Connect with us

Africa & Middle East

အပစ်ခတ်ရပ်စဲပြီးနောက် ပထမဆုံးကြိမ်အဖြစ် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းတွင် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောအဆောက်အဦအား ဇွန် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုဆလင်၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

အစ္စရေးတိုက်လေယာဉ်က ဂါဇာကမ်းမြောင်ဒေသ ပစ်မှတ်များကို ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်၏ ယင်းနေ့ထုတ်ပြန်ချက်များအရ သိရသည်။ ၎င်းတိုက်ခိုက်မှုသည် မေ ၂၁ ရက် ပါလက်စတိုင်း-အစ္စရေး အပစ်ရပ်ပြီးနောက် ပထမဆုံးအကြိမ် အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းတွင် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောအဆောက်အဦအား ဇွန် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ ပါလက်စတိုင်းအစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့(ဟာမက်စ်)၏ စစ်ရေးပစ်မှတ်များကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ၊ ထိုတိုက်ခိုက်မှုသည် ဇွန် ၁၅ ရက်က ဂါဇာမှလွှတ်တင်သည့် လောင်စာပါ မီးပူဖောင်းကြောင့် အစ္စရေးလယ်ယာမြေများ မီးမြိုက်ခံရခြင်းအတွက် လက်တုန့်ပြန်ခြင်းဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်၏ ဇွန် ၁၆ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေးအနေဖြင့် ဖြစ်လာနိုင်ခြေအားလုံးကို အသင့်ပြင်ထားပြီး ရန်လိုသည့် လှုပ်ရှားမှုများကို လက်တုံ့ပြန်သွားရန် ဝန်မလေးကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ပါလက်စတိုင်းမီဒီယာ၏သတင်းများအရ လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူမရှိသေးကြောင်း သိရသည်။

အစ္စရေးတွင် ဇွန် ၁၅ ရက်က ကျင်းပသည့် ဂျေရုဆလင်နေ့ စီတန်းလှည့်လည်ပွဲသည် ၁၉၆၇ ခုနှစ် တတိယအကြိမ်မြောက် အရှေ့အလယ်ပိုင်းစစ်ပွဲတွင် ဂျေရုဆလင်တစ်မြို့လုံး၏ ထိန်းချုပ်ခွင့်ရရှိသည့် အထိမ်းအမှတ်ဖြစ်သည်။ ယင်းစီတန်းလှည့်လည်ပွဲကို ပါလက်စတိုင်းတို့က ဆန့်ကျင်ဆန္ဒပြခဲ့ကြရာ ဆန္ဒပြသူနှင့်အစ္စရေးရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့ခြင်းကြောင့် ပါလက်စတိုင်း (၃၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဂါဇာပြည်သူများက ယင်းနေ့တွင်ပင် အစ္စရေးတောင်ပိုင်းကို လောင်စာပစ္စည်းများပါသည့် မိုးပျံပူဖောင်းများ လွှတ်တင်၍ ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ယခုအကြိမ်လေကြောင်းတိုက်ခိုက်မှုသည် အစ္စရေးအစိုးရသစ်အာဏာရပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဇွန် ၁၃ ရက်တွင် အစ္စရေးလက်ယာယိမ်း Yaminaပါတီ ခေါင်းဆောင် နက်ဖ်တာလီဘန်းနက် (Naftali Bennett)ဦးဆောင်သည့် အစိုးရသစ် ကျမ်းသစ္စာကျိမ်ဆိုခဲ့သည်။ ပါလက်စတိုင်း-အစ္စရေး ပြဿနာတွင် နက်ဖ်တာလီဘန်းနက်က ယခင်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟုထက် ပို၍ သဘောထား တင်းမာခက်ထန်မည်ဟု ယူဆရသည်။ (Xinhua)

———————————–
(Chinese Version)
以军空袭加沙地带 系巴以停火后首次
2021-06-16 14:48:21
新华社耶路撒冷6月16日电(记者吕迎旭 尚昊)据以色列军方16日消息,以军战机当天凌晨空袭加沙地带多处目标。这是5月21日巴以停火后,以军首次空袭加沙地带。
以色列国防军16日在一份声明中说,以军空袭了加沙地带巴勒斯坦伊斯兰抵抗运动(哈马斯)的军事目标,以此报复15日从加沙地带放飞的带有燃烧装置的气球造成以色列农田起火。
声明说,以色列为所有可能性做好了准备,不惜继续采取“敌对”行动。据巴勒斯坦媒体报道,截至目前空袭未造成人员伤亡。
以色列15日举行“耶路撒冷日”游行,纪念在1967年第三次中东战争中夺得耶路撒冷全城控制权。游行遭到巴勒斯坦人抗议,抗议者与以色列警察发生冲突,造成33名巴勒斯坦人受伤。加沙民众当天向以色列南部放飞带有燃烧装置的气球,以示抗议。
此轮空袭发生在以色列新政府上台后。13日,以色列统一右翼联盟领导人纳夫塔利•贝内特领导的新政府宣誓就职。在巴以问题上,贝内特的立场被认为比前任总理内塔尼亚胡更为强硬和激进。
6月7日,一名巴勒斯坦儿童走过加沙地带北部拜特哈嫩遭以军空袭损毁的建筑。新华社发(里泽克•阿卜杜勒•贾瓦德摄)