Connect with us

North America

အမေရိကန်တွင် မည်သည့်အချိန်မှ ရပ်တံ့မည်ကို မသိနိုင်သော သေနတ်ပစ်ခတ် အကြမ်းဖက်မှုများ

အမေရိကန်၊ Las Vegas ရှိ သေနတ်ဆိုင်တစ်ဆိုင်တွင် ရောင်းချထားသည့် သေနတ်များကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၄ ရက် ကတွေ့ရစဉ်(ဆင်ဟွာ)

ချီကာဂို၊ နိုဝင်ဘာ ၁၄ (ဆင်ဟွာ)

ချီကာဂိုတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည့် အသက် ၂၄ နှစ်အရွယ် တရုတ်ကျောင်းသားတစ်ဦးသည် ချီကာဂိုတက္ကသိုလ်အနီးတွင် နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းက လမ်းလျှောက်နေစဉ် လုယက်မှုကျူးလွန်သူတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ရင်ဘတ်တွင် သေနတ်ထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း၊ အလားတူ ယခုနှစ် ဇန်နဝါရီလတွင် ချီကာဂိုတက္ကသိုလ်မှ အသက် ၃၀ အရွယ် ပါရဂူတန်းတရုတ်ကျောင်းသားတစ်ဦးသည်လည်း ကျောင်းဝင်းအနီးရှိ တိုက်ခန်းတစ်ခု၏ ကားပါကင်တွင် သေနတ်သမား၏ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အမေရိကန် အယ်လ်ပါဆိုမြို့ ရှိ ပန်းခြံတစ်ခုတွင် သေနပ်ထိန်းချုပ်ရန် တောင်းဆိုနေသော အမျိုးသမီး တစ်ဦးကို ၂၀၁၉ခုနှစ် သြဂုတ် ၇ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ် ဇူလိုင်လတွင် ချီကာဂိုတက္ကသိုလ်မှ အသက် ၂၀ နှစ်အရွယ် ကျောင်းသား Max Lewis သည် ချီကာဂိုမြို့လယ်မှ ကျောင်းသို့ပြန်လာစဉ် မြေအောက်ရထားတစ်စီးတွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် သေဆုံးသွားခဲ့သည်။အောက်တိုဘာ ၁၇ ရက်က အမေရိကန်နိုင်ငံ တောင်ပိုင်း လူဝီစီယားနားရှိ Grambling State တက္ကသိုလ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။၎င်းသည် လေးရက်အတွင်း ယင်းတက္ကသိုလ်တွင် ဒုတိယအကြိမ်မြောက် သေနတ်ပစ်ခတ်မှုဖြစ်ကြောင်း သိရသည်။

အေးချမ်းသာယာစွာ ဘဝကို ဖြတ်သန်းနိုင်သော ကျောင်းသားများသည် လူသတ်သေနတ်များအောက်တွင် ဝမ်းနည်ကြေကွဲဖွယ် လဲကျအသက်ဆုံးရှုံးခဲ့ရသည်။အမေရိကန်တွင် သေနတ်ပစ်ခတ် အကြမ်းဖက်မှုများ မည်သည့်အချိန်မှ ရပ်တန့်နိုင်မည်ကို လူများက သိလိုကြသည်။

အမေရိကန်ပြည်ထောင်စုတွင် သေနတ်အကြမ်းဖက်မှုသည် ကျောင်းဝင်းအတွင်း မကြာခဏဖြစ်ပွားရုံသာမက အခြားနေရာများတွင်လည်း ထိတ်လန့်ဖွယ်ရာ ဖြစ်ပွားခဲ့သည်။ ယခုနှစ်အတွင်း အတ္တလန်တာတွင် ပစ်ခတ်မှုကြောင့် လူ ၈ ဦး ၊ အင်ဒီယားနား အမြန်ချောပို့စင်တာတွင် ညဉ့်နက်ပိုင်းပစ်ခတ်မှုအတွင်း လူ ၈ ဦး ၊ ကော်လိုရာဒိုရှိ စူပါမားကတ်တစ်ခုတွင် ပစ်ခတ်မှုကြောင့် လူ ၁၀ ဦး အသီးသီးသေဆုံးခဲ့ရသည့် သွေးထွက်သံယိုမှုများ ရှိခဲ့သည်။ သေနတ်ပစ်ခတ်အကြမ်းဖက်မှု ဖြစ်စဉ်များသည် မလုံခြုံသော မြို့၏ထောင့်စွန်းများတွင်သာ ဖြစ်ပွားနေခြင်းတော့မဟုတ်ပေ။

ချီကာဂိုတက္ကသိုလ်၏ ပင်မကျောင်းဝင်းအပါအဝင် ဒေသတွင်းလုံခြုံရေးအတွက်ချီကာဂိုရဲဌာန၏ ဒုတိယရဲတပ်ဖွဲ့နယ်မြေက တာဝန်ယူ စောင့်ကြည့်လျက်ရှိသည်။ ချီကာဂိုမီဒီယာ၏ မကြာသေးမီက ဖော်ပြချက်အရ ယခုနှစ် နိုဝင်ဘာလအထိ ယင်းရဲတပ်ဖွဲ့နယ်မြေအတွင်း ပစ်ခတ်မှု အရေအတွက်သည် ယခင်နှစ်ကာလတူထက် ၄၄ ရာခိုင်နှုန်း တိုးမြင့်လာပြီး ပစ်ခတ်မှုပေါင်း ၁၃၁ မှုအထိ ရှိခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ အစိုးရမဟုတ်သောအဖွဲ့စည်းတစ်ခုဖြစ်သည့် (NGO) အဖွဲ့တစ်ခုမှ ထုတ်ပြန်သော “လက်နက်အသေးစား စစ်တမ်း”၂၀၂၀ ပြည့်နှစ် ခန့်မှန်းတွက်ချက်မှုအရ အမေရိကန် ပြည်သူများ၏ လက်ထဲတွင် သေနတ်အရေအတွက်စုစုပေါင်း ၃၉၃ သန်းရှိနေပြီး လူတစ်ဦးချင်းစီ သေနတ်ပိုင်ဆိုင်မှု အရေအတွက်တွင် ကမ္ဘာပေါ်၌ ပထမအဆင့်ဖြစ် ရပ်တည်နေကြောင်း သိရသည်။ သေနတ်ထိန်းချုပ်မှုနှင့်ပတ်သက်၍ အမေရိကန်ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဘလစ်ကန်ပါတီ အကြား ကွဲလွဲမှုများ ပြင်းထန်လျက်ရှိနေကြောင်း၊သေနတ်ထိန်းချုပ်ရေးကို ထောက်ခံအားပေးသူများသည် သေနတ်အကြမ်းဖက်မှုကို “ကပ်ရောဂါ”ဟုယူဆပြီး၊ အတိုက်အခံများက သေနတ်ပိုင်ဆိုင်ခွင့်သည် အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒုတိယပြင်ဆင်ချက်ဖြင့် နိုင်ငံသားများအား ပေးထားသည့် အခွင့်အရေးဖြစ်သည်ဟုယူဆကာ “လူသတ်သမားသည် လူဖြစ်၍ သေနတ်မဟုတ်” ဟုပြောဆိုကြသည်။ သေနတ်ကိုင်ဆောင်မှု တိုးပွားလာခြင်းသည် မကြာခဏ ပစ်ခတ်မှု မလွဲမသွေ ဖြစ်ပေါ်စေနိုင်ကြောင်း အများကသိသော်လည်း သေနတ်ထိန်းချုပ်ရေးကိစ္စသည် အမေရိကန်ရှိ ပါတီနှစ်ခုကြား နိုင်ငံရေးပြိုင်ဆိုင်မှု၏ နယ်ပယ်တစ်ခု ဖြစ်လာသည်။

၂၀၂၀ ခုနှစ် သြဂုတ်တွင် Wisconsinပ ပြည်နယ်၊ Kenosha မြို့တွင် ရဲများ၏ပစ်ခတ်မှုကြောင့် လူမည်းအမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ယင်းအဖြစ်အပျက်ကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြမှုအတွင်း အသက် ၁၇ နှစ်အရွယ် လူငယ် Kyle Rittenhouse ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဆန္ဒပြနေသူ ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးတရားစွဲဆိုခဲ့သည်။ ယခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် Rittenhouse တရားရုံးကြားနာစစ်ဆေးမှုပြီးဆုံးခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်တွင် အမှုပိတ်သိမ်းကာ တရားသူကြီးက Rittenhouse တွင် အပြစ်ရှိမရှိ ဆုံးဖြတ်မည်ဖြစ်သည်။

အမေရိကန်ပြည်သူအချို့က Kenosha ဆန္ဒပြပွဲအတွင်း Rittenhouse ၏ပစ်ခတ်မှုသည် တရားဝင် ခုခံကာကွယ်မှုအဖြစ် ယူဆကြပြီး အချို့က Rittenhouse အမှုသည် အမေရိကန်တွင် သေနတ်များ လွန်ကဲမှု၏ ပုံမှန်ဖြစ်ရပ်တစ်ခုဟု ယူဆသည်။

သေနတ်ပစ်ခတ်အကြမ်းဖက်မှုများဖြစ်ပွားချိန်တိုင်း အမေရိကန်ပြည်သူများအကြား ရုတ်ရုတ်သဲသဲ ဖြစ်စေသည်။ ထို့နောက် ပစ်ခတ်အကြမ်းဖက်မှုကိစ္စသည် တစ်ပတ်အတွင်း ငြိမ်သွားပြီး နောက်တစ်ကြိမ် ဖြစ်ပွားမှုအထိ ငြိမ်သက်သွားလေ့ရှိသည်။ ထိုသို့သောသံသရာသည် အမေရိကန်ပြည်သူ အများအပြားအား သေနတ်အကြမ်းဖက်ခြင်းကိစ္စကို ထုံကျင်စေပြီး ဤပြဿနာအပေါ် အကူအညီမဲ့မှုနှင့် ဆက်စပ်မှုကို ထင်ဟပ်စေသည်။(Xinhua)

………………………………………………
(Chinese Version)
记者手记:美国枪支暴力何时休
2021-11-13 20:49:58 来源: 新华网
新华社芝加哥11月13日电 记者手记:美国枪支暴力何时休
11月9日下午,一名刚从芝加哥大学毕业的24岁中国籍留学生在芝加哥大学校园附近人行道行走时遭遇持枪抢劫,胸部中弹,送医院后不治身亡。今年1月,芝加哥大学一名30岁中国籍在读博士生在校园附近公寓的停车场内,无辜遭枪手射击不幸去世。

今年7月,芝加哥大学20岁本科生马克斯•刘易斯结束在芝加哥城区的实习后,返回学校时在地铁车厢中被流弹击中,几天后不治身亡。10月17日,美国南部路易斯安那州格兰布灵州立大学发生枪击案,造成1人死亡、7人受伤,这是这所高校4天内发生的第二起致命枪击案。

这些已毕业和在读的大学生,本可以度过和平安宁的一生,却遽然倒在枪下,令世人痛心。人们不禁要问,美国的枪支暴力何时才能停止?

美国的枪支暴力事件不仅在校园内频繁发生,在其他地方同样令人触目惊心。仅在今年,美国就发生多起震惊世界的血腥枪击事件,其中包括亚特兰大连环枪击案致8人死亡,印第安纳州首府印第安纳波利斯一处快递中心深夜枪击案致8人死亡,科罗拉多州一家超市大规模枪击案致10人死亡。枪支暴力事件不再仅仅多发于城市某些不安全的角落。

芝加哥警察局第二警区负责包括芝加哥大学主校区在内的区域治安。据芝加哥当地媒体日前报道,今年到目前为止,该警区发生的枪击案件比去年同期猛增44%,达到131起。

瑞士日内瓦非政府组织“小武器调查”2020年估计,美国平民拥有总计3.93亿支枪,人均拥有枪支数量全球排名第一。枪支暴力已成为美国社会的“不治之症”。

针对控枪,美国民主、共和两党的分歧也在加剧。主张控枪者称枪支暴力是“流行病”;反对者则认为拥枪权是美国宪法第二修正案赋予公民的权利,辩称“杀人的是人,不是枪”。众所周知,枪支泛滥必然导致枪支暴力多发,无奈控枪问题已成为美国两党政治角逐的竞技场。

2020年8月威斯康星州基诺沙市发生非裔男子遭警察开枪重伤事件。事件引发连日示威抗议。在抗议活动中,一名17岁的年轻人凯尔•里滕豪斯持枪扫射,造成2死1伤,后被警方逮捕并起诉。今年11月12日里滕豪斯案法庭听证结束,15日控辩双方将进行结案陈词,陪审员将裁决里滕豪斯是否有罪。

一些美国人认为里滕豪斯在基诺沙示威活动中开枪是正当防卫,另一些人则认为里滕豪斯案是美国枪支泛滥失控的典型案例。

每当发生枪击事件,都会引起美国舆论一阵喧哗。然后不出一周,一切又回归平静,直到下次枪击事件发生。如此循环往复,已经让许多美国人对枪支暴力感到麻木,反映出的却是对这个问题的无奈和纠结。