Connect with us

Europe

သောင်တင်နေသော ဒုက္ခသည်များက အနောက်ဥရောပသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတစ်ခု ပံ့ပိုးပေးရန်တောင်းဆိုကြောင်း ဘီလာရုစ်အရာရှိပြောကြား

ဘီလာရုစ်နိုင်ငံနှင့် ပိုလန်နိုင်ငံ နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းကို နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မင့်စ်ခ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ဘီလာရုစ်နိုင်ငံနှင့် အီးယူနိုင်ငံများအကြား နယ်စပ်တွင် သောင်တင်နေသော ဒုက္ခသည်အများစုသည် နေရပ်ပြန်ပို့ပေးမည်ကိုငြင်းဆိုထားကြောင်း၊ ၎င်းတို့သည် အနောက်ဥရောပသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစင်္ကြံတစ်ခု ပံ့ပိုးပေးရန် တောင်းဆိုထားကြောင်း ဘီလာရုစ်သမ္မတ၏ ပြန်ကြားရေးဝန်ကြီး Natalia Esmond က နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဘီလာရုစ်နိုင်ငံနှင့် ပိုလန်နိုင်ငံ နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းကို နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘီလာရုစ်နိုင်ငံနှင့် ပိုလန်နိုင်ငံနယ်စပ်အနီးရှိ ဒုက္ခသည်စခန်းမှ ကလေးနှစ်ဦးက ပိုလန်ဘက်ခြမ်းရှိ စစ်သားများကို ကြည့်ရှုနေသည်ကို နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘီလာရုစ်နိုင်ငံနှင့် ပိုလန်နိုင်ငံ နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းမှ ကလေးများကို နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘီလာရုစ် မီဒီယာမှ နိုဝင်ဘာ ၁၈ ရက်နေ့ အစီရင်ခံစာတစ်ခုအရ Esmond သည် နယ်စပ်ရှိဒုက္ခသည်များ၏ အခြေအနေနှင့် ဘီလာရုစ်နိုင်ငံ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီးမေးခွန်းများကို ဖြေကြားစဉ် လက်ရှိ ဘီလာရုစ်နိုင်ငံအတွင်း ဒုက္ခသည်ပေါင်း ၇,၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက် ၂,၀၀၀ ခန့်သည် နယ်စပ်ရှိ ယာယီစခန်းများတွင် သောင်တင်နေကြောင်း၊ အခြားဒုက္ခသည် ၂၀၀ မှ ၅၀၀ ခန့်သည် ပိုလန်နိုင်ငံသို့ဝင်ရောက်ပြီးနောက် အတင်းအကျပ်နှင်ထုတ်ခံရပြီး နယ်စပ်အနီးဝန်းကျင်တွင် ဆက်လက်ရှိနေကြောင်း သိရသည်။ အီးယူသည် ဒုက္ခသည် ၂,၀၀၀ ခန့်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံဖွင့်လှစ်ရန် ဂျာမနီ ဝန်ကြီးချုပ် Angela Merkel နှင့် ဆက်သွယ်ဆွေးနွေးစဉ် ဘီလာရုစ် သမ္မတ Lukashenko က အကြံပြုခဲ့ကြောင်း၊ ဘီလာရုစ်မှ ကျန်ဒုက္ခသည် ၅,၀၀၀ အား အခြေအနေနှင့်ဆန္ဒအပေါ်အခြေခံ၍ နေရပ်ပြန်ပို့ရေးအတွက် ကူညီမည်ဖြစ်ကြောင်း၊ Merkel သည် ဤအကြံပေးချက်ကို ဥရောပသမဂ္ဂနှင့် ဆွေးနွေးရန် သဘောတူခဲ့ကြောင်း Esmond က ပြောကြားခဲ့သည်။

Esmond က ဘီလာရုစ်က ၎င်း၏ ကတိများကို လိုက်နာကာ နေရပ်ပြန်ပို့ရေးတာဝန်များကို ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်နေသော်လည်း အီးယူသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတစ်ခု ဖွင့်လှစ်ပေးရန် ခြေလှမ်းတစုံတရာ မပြုလုပ်ရသေးကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် ဒုက္ခသည် ၄၀၀ ခန့်သာ ၎င်းတို့နိုင်ငံသို့ ပြန်ရန် သဘောတူညီကြောင်း၊ အများစုမှာနေရပ်ပြန်ရန် ငြင်းဆိုထားပြီး ဂျာမနီနှင့် အခြားသော အနောက်ဥရောပနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံများ ပံ့ပိုးပေးရန် တောင်းဆိုထားသည်။

ဘီလာရုစ်မီဒီယာများ၏ ဖော်ပြချက်အရ ဘီလာရုစ်နိုင်ငံသည် နယ်စပ်ရှိ သောင်တင်နေသော ဒုက္ခသည်များကို ထောက်ပံ့ပို့ဆောင်ရေးစင်တာ အဆောက်အအုံတွင် ထားရှိထားကြောင်း၊ ဒုက္ခသည်များအား လုံလောက်သော ရေနှင့် စားနပ်ရိက္ခာအပြင် အပူပေးရေး အထောက်အပံ့များစသော လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးခဲ့ကြောင်း၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ဒုက္ခသည်များကို ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးခဲ့ပြီး အတည်ပြုလူနာအား ကုသရန် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ လက်ရှိတွင် ဒုက္ခသည်များကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ နိုဝင်ဘာ ၁၈ ရက်နေ့က အီရတ်နိုင်ငံမှ စေလွှတ်သော လေယာဉ်နှင့် ပထမအသုတ် ဒုက္ခသည် ၃၇၄ ဦးသည် နေရပ်ပြန်ခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် နယ်စပ်ဖြတ်ကျော်ကာ ပိုလန်သို့ဝင်ရောက်ရန် ခုနစ်ကြိမ်တိုင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ လက်ရှိရာသီဥတုပိုမိုအေးလာပြီး ဆိုးရွားသော အခြေအနများကြောင့် အီရတ်သို့ ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီက ထောင်နှင့်ချီသော ဒုက္ခသည်များသည် ဘီလာရုစ်မှ ပိုလန်၊ လစ်သူယေးနီးယားနှင့် အခြား EU နိုင်ငံများသို့ ဝင်ရောက်ပြီး နောက်ဆုံးတွင် အနောက်ဥရောပသို့ သွားရန် ကြိုးပမ်းခဲ့သည်။ ၎င်းတို့အနက် အများစုမှာ အရှေ့အလယ်ပိုင်းနိုင်ငံမှ လာသူများဖြစ်သည်။ ပိုလန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံများသည် နယ်စပ်ထိန်းချုပ်မှု အားကောင်းပြီး တရားမဝင် ဝင်ရောက်မှုကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသောကြောင့် နယ်စပ်တွင် ရွှေ့ပြောင်းအခြေချသူ အများအပြား သောင်တင်နေလျက်ရှိသည်။ ဘီလာရုစ်သည် ဥရောပသမဂ္ဂမှ ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ဤအကျပ်အတည်းကို ဖန်တီးသည်ဟု ပိုလန်နှင့် အခြားနိုင်ငံများက စွပ်စွဲခဲ့သည်။ ဤပိတ်ဆို့အရေးယူမှုများကြောင့် ဘီလာရုစ်သည် ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်မှုကို ထိန်းချုပ်နိုင်ခြင်းမရှိဟု ဘီလာရုစ်က ပြောကြားခဲ့သည်။ (Xinhua)

—————————–
(Chinese Version)

(国际)白俄罗斯官员:滞留难民要求提供前往西欧的人道主义走廊

新华社明斯克11月18日电(记者鲁金博)白俄罗斯总统新闻秘书纳塔利娅•艾斯蒙德18日说,滞留该国与欧盟国家边境的绝大多数难民拒绝被遣返,他们要求提供前往西欧的人道主义走廊。
据白俄罗斯媒体18日报道,艾斯蒙德在回答有关边境难民状况及白方应对措施的问题时说,目前白境内有大约7000名难民,其中约2000人滞留在边境的临时营地中,另有200至500人在进入波兰后被强行驱赶出来而分散在边境其他地方。
艾斯蒙德说,白俄罗斯总统卢卡申科日前在与德国看守政府总理默克尔通电话时提出建议,欧盟为约2000名难民开通人道主义走廊,白方将视情况和意愿协助其余约5000名难民返回原籍国。 默克尔同意与欧盟讨论这一建议。
艾斯蒙德说,白方信守承诺,努力履行遣返责任,但欧盟方面在建立人道主义走廊方面尚未有任何举措。 目前只有约400名难民同意返回自己国家,绝大多数人拒绝离开,并坚持要求提供前往德国等西欧国家的人道主义走廊。
据白俄罗斯媒体报道,目前滞留在白边境的难民被安置在一物流中心建筑内,可以取暖和住宿。 白方为难民提供了充足的水和食物,以及保暖用品等人道主义物资。 医务人员还为难民进行新冠病毒检测,一名确诊病人已被送往医院治疗。 目前,白方正组织难民接种新冠疫苗。
另据报道,首批374名难民18日乘坐伊拉克方面派遣的飞机返回伊拉克。 有难民在登机回国前表示,他们曾7次试图越过边界进入波兰,但未成功。 由于天气寒冷,条件恶劣,他们决定返回伊拉克。
近期,数以千计难民试图从白俄罗斯进入波兰、立陶宛等欧盟国家,最终前往西欧,其中多数人来自中东。 波兰等国强化边境管控,严防非法入境,导致大量移民滞留边境。 波兰等国指责白俄罗斯策划这场危机,以此报复欧盟先前对白施加的制裁。 白方则表示,制裁使白俄罗斯无法控制移民流入。 (完)