Connect with us

Asia

အာဖဂန်နစ္စတန်မြို့တော်တွင် ဘတ်စ်ကားတစ်စီး တိုက်ခိုက်ခံရပြီး လူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာ၌ ပျက်စီးသွားသော ယာဉ်တစ်စီးအား နိုဝင်ဘာ ၁၃ ရက် ကတွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ဘတ်စ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် အနည်းဆုံး အရပ်သားတစ်ဦးသေဆုံးကာ အခြား အရပ်သား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် တာလီဘန် ပြောရေးဆိုခွင့်ရှိသူ မူဂျာဟစ်က နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာ၌ ပျက်စီးသွားသော ယာဉ်တစ်စီးအား နိုဝင်ဘာ ၁၃ ရက် ကတွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာ၌ ပျက်စီးသွားသော ယာဉ်တစ်စီး၏ အတွင်းပိုင်းကို နိုဝင်ဘာ ၁၃ ရက် က တွေ့ရစဉ်(ဆင်ဟွာ)

ပေါက်ကွဲမှုသည် ကဘူးလ်၏ အမှတ် ၁၈ ရဲတပ်ရင်းနယ်မြေတွင် ဖြစ်ပွားခဲ့ကြောင်း၊တာလီဘန်တို့က ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးနေကြောင်းမူဂျာဟစ်က ဆိုရှယ်မီဒီယာတွင် ဖော်ပြခဲ့သည်။

ဘတ်စ်ကားငယ်တစ်စီး ပေါက်ကွဲမီးလောင်စဉ် ကျယ်လောင်သော အသံကြားခဲ့ရပြီး အနီးတဝိုက်တွင် ထိတ်လန့်မှုများဖြစ်ပွားခဲ့သည်။ ထို့နောက် တာလီဘန်များက အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့ခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးကပြောကြားခဲ့သည်။

လက်ရှိတွင် မည်သည့်အဖွဲ့အစည်းကမှ ယင်းတိုက်ခိုက်မှုကို ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။ (Xinhua)

………………………………………………
(Chinese Version)
(国际)阿富汗首都一公交车遭袭致一死两伤

新华社喀布尔11月13日电(法里德•贝赫巴德)阿富汗塔利班发言人穆贾希德13日说,阿首都喀布尔一辆公交车当天遭爆炸袭击,造成至少一名平民死亡,两名平民受伤。
穆贾希德在社交媒体发文说,爆炸发生在喀布尔市第18警区,塔利班正对爆炸事件进行调查。
一名目击者在接受新华社记者电话采访时说:“我们听到了巨大的声响,一辆小型公交车爆炸并起火,浓烟升腾,引发恐慌,塔利班人员封锁了事发区域。”
目前,没有任何组织或个人声称制造了袭击事件。(参与记者:史先涛)(完)