim Yo-jong ၏ အမေရိကန်နိုင်ငံအား ဦးတည်၍ ပြောဆိုမှုနှင့်ပတ်သက်၍ ကြိုဆိုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံသမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က လတ်တလောရက်ပိုင်းအတွင် မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ၏ (၈) ကြိမ်မြောက် ဗဟိုကော်မတီဝင် တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး မှ ထုတ်ပြန်သည့် အမေရိကန်နိုင်ငံအပေါ် သဘေားထားရပ်တည်မှုအား “စိတ်ဝင်စားဖွယ်အချက်ပြမှု” ဟု သုံးနှုန်းခဲ့ကြောင်း Kim Yo-jong က ဇွန် ၂၂ ရက်၌ ပြောကြားခဲ့သည်။ Kim Yo-jong က အမေရိကန်နိုင်ငံသည် မိမိကိုယ်ကိုပြန်လည်အားပေးသည့် ပုံစံမျိုးဖြင့် မြောက်ကိုရီးယားနိုင်ငံ ၏ သဘောထားရပ်တည်မှုကို အဓိပ္ပါယ်ဖွင့်နေကြောင်း ၊ မြောက်ကိုရီးယားနိုင်ငံ၏ အမေရိကန်နိုင်ငံအပေါ် သဘေားထားရပ်တည်မှုကို အမေရိကန်အနေဖြင့် မှားယွင်းသော မျှော်လင့်ချက်ထားနေပါက ကြီးမားသည့် မျှော်လင့်ချက်ပျက်ဆီးမှုသာ ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ အတွင်းရေးမှူးချုပ် ကင်ဂျုံအန် က ဇွန် ၁၇ ရက်၌ ကျင်းပပြုလုပ်သည့် အလုပ်သမားပါတီ ၏ (၈) ကြိမ်မြောက် ဗဟိုကော်မတီဝင် တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး တွင် နိုင်ငံ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် နှင့် မိမိကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုအကျိုးစီးပွားအား ထိန်းသိမ်းရန်အတွက် မြောက်ကိုရီးယားနိုင်ငံ၏ အမေရိကန်နိုင်ငံအပေါ် သဘောထားရပ်တည်မှုမှာ ဆွေးနွေးမှု နှင့် ထိပ်တိုက်ရင်ဆိုင်မှု နှစ်မျိုးလုံးအား ပြင်ဆင်ထားသင့်ကြောင်း ၊ အထူးသဖြင့် ချွင်းဆက်လုံးဝမရှိသည့်အထိ ထိပ်တိုက်ရင်ဆိုင်မှုအတွက် ကောင်းမွန်စွာ ပြင်ဆင်ထားသင့်ကြောင်း ပြောကြားခဲ့သည်။

Jake Sullivan က ဇွန် ၂၀ ရက်၌ အမေရိကန်နိုင်ငံ သတင်းမီဒီယာ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် အမေရိကန်နိုင်ငံ အနေဖြင့် ကင်ဂျုံအန်၏ ပြောဆိုမှုအား “စိတ်ဝင်စားဖွယ်အချက်ပြမှု” ဟု မှတ်ယူကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ မှ အမေရိကန်နိုင်ငံနှင့် ပိုမိုတိုက်ရိုက် ထိတွေ့မှု ပြုလုပ်လာခြင်းရှိမရှိကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၊ မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား စီမံကိန်းနှင့် ပတ်သက်၍ “အခြေခံမူရှိသည့်ဆွေးနွေးမှု” ပြုလုပ်သွားရန်မျှော်လင့်ပြီး နောက်ဆုံးရည်မှန်းချက်ဖြစ်သည့် ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးကို အကောင်အထည်ဖော်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————————————
(Chinese Version)

(国际)朝鲜表示从未考虑与美国进行任何毫无意义的接触

新华社平壤6月23日电(记者江亚平 洪可润)据朝中社23日报道,朝鲜外务相李善权表示,朝鲜从未考虑与美国进行任何毫无意义的接触。
李善权当天发表谈话说,与美国的接触是浪费时间,因此朝鲜没有考虑其可能性。朝鲜外务省对劳动党中央委员会副部长金与正日前针对美国发表的谈话表示欢迎。

金与正22日表示,美国总统国家安全事务助理沙利文日前称朝鲜劳动党八届三中全会对美立场是一个“有趣的信号”。美方好像是以自我安慰的方式来理解朝方立场。如果美国对朝方对美立场抱有错误期待,只会使自己大失所望。

朝鲜劳动党总书记金正恩17日在劳动党八届三中全会上表示,为维护本国尊严和自主发展利益,朝鲜的对美立场是做好对话和对抗两手准备,尤其要万无一失地做好对抗准备。

沙利文20日接受美国媒体采访时说,美方将金正恩上述对美立场的表述视作“有趣的信号”,美国将看看朝鲜是否会与美方进行更直接的沟通。他重申,美国愿与朝鲜就其核项目展开“有原则的谈判”,以实现朝鲜半岛完全无核化的最终目标。(完)

Photo
这张朝中社1月13日提供的图片显示的是朝鲜劳动党第八次代表大会12日会议的现场。新华社/朝中社