Connect with us

Latin America

လက်တင်အမေရိက ရွှေ့ပြောင်းနေထိုင်သူများ၏ အဖြစ်ဆိုးနှင့် အမေရိကန် လူ့အခွင့်အရေး၏ ပုံရိပ်

မက္ကဆီကိုနိုင်ငံ Oaxaca တွင် မြောက်ဘက် အမေရိကန်နိုင်ငံသို့ သွားရန် ကြိုးပမ်းနေသည့် ရွှေ့ပြောင်းနေထိုင်သူများအား နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ရွှေ့ပြောင်းနေထိုင်သူ လှိုင်းထန်မှုပြဿနာကို ဘိုင်ဒန်အစိုးရက လက်တွေ့တွင် သမားရိုးကျ အတွေးအမြင်ဖြင့်သာ ဖြေရှင်းရန် ကြိုးပမ်းနေဆဲဖြစ်ရာ ၎င်းမှာ ဗဟိုအမေရိကစသည့်ရွှေ့ပြောင်းနေထိုင်သူအရေးကို လက်တွေ့တွင် ဖြေရှင်းနိုင်စွမ်းမရှိသလို ဖြေရှင်းနိုင်မည့်နည်းလမ်းလည်းမဟုတ် ဖြစ်နေသည်။

မက္ကဆီကိုနိုင်ငံ Ciudad Juárezမြို့တွင် နယ်စပ်နံရံကိုကျော်၍ အမေရိကန်နိုင်ငံအတွင်းဝင်ရောက်သူများအား အမေရိကန်နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီးနေသည်ကို ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူအရေးကို ရေသောက်မြစ်မှဖြေရှင်းမည်ဟု အမေရိကန်က အမြဲတစေ ကြေညာပြောကြားနေသော်လည်း ယနေ့အထိ တိကျသည့်လုပ်ဆောင်မှုများက မရှိသေး ဖြစ်နေပေသည်။

“မက္ကဆီကိုတွင် ခေတ္တနေထိုင်ခွင့်ပြုခြင်း (Remain in Mexico)” လူဝင်မှုကြီးကြပ်ရေးမူဝါဒ ပြန်လည်ကျင့်သုံးမှု၊ မက္ကဆီကို တောင်ပိုင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်းသူများအား ပို့ဆောင်သည့် ထရပ်ကား တိမ်းမှောက်မှုကြောင့် လူအများအပြားသေဆုံးဒဏ်ရာရမှု၊ ရွှေ့ပြောင်းနေထိုင်သူများ ပုံစံအသွယ်သွယ်ဖြင့် အမေရိကန်တွင်နေထိုင်ခွင့်ရရန် မိုင်ထောင်ချီ လမ်းလျှောက်ခရီးနှင်လာခြင်း စသည့် ဒီဇင်ဘာလ ပြီးခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်က အမေရိကန်-မက္ကဆီကို နယ်စပ်ရွှေ့ပြောင်းနေထိုင်သူအရေး အများဂရုပြုဖွယ် ကိစ္စရပ်များ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့သည်။

ဘိုင်ဒန်အစိုးရ အာဏာရပြီး ၁ နှစ်နီးပါးကြာသော်လည်း ရွှေ့ပြောင်းနေထိုင်သူအရေးနှင့်စပ်လျဉ်းသည့် ၎င်း၏ကတိကဝတ်များ အကောင်အထည်ဖော်နိုင်မှု မရှိသေးခြင်းကြောင့် အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် ယင်းအရေးအခြေအနေမှာ ဆိုးသထက်ဆိုးလာနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းမှာလည်း တစ်နေ့တစ်ခြား ပို၍ ဆိုးဝါးလာခဲ့သည်။ “လူ့အခွင့်အရေး မီးရှူးတန်ဆောင်” ဟု မိမိကိုယ်ကို သမုတ်သည့် အမေရိကန်နိုင်ငံသည် လက်တင်အမေရိက ရွှေ့ပြောင်းနေထိုင်သူများ မပြတ်ကြုံတွေ့နေရာသည့် အဖြစ်ဆိုးပုံရိပ်မည်းများကြောင့် အများ၏ ဝေဖန်မှုကို ကျယ်ကျယ်ပြန့်ပြန့် ခံနေရသည်။

“မျှော်လင့်ချက် အတုအယောင်”ဖန်တီးခြင်း

ဒီဇင်ဘာ ၁၂ ရက်ညပိုင်းတွင် မက္ကဆီကိုနိုင်ငံ တောင်ပိုင်းTapachula မှ ထွက်ခွာလာသည့် ရွှေ့ပြောင်းနေထိုင်သူ လူအုပ်ကြီးသည် နောက်ဆုံးတွင် မြို့တော် မက္ကဆီကို စီးတီးကို ရောက်ရှိလာခဲ့ပြီး မြို့၏မြောက်ပိုင်း ယာယီစခန်းတွင် အခြေချနေထိုင်ခဲ့သည်။ မိုင်ပေါင်း ထောင်ချီလျှောက်လှမ်းလာရာတွင် ကြမ်းတမ်းလှသည့်လမ်းခရီးဒဏ်ကို မခံနိုင်သူများက လမ်းခုလတ်တွင်ပင် လက်လျှော့ခဲ့ကြခြင်းကြောင့် မူလ လူ ၂,၅၀၀ နီးပါးရှိသည့် လူအုပ်သည် ၃၀၀ ကျော်ထိ လျော့နည်းသွားခဲ့သည်။

ဟွန်ဒူးရပ်စ်နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူ အသက် ၄၂ နှစ်အရွယ် မာလီယာအိုက်စ်ဝေလ်က နောက်ဆုံးအထိ ကြံ့ကြံ့ခံလျှောက်လှမ်းခဲ့သော ရွှေ့ပြောင်းနေထိုင်သူများအနက် တစ်ဦး ဖြစ်ပြီး အရွယ်မရောက်သေးသည့် ကလေးငယ်နှစ်ဦးကို ခေါ်ကာ ခရီးဝေးနှင်ရသည်မှာ လွယ်ကူလှခြင်း မဟုတ်ပါ။ တစ်ကိုယ်တည်းမိခင် (single mother) ဖြစ်သည့်အတွက် ၎င်းတွင် အဖြစ်ချင်ဆုံးမျှော်လင့်ချက်သည် မက္ကဆီကိုတွင် တရားဝင်နေထိုင်ခွင့်လက်မှတ်ရပြီးနောက် မြောက်ဘက် အမေရိကန်နိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်ခြင်းပင်ဖြစ်သည်။ ဘိုင်ဒန်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒဖြေလျှော့မည်ဟူသော ကတိကဝတ်က အမေရိကန်တွင်နေထိုင်ရန် ဖြစ်နိုင်သည်ဟု ယုံကြည်စေကြောင်း ၎င်းက ဆိုသည်။

လက်တွေ့တွင်မူ အိုက်စ်ဝေလ် ထင်မှတ်ထားသလို မဖြစ်လာခဲ့ပေ။ ဒီဇင်ဘာ လဆန်းတွင် ထရမ့်လက်ထက်က ထုတ်ပြန်သည့် “မက္ကဆီကိုတွင် ခေတ္တနေထိုင်ခွင့်ပြုခြင်း” မူဝါဒက အခက်အခဲများကြားမှ ပြန်လည်အသက်ဝင်လာသည်။ ရီပတ်ပလစ်ကန်ပါတီ၏ တားဆီးနှောင့်ယှက်မှုကြောင့် ဘိုင်ဒန်အစိုးရအနေဖြင့် အာဏာမရမီ ထိုမူဝါဒကို တွန်းလှန်မည်ဟုပေးထားသည့် ကတိကဝတ်အား အကောင်အထည်ဖော်နိုင်ခြင်း မရှိဖြစ်ခဲ့သည်။

“မက္ကဆီကိုတွင် ခေတ္တနေထိုင်ခွင့်ပြုခြင်း(Remain in Mexico)” မူဝါဒကို “လူဝင်မှုကြီးကြပ်ရေး ကာကွယ်မှုသဘောတူညီချက်” အဖြစ် တရားဝင်အမည်ပေးပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင် ကျင့်သုံးခဲ့သည်။ ယင်းမူဝါဒအရ အမေရိကန်-မက္ကဆီကို နယ်စပ်မှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခိုလှုံရန် လျှောက်ထားသူများက မက္ကဆီကိုသို့ ပြန်၍ မက္ကဆီကိုနယ်နမိတ်အတွင်းတွင် လျှောက်ထားချက် စိစစ်မှုရလဒ်ကို စောင့်ဆိုင်းရမည်ဖြစ်ရာ ယင်းအချိန်ကာလသည် လနှင်ချီကြာမြင့်နိုင်ကြောင်း သိရသည်။ Los Angeles Times သတင်းတွင် ဖော်ပြချက်များအရ ယင်းမူဝါဒအရ မက္ကဆီကိုသို့ပြန်ဝင်၍ နေထိုင်သူ ယနေ့အထိ ၇ သောင်းခန့်ရှိကြောင်း ၊ ၎င်းတို့၏လုံခြုံရေး အာမခံမှု ခဲယဉ်းကြောင်း၊ ရွှေ့ပြောင်းနေထိုင်သူများအား အကြမ်းဖက်တိုက်ခိုက်မှု သို့မဟုတ် ပြန်ပေးဆွဲမှုစသည့် တိုင်ကြားချက် ၁,၅၀၀ ကျော်ကို လူအခွင့်အရေးအဖွဲ့က ရရှိခဲ့ကြောင်း သိရသည်။

ဘိုင်ဒန်အစိုးရ အာဏာရပြီးချိန်မှစ၍ ဟေတီ၊ အယ်လ်ဆာဗေးဒိုး၊ ဟွန်းဒူးရပ်စ်စသည့် လက်တင်အမေရိကနိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူအများအပြားသည် အမေရိကန် လူဝင်မှုကြီးကြပ်ရေးမူဝါဒ ပြောင်းလဲမည်ဟူသော မျှော်လင့်ချက်များဖြင့် ဝန်စည်စလွယ်များသယ်ဆောင်ကာ မက္ကဆီကိုမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ သွားရောက်ရန် ကြိုးပမ်းကြသည်။ ၎င်းတို့အနက် အိုက်စ်ဝေလ်ကဲ့သို့ အပြန်အလှန်ပြောင်းလဲမှုဖြစ်နေသည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒတွင် “မျှော်လင့်ချက် အတုအယောင်”များကိုသာ တွေ့မြင်ကြသူအများအပြားရှိခဲ့ကြသည်။

မက္ကဆီကိုအစိုးရက ယခုရက်ပိုင်းများတွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဖမ်းဆီးထားသော ရွှေ့ပြောင်းနေထိုင်သူ ၂၂၈,၀၀၀ ကျော်ရှိရာ ၎င်းမှာ ၁၅ နှစ်ကြာကာလအတွင်း အမြင့်ဆုံးစံချိန်ဖြစ်ပြီး မက္ကဆီကို လူဝင်မှုကြီးကြပ်ရေးဌာနတွင် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း လက်ခံထားသည့် ခိုလှုံခွင့်လျှောက်ထားမှု ၁၂၃,၀၀၀ ကျော်ရှိရာ ၎င်းမှာ ၂၀၁၉ ခုနှစ်က ရှိခဲ့သည့် ပမာဏ (၇ သောင်းခန့်) ထက် များစွာ ကျော်လွန်နေကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးမူဝါဒတွင် အပြန်အလှန်ဒုက္ခများနေခြင်းက စနစ်၏ဆိုးကျိုးကို ပြသနေကြောင်း ပညာရှင်များက ယူဆကြသည်။ ထရမ့်သည် ယခင်က တင်းမာပြင်းထန်သည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒဖြင့် မဲဆွယ်ခဲ့ခြင်းကြောင့် ရွှေ့ပြောင်းနေထိုင်သူများအရေးကိစ္စကို ကြမ်းတမ်းစွာကိုင်တွယ်မှုအတွက် ၎င်းအား ဒီမိုကရက်တစ်ပါတီက ဝေဖန်တိုက်ခိုက်ခဲ့သည်။ ဘိုင်ဒန်အစိုးရ အာဏာရလာပြီးနောက် လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ချိန်ညှိပေးမည်ဟု ကတိကဝတ်ပြုခဲ့ရာ ရီပက်ဘလစ်ကန်ပါတီက ၎င်း၏ မူဝါဒသည် အမေရိကန်လူဝင်မှုကြီးကြပ်ရေးစီမံမှုစနစ် ဝန်အားကို ကျော်လွန်စေပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ပို၍ ဝင်ရောက်လာနိုင်သည်ဟုဆိုကာ ဝေဖန်တိုက်ခိုက်ခဲ့သည်။

တရားဥပဒေစိုးမိုးရေး အကြမ်းဖက်ဆောင်ရွက်ခြင်း

အမေရိကန်နိုင်ငံ တရားဥပဒေစိုးမိုးရေး ဝန်ထမ်းတစ်ဦးက ဟေတီရွှေ့ပြောင်းနေထိုင်သူများအား မြင်းပေါ်မှ နှင်ထုတ်နေသည့် ဓါတ်ပုံတစ်ပုံမှာ မကြာသေးမီက အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ယင်းပုံရိပ်သည် လွန်ခဲ့သည့် နှစ်ရာချီကာလ အမေရိကန်ကျွန်ပိုင်ရှင်များက လူမည်းကျွန်များကို နှင်ထုတ်နေသည့် ပုံရိပ်နှင့်ဆက်စပ်တွေးတောမိစေကြောင်း ဝေဖန်သုံးသပ်သူများက ဆိုသည်။

အမေရိကန် အောက်လွှတ်တော်၊ ဒီမိုကရက်တစ်ပါတီ အမတ် Maxine Waters က “ဒီဖြစ်ရပ်ဟာ ကျွန်ခေတ်စနစ်ကထက်ပိုပြီး ဆိုးဝါးတယ်” ဟု မှတ်ချက်ပြုခဲ့သည်။ ဟေတီနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများအား ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရမှုအပေါ် မကျေနပ်ကြောင်း ပြသရန်အတွက် ဟေတီနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် Daniel Foote က ရာထူးမှ နုတ်ထွက်ခဲ့သည်။ ဟေတီနိုင်ငံ ဝန်ကြီးချုပ် Ariel Henry ကလည်း ရွှေ့ပြောင်းနေထိုင်သူများအား လေးစားဖို့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် တိုက်တွန်းပြောကြားခဲ့သလို အမေရိကန်ပြည်သူအများစုကလည်း လမ်းပေါ်တက်ဆန္ဒပြခဲ့ကြသည်။

ယခုနှစ်ပိုင်းများတွင် အမေရိကန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ဆောင်မှုများက အငြင်းပွားဖွယ်ဖြစ်လာခဲ့သည်။ ၂၀၁၈ ခုနှစ် ဧပြီလတွင် ထရမ့်အစိုးရက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား “လုံးဝ သည်းမခံခြင်း” မူဝါဒကို စတင်ဆောင်ရွက်ခဲ့သည်။ အမေရိကန် မီဒီယာများ၏ ဖော်ပြချက်များအရ ယင်းမူဝါဒကြောင့် ကလေးသူငယ် ၅,၅၀၀ ခန့်နှင့် ဒုက္ခသည် သို့မဟုတ် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူမိဘများအား ခွဲခြား ထိန်းသိမ်းခံထားရခြင်းကြောင့် သွေးရင်းသားရင်းခွဲခွာခြင်းခံရသည့် အဖြစ်ဆိုးများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယခုနှစ် အောက်တိုဘာလအထိ မိဘများနှင့်ပြန်လည်မဆုံဆည်းနိုင်သေးသည့် ကလေးငယ် ထောင်နှင့်ချီ ရှိနေပါသေးသည်။

ထို့အပြင် ယခုနှစ်များအတွင်း အမေရိကန်အစိုးရက ထိန်းသိမ်းထားသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ် ၂၆၆,၀၀၀ အနက် ၂၅,၀၀၀ ကျော်သည် ရက် ၁၀၀ ကျော် ထိန်းသိမ်းခံခဲ့ရပြီး ၁,၀၀၀ ကျော်မှာမူ ယာယီစောင့်ရှောက်ရေးစခန်းတွင် ၁ နှစ်ကျော်ကြာနေထိုင်ခဲ့ရသလို အချို့မှာ ၅ နှစ်ကျော်ကြာ နေထိုင်ခဲ့ရကြောင်း သိရသည်။

အမေရိကန် စီးပွားရေးနှင့်နိုင်ငံရေးသုတေသနစင်တာ၏ အစီရင်ခံစာ တစ်ခုတွင် ပြီးခဲ့သည်နှစ် ကိုဗစ်ကပ်ရောဂါအဆိုးဝါးဆုံးကာလက မက္ကဆီကို၊ ကိုလံဘီယာနှင့် ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူများကို အမေရိကန်အစိုးရ ကပ်ရောဂါကာကွယ်ရေးနည်းလမ်းများအပြည့်အဝ ဆောင်ရွက်ခြင်းမရှိဘဲ ပြီးစလွယ် နေရပ်ပြန်ပို့ခြင်းကြောင့် ယင်းနိုင်ငံများအတွက် ကပ်ရောဂါထိန်းချုပ်မှုအန္တရာယ်တိုးပွားစေခဲ့ကြောင်း ဖော်ပြထားသည်။ ဂွါတီမာလာ၊ မက္ကဆီကို၊ ဂျမေကာ၊ ဟေတီ စသည့်နိုင်ငံများ၌ နေရပ်ပြန်ပို့ခံရသည့် ရွှေ့ပြောင်းနေထိုင်သူများတွင် အတည်ပြုလူနာများတွေ့ရှိရပြီး လေကြောင်းဖြင့် လာရောက်သူ ၇၅ ရာခိုင်နှုန်းတွင် ကိုဗစ်စစ်ဆေးမှု positive တွေ့ရှိခဲ့ဟု ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ လက်တင်အမေရိကတိုက်သုတေသနဌာနအပါအဝင် ဌာနပေါင်း ၆၀ ကျော်က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာ အမေရိကန်အစိုးရ၏ ကပ်ရောဂါဖြစ်ပွားသည့်ကာလအတွင်း တရားမဝင်နေထိုင်သူများအား အဆက်မပြတ်နှင်ထုတ်ခြင်း “ကမ္ဘာတစ်ဝန်း အန္တရာယ် ဖြစ်ပွားနိုင်မှု” လုပ်ရပ်ဖြစ်ကြောင်း ရှုတ်ချခဲ့သည်။

အပြောနှင့်လက်တွေ့ အရှေ့အနောက်မညီ
နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများသည် ဆင်းရဲနွမ်းပါးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းတို့ကြောင့်ဖြစ်ပြီး ဖိအားပေးသည့်နည်းလမ်းဖြင့် မဖြေရှင်းသင့်ကြောင်း မက္ကဆီကို သမ္မတ Obrador က ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောကြားခဲ့သည်။ အကယ်၍ အမေရိကန်နိုင်ငံအနေဖြင့် ရွှေ့ပြောင်းနေထိုင်သူများ အဆက်မပြတ် စုပြုံဝင်ရောက်မှု မရှိစေလိုပါက ဗဟိုအမေရိကနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးသင့်ကြောင်း၊ ထိုကိစ္စအား ဘိုင်ဒန်နှင့်ဆွေးနွေးခဲ့သော်လည်း အမေရိကန်ဘက်မှ လှုပ်ရှားမှုနှေးကွေးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

“မက္ကဆီကိုတွင် ခေတ္တနေထိုင်ခွင့်ပြုခြင်း” မူဝါဒ ပြန်လည်ဆောင်ရွက်မှုကို ကြည့်လျှင် ရွှေ့ပြောင်းနေထိုင်သူ လှိုင်းထန်မှုပြဿနာကို ဘိုင်ဒန်အစိုးရက လက်တွေ့တွင် သမားရိုးကျ အတွေးအမြင်ဖြင့်သာ ဖြေရှင်းရန် ကြိုးပမ်းနေဆဲဖြစ်ရာ ၎င်းမှာ ဗဟိုအမေရိကစသည့်ရွှေ့ပြောင်းနေထိုင်သူအရေးကို လက်တွေ့တွင် ဖြေရှင်းနိုင်စွမ်းမရှိသလို ဖြေရှင်းနိုင်မည့်နည်းလမ်းလည်းမဟုတ်ကြောင်း ပညာရှင်များက ယူဆကြသည်။

ဂွါတီမာလာ၊ ဟွန်းဒူးရပ်စ်နှင့်အယ်လ်ဆာဗေးဒိုးနိုင်ငံများ “မြောက်ဘက် တြိဂံ”နယ်မြေသည် ဗဟိုအမေရိကဒေသ ရွှေ့ပြောင်းနေထိုင်သူများအဓိက ရှိရာနေရာဖြစ်သည်။ ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သွားလာခြင်းဆိုင်ရာအဖွဲ့အစည်း၏ ယခုရက်ပိုင်းများတွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ အဆိုပါသုံးနိုင်ငံ၌ နေရပ်စွန့်ခွာသူ ၅ သိန်းကျော် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် လပိုင်းများက အမေရိကန်နိုင်ငံတွင် အဆိုပါ ၃ နိုင်ငံကို ဦးတည်သည့် ရွှေ့ပြောင်းနေထိုင်မှုအရေးကိစ္စ မဟာဗျူဟာ ထုတ်ပြန်ခဲ့ရာ ၎င်းတို့အနက် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒီမိုကရေစီ စီမံအုပ်ချုပ်မှုအား တွန်းအားပေးဆောင်ရွက်မည် စသော အစီအစဉ်များလည်းပါဝင်ခဲ့သည်။ သို့သော် မကြာသေးမီက ကျင်းပသည့် “ဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲ” တွင် “မြောက်ဘက် တြိဂံ”နယ်မြေ ဖြစ်သည့် ယင်းနိုင်ငံ ၃ နိုင်ငံအား ဖယ်ချန်ထားခဲ့သည်။ မက္ကဆီကိုနိုင်ငံ လက်တင်အမေရိကတိုက် လူမှုသိပ္ပံအကယ်ဒမီ ရွှေ့ပြောင်းနေထိုင်သူရေးရာ ပညာရှင် Rodolfo Casillas က အမေရိကန်အစိုးရသည် အခြားကိစ္စများကိုရွှေ့ပြောင်းနေထိုင်သူအရေးထက်ပိုပြီးအလေးပေးကြောင်း၊ ကတိကဝတ်များက မိုးခြိမ်းသံသာကျယ်ပြီး မိုးကမဆိုစလောက်ရွာသလို ဖြစ်နေကြောင်း ပြောကြားခဲ့သည်။
အယ်လ်ဆာဗေးဒိုးနိုင်ငံ ရွှေ့ပြောင်းနေထိုင်သူရေးရာပညာရှင် Cesar Rios ကလည်း ယခုအခါ ဥတုရာသီပြောင်းလဲမှု၊ အဆုံးစွန် ဆင်းရဲနွမ်းပါးမှု၊ အကြမ်းဖက်ပြစ်မှုကျူးလွန်မှုစသည်တို့သည် လက်တင်အမေရိကဒေသ ရွှေ့ပြောင်းနေထိုင်သူ များပြားရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် ရွှေ့ပြောင်းနေထိုင်သူလှိုင်းထန်သည့်အခြေအနေသစ်ပေါ်တွင် ဦးတည်ချက်ရှိသည့် မူဝါဒများကို မရေးဆွဲနိုင်သလို ယင်းအပေါ် စီမံထိန်းချုပ်နိုင်စွမ်းလည်း အခြေခံအားဖြင့် မရှိကြောင်း၊ ရွှေ့ပြောင်းနေထိုင်သူအရေး ရေသောက်မြစ်မှ ဖြေရှင်းမည်ဟူ၍ အမေရိကန်က အမြဲကြေညာပြောကြားခဲ့သော်လည်း ယနေ့အထိ အယ်လ်ဆာဗေးဒိုး စသည့် ဗဟိုအမေရိကတိုက်နိုင်ငံများတွင် အမေရိကန်၏တိကျသည့်လုပ်ဆောင်မှုမရှိသေးကြောင်း ၊ “နိုင်ငံရေးဝါဒဖြန့်ရုံဖြင့် ရွှေ့ပြောင်းနေထိုင်သူအရေးဖြေရှင်းဖို့ရာ မဖြစ်နိုင်”ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
环球深壹度 | 拉美移民惨剧打脸美国人权形象
2021-12-17 10:54:15
Image Carouse
【导读】
•拜登政府仍依据传统思路应对移民潮现象,既无力、也无法从实质上解决中美洲移民问题。
•美国一直宣称要从源头解决中美洲国家移民问题,不过迄今未采取具体行动。
(阅读本文大约需要5分钟)
“留在墨西哥”移民政策回归、墨南部偷运移民卡车翻车致大量伤亡、移民“大篷车”跋涉千里欲“办证”赴美……12月前两周,美墨边境移民问题连续出现多个热点。
拜登政府上台已近一年,其关于移民问题的多项承诺仍未兑现,导致美墨边境移民问题雪上加霜,人道主义危机日趋严重。美国自诩“人权灯塔”,却在拉美移民悲剧频发的阴影下,遭到外界广泛批评。
制造“虚假希望”
12日晚,一个多月前从墨西哥南部塔帕丘拉出发的移民“大篷车”队伍终于抵达该国首都墨西哥城,在城市北部一处临时收容所内落脚。经过上千公里跋涉,许多不堪路途艰辛的移民中途放弃,原先近2500人的队伍缩减至300多人。
42岁的洪都拉斯移民玛丽亚•埃斯科瓦尔是坚持到最后的移民之一,带着两个未成年孩子跋涉绝非易事。这位单亲妈妈现在最迫切的希望是取得在墨合法居留证件,为之后北上赴美做准备。她坦言,美国拜登政府对放松移民政策做出的承诺让她相信被美国接纳并非不可能。
但现实并不如埃斯科瓦尔所愿。12月初,特朗普时期推出的“留在墨西哥”政策几经波折再次恢复。因遭共和党阻挠,拜登政府未能兑现上台时做出的推翻此项政策的承诺。
11月12日,在墨西哥瓦哈卡,试图北上前往美国的移民走在一条公路上。新华社发(丹尼尔•里卡德斯摄)
“留在墨西哥”政策正式名称为《移民保护协议》,2019年1月起实施。根据这项政策,通过美墨边境进入美国的避难申请者须返回墨西哥,留在墨境内等待申请审理结果,等待时间通常在数月以上。据美国《洛杉矶时报》报道,至今已有约7万人按照该政策返回墨西哥,其人身安全难以保障,人权组织收到超1500份针对移民的暴力袭击或绑架等事件报告。
拜登政府上台以来,大量来自海地、萨尔瓦多、洪都拉斯等拉美国家的移民,怀着对美国移民政策改变的期待,背上行囊,试图过境墨西哥前往美国。其中像埃斯科瓦尔一样在美国反复的移民政策中看到“虚假希望”的不在少数。
墨西哥政府近日公布数据显示,该国今年1至10月已逮捕超22.8万名移民,为15年来最高值,墨移民机构1月至11月收到超12.3万份庇护申请,远超2019年的约7万份。
专家认为,美国政府在移民政策上的反复折腾暴露制度弊端。特朗普曾靠强硬激进移民政策吸引选票,一度遭民主党对其粗暴对待移民的批评。拜登政府上台后承诺调整移民政策,共和党又反复攻击其政策恐令美移民管理系统“超载”,引发更多非法移民流入。
暴力执法
前不久,一张照片引爆网络——美国执法人员正骑马驱逐海地移民。批评人士认为,这一画面令人瞬间联想起数百年前美国奴隶主驱赶黑人奴隶的场面。
美国民主党众议员玛克辛•沃特斯说,这“比奴隶制时代还糟糕”。由于海地移民遭到粗暴对待,美国海地问题特使丹尼尔•富特以辞职表示不满,海地总理阿里埃尔•亨利在联合国大会上呼吁尊重移民权益,不少美国民众也走上街头抗议。
近年来,美国移民政策和相关执法行为屡屡招致非议。2018年4月,特朗普政府开始实施针对非法入境者的“零容忍”政策。据美国媒体报道,该政策导致约5500名儿童与身为难民或非法移民的父母分开关押,造成骨肉分离惨剧。直至今年10月,仍有上千名儿童未与父母重新团聚。此外,近几年曾被美国政府拘留的26.6万名非法移民儿童中,有逾2.5万人被拘留超过100天,近1000人在收容所中度过了一年多时间,有的甚至超过5年。
12月7日在墨西哥华雷斯城拍摄的照片显示,试图翻越边境墙进入美国的移民被美国边境执法人员拦截。新华社发(戴维•佩纳多摄)
美国经济和政治研究中心的一份报告指出,去年新冠疫情最严峻时期,美国政府未对墨西哥、哥伦比亚和中美洲移民采取充分防疫措施就草率遣返,为这些国家疫情防控带去巨大风险。危地马拉、墨西哥、牙买加、海地等多国报告说,在被遣返移民中查出了确诊病例,甚至有航班75%左右机上人员新冠病毒检测呈阳性。
包括美国华盛顿拉丁美洲研究所在内的60多家机构发表联合声明,谴责美国政府在全球疫情暴发期间继续驱逐非法移民,称这一行为“将全球都置于风险之中”。
言行不一
墨西哥总统洛佩斯日前强调,移民背井离乡是因为贫困和缺少就业机会,不能用压迫性的手段解决。如果美方不希望移民继续涌入,就应该帮助中美洲国家发展经济,他已与拜登讨论过此事,但美方“行动缓慢”。
专家认为,从“留在墨西哥”政策恢复来看,拜登政府实际上仍依据传统思路应对移民潮现象,既无力也无法从实质上解决中美洲等移民问题。
由危地马拉、洪都拉斯和萨尔瓦多组成的“北三角”是拉美地区移民流出的主要来源地。联合国下属国际移民组织近日发布报告显示,截至2020年底,上述三国有超过50万人离开家乡。
数月前,美国发布针对上述三国的移民问题战略,其中包括合作推动民主治理等议程。而在不久前举行的所谓“民主峰会”中,美方却将“北三角”国家排除在外。墨西哥拉丁美洲社会科学院移民问题专家鲁道夫•卡西利亚斯指出,美国政府总将一些其他事务置于移民事务之上,所做承诺总是雷声大雨点小。
萨尔瓦多移民问题专家塞萨尔•里奥斯认为,如今气候变化、极端贫困、暴力犯罪等正成为拉美地区移民流出主要因素。美国既未能根据移民潮新形势新特点制定针对性政策,也基本不具备管控移民迁移的能力。美国一直宣称要从源头解决移民问题,不过迄今在萨尔瓦多等中美洲国家仍未见美方采取具体行动。“仅靠政治宣传不可能解决移民问题”。(记者:朱雨博、吴昊;编辑:孙萍、丁宜、党琦、鲁豫)