Connect with us

Africa & Middle East

ဟေတီနိုင်ငံ အနောက်ပိုင်းတွင် ဖြစ်ပွားသည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ (၂,၂၀၇)ဦးထိ မြင့်တက်လာ

ဟေတီနိုင်ငံ လက်စ်ကိုင်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေသူများအား ဩဂုတ် ၂၂ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်စ်ကိုင်၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ)

ဟေတီနိင်ငံတွင် ဩဂုတ် ၁၄ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား (၇.၂)အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် ဩဂုတ် ၂၂ ရက် နံနက်ပိုင်းအထိ သေဆုံးသူ (၂,၂၀၇)ဦး၊ ဒဏ်ရာရသူ (၁၂,၂၆၈)ဦးရှိပြီး အခြားပျောက်ဆုံးသူ(၃၄၄)ဦး ရှိကြောင်း ဟေတီမြို့ပြကာကွယ်ရေးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။

ဟေတီနိုင်ငံ လက်စ်ကိုင်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေသည့် ကောင်လေးတစ်ဦးအား ဩဂုတ် ၂၂ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟေတီနိုင်ငံ လက်စ်ကိုင်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေသည့် ကောင်လေးတစ်ဦးအား ဩဂုတ် ၂၂ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟေတီနိုင်ငံ လက်စ်ကိုင်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေသည့် မွေးကင်းစကလေးတစ်ဦးအား ဩဂုတ် ၂၂ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ ဟေတီနိုင်ငံ လက်စ်ကိုင်အနီးရှိ Marcelineကို ရောက်ရှိလာသည်ကို ဩဂုတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ ဟေတီနိုင်ငံ လက်စ်ကိုင်အနီးရှိ Marcelineကို ရောက်ရှိလာသည်ကို ဩဂုတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံတောင်ပိုင်းတွင် သေဆုံးသူများ၏ ရုပ်အလောင်းကို ထပ်မံတွေ့ရှိရာရ သေဆုံးသူဦးရေ (၂,၂၀၇)ဦးထိ မြင့်တက်လာကြောင်း ဟေတီ မြို့ပြကာကွယ်ရေးဌာနက ယင်းနေ့ လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။ ထို့အပြင် ငလျင်ဒဏ်ကြောင့် နေအိမ် (၅၂,၀၀၀)ကျော် ပြိုကျခဲ့ပြီး နေအိမ် (၇၇,၀၀၀)ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိ နိုင်ငံတကာ ကူညီထောက်ပံ့ရေးပစ္စည်းများ ဟေတီကို ရောက်ရှိလာပြီဖြစ်သည်။ သို့သော် လမ်းတံတား ပျက်စီးမှုနှင့် လုံခြုံရေးအခြေအနေကြောင့် အချို့ဒေသများအတွက် အစားအစာ၊ ရေနှင့် ဆေးကုသမှုထောက်ပံ့ရေးပစ္စည်းများ၏ ပံ့ပိုးရေးတွင် အခက်တွေ့လျက်ရှိသည်။
ဟေတီနိုင်ငံတွင် လူပေါင်း(၇)သိန်းခန့်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအများလိုအပ်နေရာ ငလျင်နောက်ပိုင်း ပြန်လည်တည်ဆောက်ရေး စိန်ခေါ်မှုများ ကြီးမားနေကြောင်း ဟေတီဝန်ကြီးချုပ် Ariel Henryက ဩဂုတ် ၂၀ ရက်က ပြောကြားခဲ့သည်။

ဩဂုတ် ၁၄ ရက် ၇ နာရီ ၂၉ မိနစ်တွင် ဟေတီနိုင်ငံအနောက်ပိုင်း Nippesပြည်နယ်တွင် ပြင်းအား(၇.၂)အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ ငလျင်သည် ဟေတီနိုင်ငံမြို့တော် ပို့တ်အော်ပရင့်စ်နှင့် (၁၅၀)ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် (၁၀)ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ ငလျင်သတင်းဝဘ်ဆိုက် အချက်အလက်များအရ သိရသည်။

၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၁၂ ရက်က ဟေတီတွင် ပြင်းအား(၇.၃)အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း(၃)သိန်းကျော် သေဆုံးခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
海地西部地震死亡人数升至2207人
2021-08-23 09:42:06
新华社海地莱凯8月22日电 海地民防部门22日说,截至当天上午,海地14日发生的7.2级地震已造成2207人死亡、12268人受伤,另有344人失踪。
海地民防部门当天在社交媒体上说,由于该国南部又发现遇难者遗体,死亡人数已升至2207人。此外,地震还导致逾5.2万栋房屋被毁,约7.7万栋房屋受损。
目前,国际援助物资陆续抵达海地。由于道路、桥梁受损以及安全等原因,一些地区食品、水和医疗物资等的供应面临困难。
海地总理亨利20日表示,该国约70万人需要人道主义援助,震后重建的挑战巨大。
据美国地质调查局地震信息网消息,当地时间14日7时29分,海地西部尼普斯省发生7.2级地震,震中距海地首都太子港约150公里,震源深度约10公里。
2010年1月12日,海地发生7.3级地震,超过30万人遇难。
图说1:8月22日,人们在海地莱凯的一所医院接受治疗。 新华社发(戴维•德拉帕斯摄)
图说2:8月22日,一名男孩在海地莱凯的一所医院接受治疗。 新华社发(戴维•德拉帕斯摄)
图说3:8月22日,一名男孩在海地莱凯的一所医院接受治疗。新华社发(戴维•德拉帕斯摄)
图说4:8月22日,一名婴儿在海地莱凯的一所医院接受治疗。新华社发(戴维•德拉帕斯摄)
图说5:8月22日,墨西哥国际救援队抵达海地莱凯附近的马瑟林。新华社发(戴维•德拉帕斯摄)
图说6:8月22日,墨西哥国际救援队抵达海地莱凯附近的马瑟林。新华社发(戴维•德拉帕斯摄)