Connect with us

China

မွန်ဂိုးလီးယားနိုင်ငံ ပြည်နယ်တစ်ခုတွင် တိရစ္ဆာန် အကောင်ရေ ၈,၀၀၀ နီးပါး ခွာနာလျှာနာရောဂါ ကူးစက်ခံရ

မွန်ဂိုလီးယားနိုင်ငံ Bayan-Ölgiiတွင် ဆိတ်ကျောင်းနေသည့်မြင်ကွင်းတစ်ခုအား ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဦလန်ဘာတာ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

မွန်ဂိုးလီးယားနိုင်ငံ Uvurkhangai ပြည်နယ်တွင် ယခုနှစ် နွေရာသီအတွင်း ကျွဲနွားစသည့်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် အိမ်ထောင်စု ၈၅ စုတွင် မွေးမြူထားသည့် တိရစ္ဆာန် ၇,၆၈၁ ကောင်သည် ခွာနာလျှာနာရောဂါကူးစက်ခံရကြောင်း ယင်းပြည်နယ်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ယခုရက်ပိုင်းတွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ လက်ရှိတွင် ရောဂါတစ်ဆင့်တိုးမပြန့်ပွားအောင် သက်ဆိုင်ရာဌာနများက အရေးပေါ် စီမံဆောင်ရွက်နေကြောင်း ဆိုသည်။

ယခုနှစ် နွေရာသီတွင် မွန်ဂိုးလီးဘားနိုင်ငံ အလယ်ပိုင်း Uvurkhangai ပြည်နယ်တွင် မိုးခေါင်ရေရှားဖြစ်ပွားခြင်းကြောင့် ယင်းဒေသရှိ မွေးမြူရေးလုပ်ကိုင်သူများက အရှေ့ပိုင်းပြည်နယ်သို့ ရွှေ့ပြောင်းခဲ့ရာ ၎င်းမှာ ယခုဖြစ်ပွားသည့် ခွာနာလျှာနာ ကပ်ရောဂါ ပြန့်ပွားရခြင်း အကြောင်းအရင်း ဖြစ်နိုင်သည်ဟု တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ယူဆထားသည်။

မွန်ဂိုးလီးယား တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကိန်းဂဏန်းများအရ ယခုနှစ်မှစ၍ မွန်ဂိုးလီးယားနိုင်ငံ ပြည်နယ် ၂၁ ခုတွင် တစ်ဝက်ကျော်က ခွာနာလျှာနာရောဂါပြန့်ပွားမှုရှိသည်ဟု အစီရင်ခံခဲ့ကြောင်း သိရသည်။ လက်ရှိတွင် Uvurkhangai ပြည်နယ်နှင့်အတည်ပြုထားသည့်ပြည်နယ်များအပါအဝင် ရောဂါပြန့်ပွားသည့် အဓိကနေရာ ၁၁ ခုရှိကြောင်း၊ အချင်းဖြစ်ပွားသည့်ပြည်နယ်တွင် တိရစ္ဆာန်များကို ခွာနာလျှာနာရောဂါ ကာကွယ်ဆေး ဘက်စုံထိုးနှံမှုများ ဆောင်ရွက်နေကြောင်းသိရသည်။

နယ်လှည့်မွေးမြူရေးသည် မွန်ဂိုးလီးယားနိုင်ငံစီးပွားရေး၏ အဓိက ပင်မထောက်တိုင်တစ်ခုဖြစ်သည်။ သို့သော် ယခုနှစ်များတွင် ခွာနာလျှာနာရောဂါ ပြန့်ပွားမှုများကြောင့် ယင်းဒေသ၏ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးမှုကို ဆိုးဆိုးဝါးဝါးသက်ရောက်မှုများ ရှိစေခဲ့သည်။

ခွာနာလျှာနာရောဂါသည် နွား၊ ဆိတ်၊ ဝက်စသည့် Artiodactyla ခွာပါ တိရစ္ဆာန်များတွင် ဗိုင်းရပ်စ်ကြောင့် ပြန့်ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ရာ ရောဂါကူးစက်ခံရသည့် တိရစ္ဆာန်များတွင် အဓိကအားဖြင့် ကိုယ်ပူချိန်မြင့်တက်ခြင်း၊ ခံတွင်းနှင့်ခွာတွင် ပြည်တည်နာဖြစ်ခြင်းစသည့် လက္ခဏာများဖြစ်ပွားတတ်ကြောင်း သိရသည်။ ခွါနာလျှာနာရောဂါသည် လူကို ကူးစက်နိုင်ချေ အလွန်နည်းသော်လည်း ရောဂါကူးစက်ခံရသည့်တိရစ္ဆာန်နှင့် ထိတွေ့မှုများပါက ကူးစက်ခံရနိုင်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(科技)蒙古国一省近8000头牲畜感染口蹄疫
2021-10-04 20:58:08
新华社乌兰巴托10月4日电(记者阿斯钢 苏力雅)蒙古国前杭爱省畜牧兽医部门近日通报称,今夏以来该省至少有85户牧民家庭的7681头牲畜感染了口蹄疫。目前相关部门正采取紧急措施,以遏制疫情进一步蔓延。
据介绍,今年夏季位于蒙古国中部的前杭爱省干旱少雨,当地不少牧民转场到东部省份为牲畜抓膘。畜牧兽医部门认为,转场牲畜返乡造成了此次口蹄疫疫情的扩散。
据蒙古国畜牧兽医部门提供的数据,今年以来,蒙古国21个省中有近一半的省份报告过口蹄疫传播情况。目前,前杭爱省已确认省内存在11处疫情核心区。该省目前正在为牲畜全面接种口蹄疫疫苗。
畜牧业是蒙古国经济主要支柱之一。然而,近年来蒙古国多次发生口蹄疫疫情,给当地畜牧业发展造成严重影响。
口蹄疫是在牛、羊、猪等偶蹄类动物间传播的一种病毒性传染病,患病动物的主要症状是体温升高、口腔内黏膜及蹄部起水疱并溃烂。口蹄疫很少传染给人,但若与患病动物接触过多,人也可能被感染。(完)

图说1:这是2018年10月10日在蒙古国巴彦杭盖拍摄的牧羊人与他的羊群。 新华社记者白雪骐摄