Connect with us

North America

အမေရိကန်နိုင်ငံ၌ လူနေအဆောက်အအုံ ပြိုကျမှုတွင် သေဆုံးသူ (၂၂)ဦးအထိ မြင့်တက်လာ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီတွင် တစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားခဲ့သည့် လူနေအဆောက်အအုံ၏ အပျက်အစီးများအကြားတွင် ကူညီကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ဒေသခံမီးသတ်တပ်ဖွဲ့မှ ဇွန် ၂၅ ရက်က ထုတ်ပြန်သည့် ဓါတ်ပုံတွင်တွေ့ရစဉ် (ဓာတ်ပုံ -Miami-Dade Fire Rescue/Handout via Xinhua)

ဝါရှင်တန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီရှိ Surfsideမြို့နယ်တွင် ဖြစ်ပွားသည့် လူနေအဆောက်အအုံ တစ်စိတ်တစ်ပိုင်း ပြိုကျမှုကြောင့် ဇူလိုင် ၂ ရက်အထိ သေဆုံးသူ (၂၂)ဦးအထိ မြင့်တက်လာခဲ့ရာ ၎င်းတို့အနက် (၃)ဦးမှာ ကလေးငယ်များဖြစ်ကြောင်းနှင့် ပျောက်ဆုံးနေဆဲဖြစ်သူ (၁၂၆) ဦးရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီတွင် တစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားခဲ့သည့် လူနေအဆောက်အအုံအား ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် တစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားခဲ့သည့် လူနေအဆောက်အအုံ အပျက်အစီးများအကြားတွင် ကူညီကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -Miami-Dade Fire Rescue/Handout via Xinhua)

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဇူလိုင် ၁ ရက်က လုံခြုံရေးအရ (၁၀)နာရီကျော်ကြာ ရပ်နားပြီးနောက် ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူ ၂၂ ဦးနှင့် အခြား ပျောက်ဆုံးနေဆဲဖြစ်သူ (၁၂၆)ဦး ရှိကြောင်း အမေရိကန် သတင်းမီဒီယာများက ဇူလိုင် ၂ ရက်တွင် Miami-Dade ကောင်တီအုပ်ချုပ်ရေးမှူး Daniella Levine Cava ၏ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

အခင်းဖြစ်ရပ်ကြောင့် သေဆုံးသူများတွင် ကလေးငယ်(၃)ဦး ပါဝင်ကြောင်း သိရသည်။ သေဆုံးသူများအနက် ရှာဖွေကယ်ဆယ်ရေးတွင် ဆောင်ရွက်နေသည့် Miami မီးသတ်တပ်ဖွဲ့ဝင်၏ (၇)နှစ်အရွယ် သမီးငယ်တစ်ဦးလည်း ပါဝင်ကြောင်း ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။

ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ပင်လယ်ကမ်းခြေအနီး Surfsideမြို့နယ်တွင် (၁၂)ထပ် လူနေအဆောက်အအုံတစ်ခု တစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်ပွားခဲ့ရာ စုစုပေါင်း လူနေအိမ်ခန်း (၁၃၆)ခန်း ရှိသည့်အနက် (၅၅)ခန်းပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားပြီး တစ်နာရီနောက်ပိုင်းမှ ယနေ့အထိ မည်သည့် အသက်ရှင်ကျန်ရစ်သူကိုမျှ မတွေ့ရှိရကြောင်း သိရသည်။ ရှာဖွေကယ်ဆယ်မှုများပြုလုပ်သည့် ပထမဆုံးနေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦး၏အသံကို ကြားရသော်လည်း ကယ်ဆယ်ရေးသမားများက ၎င်းအားဆက်သွယ်၍ မရခဲ့ကြောင်း ၊ ထို့နောက် မည်သူ၏အသံကိုမျှမကြားရတော့ကြောင်း Miami-Dade ကောင်တီ မီးသတ်အရာရှိက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် အဆောက်အအုံပြိုကျမှုဖြစ်ရပ်အတွက် လျော်ကြေးတောင်းမှုနှင့်တရားစွဲဆိုမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ မြို့နယ်အာဏာပိုင်များက နှစ်(၃၀)ကျော် သက်တမ်းရှိသည့် အဆောက်အအုံများ၊ (၃)ထပ်နှင့်အထက် အဆောက်အအုံများ၏ တည်ဆောက်ဖွဲ့စည်းပုံကို လုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် မှတ်ပုံတင်ထားသည့် ဘူမိနည်းပညာအင်ဂျင်နီယာများကို ဖိတ်ခေါ်၍ ဖောင်ဒေးရှင်းနှင့်မြေကြီးအောက်အနေအထားကို ပြန်လည်သုံးသပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)美国塌楼事故遇难者人数升至22人
2021-07-03 07:36:24
新华社华盛顿7月2日电(记者徐剑梅 邓仙来)美国佛罗里达州迈阿密-戴德县瑟夫赛德镇住宅楼局部坍塌事故死亡人数2日升至22人,其中包括3名儿童,失联人数经核对后降为126人。
搜救工作因安全原因1日暂停十几个小时后继续进行。美国媒体2日援引迈阿密-戴德县县长卡瓦的话报道说,已确认坍塌事故造成22人死亡,另有126人下落不明。她已下令拆除出事建筑的其余部分。
事故遇难者中有3名儿童。佛罗里达州州长罗恩•德桑蒂斯2日说,其中一名遇难者是一名参与搜救的迈阿密消防员的7岁女儿。
6月24日凌晨,滨海小镇瑟夫赛德一栋12层住宅楼发生局部坍塌。事故楼房共有136套住房,其中55套在坍塌中损毁。事发1小时后至今,没有发现任何幸存者。迈阿密-戴德县消防官员2日说,迄今为止,只在搜救第一天上午听到过一名女性的声音,但救援人员无法联系她,此后再未听到任何人的声音。
目前,坍塌事故索赔和相关民事诉讼已经开始。小镇当局已要求所有楼龄超过30年、高度超过三层的建筑展开结构安全检查并聘请注册岩土工程师对地基和地下土壤进行分析。(完)
图说1:这张当地消防局6月25日发布的照片显示,救援人员在美国佛罗里达州迈阿密-戴德县发生局部坍塌的住宅楼废墟上搜救。新华社发(佛罗里达州迈阿密-戴德县消防局供图)
图说2: 这是6月25日拍摄的美国佛罗里达州迈阿密-戴德县发生局部坍塌的一栋住宅楼。 新华社发(莫妮卡•麦克盖文摄)
图说3:6月24日,救援人员在美国佛罗里达州一栋发生局部坍塌的住宅楼废墟上搜救。新华社发(佛罗里达州迈阿密-戴德县消防局供图)