Connect with us

North America

ရုရှား-ယူကရိန်း တင်းမာမှုမြင့်တက်နေသဖြင့် ဖြစ်နိုင်ခြေ တပ်ချထားမှုအတွက် အမေရိကန်က တပ်ဖွဲ့ဝင် ၈,၅၀၀ ကို အမြင့်ဆုံးတပ်လှန့်ထား

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ John Kirby အား သတင်းစာရှင်းလင်းပွဲတွင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၂၅ ရက်  (ဆင်ဟွာ)

ရုရှား-ယူကရိန်းနယ်စပ်၌ တင်းမာမှုမြင့်တက်နေသဖြင့် ဖြစ်နိုင်ခြေ တပ်ချထားမှုတစ်ခုအတွက် အမေရိကန်က တပ်ဖွဲ့ဝင် ၈,၅၀၀ ကို အမြင့်ဆုံးတပ်လှန့်ထားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ဖော်ကြေညာခဲ့ပြီး ၊ သို့သော် တရားဝင်တပ်ချထားမှုပြုလုပ်ရန်အတွက်မူ မဆုံးဖြတ်ရသေးကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ ပင်တဂွန်စစ်ဌာနချုပ်အား တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်အဖွဲ့(နေတိုး) က NRF ဟုခေါ်ဆိုသည့် နိုင်ငံစုံမှ တပ်ဖွဲ့ဝင်အင်အား ၄၀,၀၀၀ ပါဝင်သော နေတိုးတုန့်ပြန်ရေးတပ်ဖွဲ့ကို အချိန်တိုအတွင်း တပ်ဖြန့်ချထားနိုင်ရန်အတွက် ဖြစ်နိုင်ခြေရှိသော ဆုံးဖြတ်ချက်တစ်ရပ်အား လိုက်ပါဆောင်ရွက်နိုင်ရန် အမေရိကန်က အသင့်ရှိနေမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ဒါဟာ နေတိုးရဲ့ အရှေ့ဘက်အခြမ်းကို သေချာခိုင်မာစေတဲ့ အကြောင်းတရားဖြစ်ပါတယ်” ဟု Kirby ကပြောကြားခဲ့ပြီး ယင်းမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ တိုက်ရိုက်ညွှန်ကြားမှုဖြင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်းက အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “မဟာမိတ်တပ်ပေါင်းစုရဲ့ စုပေါင်းကာကွယ်ရေးစွမ်းပကားကတိကဝတ်နဲ့ နေတိုးအဖွဲ့နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ကတိကဝတ်အပေါ် ဘယ်လောက်ထိ ခိုင်ခိုင်မာမာဆောင်ရွက်နေလဲဆိုတာကို သက်သေပြခြင်းဖြစ်ပါတယ် ” ဟု ဆိုသည်။
“ အားလုံးပြောခဲ့သလိုပေါ့ အမြင့်ဆုံးတပ်လှန့်ထားတဲ့ တပ်ဖွဲ့ဝင်အင်အား အရေအတွက်ဟာ ၈,၅၀၀ ခန့်ဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားရေးနှင့်ပတ်သက်၍ မဆုံးဖြတ်ရသေးကြောင်း နှင့် “ ဖြည့်စွက်တိုက်ပွဲဝင်တပ်မ အစုအဖွဲ့များ ၊ ထောက်ပို့တပ်ဖွဲ့ ၊ ဆေးဝါး ထောက်ပံ့ရေး၊ လေကြောင်းထောက်ပံ့ရေး ၊ ထောက်လှမ်းရေး ၊ စောင့်ကြည့်ရေး နဲ့ ကင်းထောက်” စသည့် လုပ်ငန်းစဉ်များအပါအဝင် တပ်ဖွဲ့ဝင်များကို အမြင့်ဆုံးတပ်လှန့်ထားကြောင်း Kirby က ဆိုသည်။

ယူကရိန်းနှင့် ရုရှားတို့အကြား စစ်ပွဲများပေါ်ပေါက်လာချိန်တွင် ယူကရိန်းနိုင်ငံထဲသို့ အမေရိကန်အနေဖြင့် ၎င်း၏တပ်ဖွဲ့ဝင်များကို စေလွှတ်သွားမည်မဟုတ်ကြောင်း ၊ သို့သော်လည်း ယူကရိန်းအား စစ်ဘက်ဆိုင်ရာများထောက်ပံ့ခြင်းနှင့် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ခြိမ်းခြောက်ခြင်းဖြင့် ရုရှား၏ ကျူးကျော်မှုတစ်ခုကို ဟန့်တားနိုင်ရန် အမေရိကန်က ဆုံးဖြတ်ထားဆဲဖြစ်သည်ဆိုသည့် သမ္မတဘိုင်ဒန်၏ ရပ်တည်ချက်ကို လည်း Kirby က ထပ်လောင်းပြောကြားခဲ့သည်။

ကိဗ်မြို့ရှိ အမေရိကန်သံရုံးဝန်ထမ်းများအား မိမိဆန္ဒအလျှောက် သံရုံးမှထွက်ခွာရန် ခွင့်ပြုထားပြီး သူတို့၏ မိသားစုဝင်များကို ယူကရိန်းနိုင်ငံအတွင်းမှ ထွက်ခွာကြရန် တောင်းဆိုသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်ထွက်ပေါ်ပြီး တစ်ရက်အကြာတွင် ထိုသို့ ပင်တဂွန်စစ်ဌာနချုပ်၏ တပ်ဖြန့်ချထားရေး- ကြိုတင်ပြင်ဆင်မှု အမိန့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ (Xinhua)

—————————————-
(English Version)
U.S puts 8500 troops on heightened alert for possible deployment over escalating tensions on Russia-Ukraine border
WASHINGTON, Jan. 24 (Xinhua) — The U.S. Department of Defense announced Monday some 8,500 U.S. troops have been put on heightened alert for a possible deployment due to escalating tensions on the Russia-Ukraine border, but there is no decision on formal deployments.
John Kirby, the Defense Department’s spokesperson, said during a press briefing that putting U.S. forces on heightened alert is to ensure that the United States will get ready to respond to a possible decision by the North Atlantic Treaty Organization (NATO) to deploy its 40,000-strong multinational response force known as NRF, which could be shored up on short notice.
“This is really about reassuring the eastern flank of NATO,” Kirby said, adding the order, which came from Defense Secretary Lloyd Austin at the direction of President Joe Biden, was about “proving how seriously the United States takes our commitment to NATO” and to the alliance’s collective defense commitment.
“All told, the number of forces that the secretary has placed on heightened alert comes up to about 8,500 personnel,” the spokesperson said.
Kirby stressed that no decision has been made on deploying U.S. forces, and that the troops on high alert include “additional brigade combat teams, logistics personnel, medical support, aviation support, intelligence, surveillance and reconnaissance.”
Kirby also reiterated Biden’s position that the United States will not be sending its troops into Ukraine in the event that war breaks out between Kiev and Moscow, but that the West is still determined to deter the Kremlin from launching an invasion through the threat of sanctions and military aid to Ukraine.
The Pentagon’s prepare-to-deploy order came one day after the State Department authorized the voluntary departure of U.S. government employees at the U.S. Embassy in Kiev and required their family members to leave Ukraine.